(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၄
အာဏာရှင်ဟာ
အာဏာရဲ့အရှင်
အာဏာကို ရှင်သန်
လျင်မြန် ကြီးထွားစေတယ်။
အာဏာတွေထွားပြီး ပွားစည်း
အာဏာတွေ အားကြီးလာရင်
မီးလူပူပြီး၊ မီးလိုလောင်ပြီး
ရေလိုလွှမ်းတတ်တယ်။
မီးလိုလောင်ပြီး ကျွမ်းတဲ့အခါ
ပြာကျန်မယ်။
ကျန်ပြာကို ရေမျှောတော့
ရေမျှောပြီး ပျော် ပျောက်
နောက်ထပ် ဘာမျှ မကျန်။
နာမည်ဆိုးပဲ ကျန်မယ်။
လောဘ ဒေါသကြီးသူ။
မောဟ မာနကြီးသူ
အာဃာတကြီး ဒေါသဖက်သမို့၊ လောဘအမျက်
ရက်စက်ယုတ်မာသဘောက်
ကောက်ကျစ်စဉ်းလဲ
အမြဲပူလောင်မဆုံး၊ မိုက်လုံးကြီးသူ။
မီးခိုးမဆုံး၊ မိုးမဆုံးဘဲ မဲတဲ့နာမည်
မှောင်တိုက်ဆီ ပျံ့လွင့်ပျောက်ကွယ်
ငြိတွယ်မရှိ။ တရိရိတငွေ့ငွေ့
မေ့လိုက် မုန်းလိုက်ကြပြီ။
မိုက်မိသမျှ မဲ
သမိုင်းထဲမှာ
ညစ်မွဲမွဲ အခိုးအငွေ့သာ။
မောင်စွမ်းရည် (သြဂုတ် ၂၁၊ ၂၀၁၄)
ဆရာကြီးကို လွမ်းလိုက်တာ
ဘယ်ရောက်နေလဲမသိ