သူတို့အာဘော်

ဇာနီကြီး – တရုပ်ဆီက ငွေမချေးပါနဲ့တော့၊ ဂျပန်၊ဂျာမဏီတွေဆီကပဲ ချေးပါခင်ဗျာ



ဇာနီကြီး  – တရုပ်ဆီက ငွေမချေးပါနဲ့တော့၊ ဂျပန်၊ဂျာမဏီတွေဆီကပဲ ချေးပါခင်ဗျာ

(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၄

ဇူလိုင်လအတွင်းက အစိုးရ၏ ထုတ်ပြန်ထားချက်အရ ပြည်ပကြွေးမြီး အများဆုံးပေးဆပ်ရန်ရှိသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်နေပြီး ဒေါ်လာ ၄၁၇၃ သန်းကျော်ရှိကြောင်း၊ ကြွေးမြီအများဆုံး ၀န်ကြီးဌာနမှာ စွမ်းအင်ဝန်ကြီးဌာနဖြစ်ပြီး ဒေါ်လာ ၂၆၃၄ သန်းကျော်ရှိနေပြီး၊ စွမ်းအင်ဝန်ကြီးဌာနဖြစ်ပြီး ဒေါ်လာ ၂၆၃၄ သန်းကျော်ရှိနေကြောင်း သိရသည်။     –

မြန်မာနိုင်ငံအကြောင်း CIA Factbook



အင်တာနက်မှာ လိုက်ရှာကြည့်တဲ့အခါ ၂၀၁၃တွင် လူဦးရေ ၅၅သန်းရှိသည်။ မြန်မာ ၆၈%၊ ရှမ်း ၉%၊ ကရင် ၇%၊ ရခိုင် ၄%၊ တရုပ် ၃%၊ အိန္နိယ ၂%၊ မွန် ၂% နဲ့ အခြား ကချင်လူမျိုးစုများ၊ကယား၊ချင်းလူမျိုးစုများ၊ဝ၊ထားဝယ်၊အင်းသား   စသည်တို့က ၅% ရှိတယ်လို့ဆိုပါသည်။  ဗုဒ္ဒဘာသာ ၈၉%၊ ခရစ်ယာန် ၄%၊ မွတ်ဆလင် ၄% ရှိကြပါသည်။



စီးပွားရေးတွင် ၂၀၁၃အတွက် တစ်ဦးချင်းအမျိုးသားထုတ်ကုန် ဂျီဒီပီ GDP per capital ဒေါ်လာ ၁၇၀၀ ရှိသည်။ ကမ္ဘာနိုင်ငံပေါင်း ၂၄၀တွင် အဆင့် ၂၀၁ တွင်ရှိသောကြောင့် အလွန်ဆင်းရဲလှကြောင်း မှတ်သားရပါသည်။ အခွန်ကောက်ရငွေမှာ ဂျီဒီပီ၏ ၄.၁% ကမ္ဘာ့အဆင့် ၂၁၃ ဖြစ်သည်။ နိုင်ငံတကာတွင် ၃၀ – ၄၅% အထိ အခွန်ရအောင် ကောက်နိုင်ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အခွန်အနည်းဆုံး ကောက်သောနိုင်ငံဖြစ်သောသည်။ အလွန်အခွန်ရှောင်သူ များလှသောနိုင်ငံဖြစ်ကြောင်း၊ အစိုးရဝန်ထမ်းနှင့်ပေါင်းပြီ အခွန်မပေးသော ဝိသမစီးပွားရေးလုပ်ငန်းများစွာ ရှိနေပြီး၊ အခွန်ဥပဒေသည် လုံးဝ အသက်မဝင်ကြောင်း သိရပါသည်။ မည်သူမျှ အခွန်ဥပဒေကို မလိုက်နာပဲ လာဘ်စားပြီး၊ နိုင်ငံဝင်ငွေကို ဘုန်းနေသူ၊ ခိုးနေသူများချည်းသာ ဖြစ်နေကြောင်း ထပ်မံသိလိုက်ရပါသည်။ 



အဂတိလိုက်စားမှု များလွန်းသောကြောင့် ကမ္ဘာ့လာဘ်စားမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေရာမှာ အစိုးရသစ်လက်ထက် ၃နှစ်အကြာတွင် ယခုနည်နည်း တိုးတက်လာသည်။ လေဆိပ်တွင် မြန်မာနိုင်ငံသားများကို လူဝင်ကြီးကြပ်ရေးနှင့်အခွန်ဌာနမှ ကပ်သီးကပ်သပ်လုပ်မှု မရှိတော့ခြင်ကို ကျေးဇူးတင်ရပါသည်။



ပြည်သူများမှာ သူတို့အရမ်းဆင်းရဲကြောင်း မသိကြရှာပေ။ တနေ့အတွက် စားဝတ်နေရေးလှုပ်ရှားနေသူ ဆင်းရဲမွဲတေသည့် ၇၀%ကျော် ကျေးလက်ပြည်သူများမှာ သီချင်းတအေးအေးဖြင့် ဟင်းသီးဟင်းရွက်၊ အသီးနှံများသာ ထမင်းနှင့်စားသောက်နေရသည့်ဘဝကို ကျေနပ်နေခြင်းလည်း အံ့သြဘွယ်ဖြစ်သည်။ ပညာမတတ်၊ လူဗလံလေးများဘဝသို့ ရောက်မှန်းမသိ ရောက်သွားသဖြင့် နိုင်ငံတော်သမ္မတဖြစ်သူက မြန်မာကလေးသူငယ်များကို  နွားနို့သောက်စေလိုသည်။ သို့သော် နွားနို့ဈေးက တစ်မင်းတစ်နပ်ထက် များနေသောကြောင့် လက်လျှော့ထားရပါသည်။ ထိုမျှ ဆင်းရဲမွဲတေသော နိုင်ငံသားများဖြစ်သည်။ အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးသာမက၊ ကမ္ဘာ့အဆင်းရဲဆုံး မြန်မာလူထု လွတ်မြောက်ရန် အစိုးရ၊ ဝန်ထမ်းများ လာဘ်မစားအောင် လုပ်ပေးဖို့လိုပါသည်။

ပြည်ပအကြွေးများ



ပြည်ပအကြွေးတွင် ကန်ဒေါ်လာ ၅.၃ ဘီလျှံသာ ရှိသောကြောင့် အကြွေးထူးသော နိုင်ငံတော့မဟုတ်ပါ။ သို့သော် အရံငွေကြေးတွင် ကန်ဒေါ်လာ ၈.၂ ဘီလျှံ ရှိနေသောကြောင့် မဆိုးလှပါ။ တစ်နိုင်ငံလုံး တစ်နှစ် ဂျီဒီပီ ကန်ဒေါ်လာ ၅၅ ဘီလျှံရှိသော မြန်မာနိုင်ငံတွင် အမှန်ကန် အခွန် ၃၀% ခန့်သာ ကောက်နိုင်ပါက နိုင်ငံတော်တော် တိုးတက်လာမည်ဖြစ်သော်လည်း မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် ဒီမိုကရေစီကို စစ်ဗိုလ်ချုပ်ဟောင်းများက ဦးဆောင်ပြီး၊ သွားနေသည်။ ထိုလူများ ဘေးဖယ်ပေးဖို့ အရေးကြီးပါသည်။



ယခုအခါ တိုင်းပြည်တွင်း ရင်းနှီးမြှတ်နှံမည့် နိုင်ငံခြားကုမဏီများကို FDI Foreign Direct Investment ဖြင့် လက်ခံနေရာ၊ ကုမဏီကောင်းများမှာ မြန်မာအစိုးရ၏ ဥပဒေမစိုးမိုးမှုကြောင့် မလာနိုင်သေးပဲဖြစ်သည်။ အထူးသဖြင့် သူတို့ရင်းနှီးမှုများအတွက် အာမခံချက်၊ မရနိုင်သေးသောကြောင့် သယံဇာတထုတ်လုပ်ရေးများတွင်သာ ရင်းနှီးမြှတ်နှံနေသည်။ ပြည်တွင်းရင်းနှီးမြှတ်နှံမှုသည် နိုင်ငံခြားရင်းနှီးမှု၏ ၁၀% ပင်မရှိပါ။ ၂၀၁၄တွင် ကန်ဒေါ်လာ ၅ ဘီလျှံခန့် နိုင်ငံခြားရင်းနှီးမှုရရှိခဲ့သည်။ ရင်းနှီးမြှတ်နှံမှု ကော်မရှင်မှ ဦးအောင်နိုင်ဦးက အကြီးစားစက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ လာရောက်ရန်မျှော်လင့်သော်လည်း သယံဇာတလုပ်ငန်း၊ ဟိုတယ်၊ခရီးသွား၊ ဆောက်လုပ်ရေးနှင့်ဆက်သွယ်ရေးလုပ်ငန်းများသာ လာရောက်နေဆဲဖြစ်သည်ဟု ဆိုသည်။ အဓိပ္ပါယ်မှာ လူထုအလုပ်ကိုင်ပေးနိုင်မှုမရှိသောကြောာင့် တိုင်းပြည်အကျိုးသိပ်မဖြစ်သေးဟု ဆိုနိုင်ပါသည်။



နိုင်ငံတော်ကလည်း ချေးငွေများစွာကို ဘယ်လိုလုပ်ပြီး ချေးငှားမိသနည်း မပြောနိုင်ပါ။ စက်တင်ဘာ ၂၀၁၄ သတင်းအရ၊ အတိုးနှုန်းများပြားသဖြင့် ချေးယူရန် ညှိနှိုင်းခဲ့ရသော China Exim Bank ထံမှ ဒေါ်လာ သန်း ၃၀၀ ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက မချေးတော့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ မေလအတွင်းက တရုတ်ဘဏ်ဖြစ်သည့် China Exim Bank ထံမှ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒေါ်လာ သန်း ၃၀၀ ကို ချေးယူရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ ညှိနှိုင်းမှုများအတွင်း ချေးယူမည့် ပမာဏတစ်ဝက်ကို အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ရန်နှင့် ကျန်တစ်ဝက်ကို အတိုးနှုန်း နှစ်ရာခိုင်နှုန်း သတ်မှတ်ပေးရန်အတွက်ဖြစ်ကြောင်း သိရသည်။ ယခု ညှိနှိုင်းမှုတွင် အဆိုပါချေးငွေကိစ္စရပ်မှာ ပျက်ပြယ်ခဲ့ရသည်။  ဒေါ်လာ သန်း ၃၀၀ ကို ချေးယူရခြင်းမှာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအား ချိတ်ဆက်ထားသည့် မော်လမြိုင်-ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်းကို ပြန်လည်အဆင့်မြှင့်တင်မှု ပြုလုပ်ရန်ဖြစ်သည်။

ငွေချေးရုံသာမက၊ ပစ္စည်းနှင့်ကျွမ်းကျင်သူစရိတ်များလဲပါဝင်



နိုင်ငံတကာချေးငွေ ထုံးစံအရဆိုလျှင် ငွေသားချေးသည်မဟုတ်။ သူတို့သတ်မှတ်ထားသော ကုမ္ပဏီမှ ပစ္စည်းများကို ဈေးကြီးကြီးဖြင့် ဝယ်ယူရသည့်အပြင်၊ သူတို့နိုင်ငံမှာ ကျွမ်းကျင်သူများ၊ အလုပ်သမားများကို ဈေးနှုန်းကြီးမားစွာဖြင့် ခန့်အပ်ရသည်။ ဆောက်လုပ်ရေးချေးငွေ ဆိုပါက မြန်မာနိုင်ငံသားများအဖို့ အုတ်သဲကျောက် သယ်ယူရေးတွင်ပင် အလုပ်ရဖို့မလွယ်လှပါ။ တရုပ်ကုမ္ပဏီမှ ကန်ထရိုက်များကို တရုပ်ကုမ္ပဏီများသာ ရရှိကြသည်။ မြန်မာကုမ္ပဏီများမှာ ဝင်တိုးဖို့ပင်မလွယ်ပါ။ နောက်ဆုံး အတိုးနှုန်းက များသည့်အပြင် သူတို့သတ်မှတ်ထားသော ပစ္စည်းများ၊ ကျွမ်းကျင်သူအလုပ်သမားခများကို ပေးရသောကြောင့် အလွန်နစ်နာပါသည်။ အလုပ်သမား ကမ္ဘာ့ပေါက်ဈေးမှာ အလုပ်ကြမ်းသမားလစာ တစ်လ ဒေါ်လာ ၈၀၀၀ ခန့်ဖြစ်ပြီး၊ အင်ဂျင်နီယာလစာမှ တစ်လ ဒေါ်လာ၂သောင်း အထက်ဖြစ်သည်။ မြန်မာအင်ဂျင်နီယားများမှာ တစ်လ ဒေါ်လာ တစ်ထောင်ရရန်ပင် မလွယ်လှသောမြန်မာနိုင်ငံတွင် တရုပ်၊ ဂျပန်၊ ဂျာမန်၊အမေရိကန် အလုပ်သမားများကို အင်မတန်ဈေးကြီးစွာ ပေးပြီးသုံးရသည်။ ချေးငွေ စနစ်ဖြစ်သည်။



ကမ္ဘာ့ဘဏ်၊ အာရှဘဏ်၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ချေးငွေများသည် အတိုးနှုန်းနည်းပါးသည့်အပြင်၊ ပစ္စည်းနှင့်ကျွမ်းကျင်သူများကို မိမိကြိုက်နှစ်သက်ရာမှ ဝယ်ယူ၊ ငှားရမ်းနိုင်သဖြင့် မျှတသော်လည်း တရုပ်ကုမ္ပဏီများ၏ ကန်ထရိုက်များမှာ အလွန်မတရားစွာ ချုပ်ဆိုထားကြသည်။ လက်ပန်းတောင်းကြေးနီစီမံကိန်း၊ ရွှေဓါတ်ငွေစီမံကိန်း စာချုပ်များမှာ ပွင့်လင်းမြင်သာမှု လုံးဝမရှိသော စာချုပ်များဖြစ်သည်။

တရုပ်ထံမှထပ်မချေးငှားတော့သည့်ဝန်ကြီးဌာန



ဘာကြောင့် တရုပ်ဆီကပဲ ချေးငှားရသနည်း ဟုမေးရလျှင် တရုပ်များက မြန်မာအစိုးရ အကြီးတန်းဝန်ထမ်းများကို လာပ်ပေးခြင်းကြောင့်ဖြစ်ကြောင်း၊ လာဘ်ပေးရာတွင် နာမည်ကျော်ကုမ္ပဏီမှာ ဘိန်းဘုရင်၏သားဖြစ်သော စတီဗင်လော ဦးစီးသည့် အေရှားဝေါ ကုမ္ပဏီဖြစ်ကြောင်း လူတိုင်းသိပါသည်။ ထိုကုမ္ပဏီသည် ယခုအခါ တရုပ်နိုင်ငံအစိုးရက ရှယ်ယာများဝယ်ယူနေပြီး၊ ဘိန်းဘုရင်မိသားစုလည်း မြန်မာနိုင်ငံမှ သူတို့ပိုင်ဆိုင်မှုများကို ဆက်လက်ရင်းနှီးဖို့ ခက်နေသည်။ တရုပ်ပြည်မကြီးတွင် ဝိသမစီးပွားရေးသမားများအား ဖမ်းဆီး၊ သူတို့ပိုင်ဆိုင်မှု နိုင်ငံတော်ကသိမ်းခြင်းများ ခေတ်စားနေသည်။ မြန်မာဝိသမ စီးပွားသမားများတွင် စံပြအဖြစ် ဘိန်းဘုရင်တစ်ဦး၊ အဖမ်းခံရပြီး၊ ပိုင်ဆိုင်မှုသိမ်းလိုက်လျှင် ကျန်သော မြန်မာနိုင်ငံမှ ၊ ဘိန်းဘုရင်မိသားစုများ အခက်ခဲဖြစ်သွားနိုင်သည်။



ဂျပန်၊ ဂျာမဏီ ကုမ္ပဏီများထံမှာ မြန်မာအစိုးရက ငွေများစွာ မချေးငှားခြင်းမှာ ထိုနိုင်ငံများက တရုပ်ကုမ္ပဏီများလို လာဘ်ပေးခြင်းမရှိ။ လာဘ်မရလျှင် သူတို့ထံမှ ချေးငွေ ဘယ်လောက်နိုင်ငံအတွက် အကျိုးရှိသော်လည်း မြန်မာအစိုးရ အကြီးစားအရာရှိများက ငွေမချေးတော့ပါ။ သူတို့ ဘဏ်စာရင်းတွင် ငွေများစွာ လက်သိပ်ထိုးထည့်ပေးသော တရုပ်ကုမ္ပဏီများထံမှ ငွေချေးခဲ့ကြသည်။ 



ယခု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒေါ်လာသန်း၃၀၀ မချေးတော့ခြင်းမှာ သတင်းကောင်းဖြစ်သည်။ ဂျာမန်၊ ဂျပန်ကုမ္ပဏီများထံမှ ချေးငွေဖြင့် လမ်းဖေါက်၊ ရထားလမ်းဆောက်၊ တံထားဆောင်လုပ်မှု၊ စက်ရုံအလုပ်ရုံများစွာ မကြာမီရောက်လာမည်ဟု မျှော်လင့်ပါသည်။

ပြည်ပကြွေးမြီး အများဆုံးပေးဆပ်ရမည့် တရုတ်နိုင်ငံအား၊ ဒေါ်လာ ၄၁၇၃ သန်းကျော်ကို နောက်လာနောင်သားများက ဆပ်ပေးရပါမည်။ ယခင်အမှားများကို ပြင်ဆင်ပြီး တရုပ်ထံမှ ငွေထပ်မချေးတော့ခြင်းကို ကြိုဆိုရပေမည်။

Reference

http://en.wikipedia.org/wiki/List_of_countries_by_received_FDI

http://www.tradingeconomics.com/myanmar/foreign-direct-investment


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇာနီကြီး – တရုပ်ဆီက ငွေမချေးပါနဲ့တော့၊ ဂျပန်၊ဂျာမဏီတွေဆီကပဲ ချေးပါခင်ဗျာ
  1. those military people got ‘ kick back ‘ from the creditors.

    from the venders.

    as a ‘ brokerage’ .

    for example, Myit Sone Project is subject to getting ‘ kickback’ to Than Shwe and Zaw Min. Because of unanimous objection, it is stopped at the moment.

    The same thing applied to ‘ military hardware purchase ‘ by TAY ZA as a ‘ broker ‘ , who got ‘ millions of Dollars as ‘ kickback ‘ and plus ‘ timber trading ‘ from Mynamar forest. That is the reason why he becomes ‘ nouveaurich ‘.

    It is all’ brokerage ‘ in the expense of …………….DESTITUTION, POVERTY and POOR LIVING STANDARD and lots and lots psychosocial, community welfare problems left with MYANMAR population.

    We truly need ‘ good revolutionary reform ‘ by decent leadership.

Comments are closed.