တူမောင်ညို သူတို့အာဘော်

တူမောင်ညို – ဦးစံလင်း နဲ့ ဗိုလ်အောင်မင်းတို့ ဘာကြောင့် အောင်မြင်တဲ့ အကျိုးရလဒ် မရရှိခဲ့သလဲ

Design – Aung Htet
 
တူမောင်ညို – ဦးစံလင်း နဲ့ ဗိုလ်အောင်မင်းတို့ ဘာကြောင့် အောင်မြင်တဲ့ အကျိုးရလဒ် မရရှိခဲ့သလဲ
(မိုးမခ) စက်တင်ဘာ ၂၈၊ ၂၀၁၄
ဗိုလ်အောင်မင်းနဲ့ နောက်ပါ (MPC)တစ်သိုက်ရဲ့ အဖြစ်က “ကြိုပွိုင့်”တွေ အချီကြီးပေးမိတဲ့ “လေပတ်ကား” ပဲပွဲစားတွေနဲ့သွား တူနေပါတယ်။ “အချက်(၁၀၄)ချက်နဲ့ စပြီးညှိခဲ့ကြပြီး မူကြမ်းအချက် (၅) ချက်သာကျန်တော့တဲ့အတွက် ယခုတစ်ကြိမ်ဆွေးနွေးပွဲမှာ အပြီး သတ်လက်မှတ်ရေးထိုးနိုင်ကြလိမ့်မယ်”ဆိုတဲ့ စိတ်ကူးယဉ်မှုလေးဟာ လေထဲမှာ ကျေပျက်သွားပြီဖြစ်ပါတယ်။
ဦးစံလင်းတို့အုပ်စု “ဓမ္မစေတီ ခေါင်းလောင်း” ဆယ်မရသလိုပဲ။ ဗိုလ်အောင်မင်းတို့အုပ်စုလည်း “အပစ်အခတ်ရပ်စဲရေးစာချုပ် ဆိုတဲ့ ခေါင်းလောင်း” ဆယ်လို့မရခဲ့ပါဘူး။
ဦးစံလင်းနဲ့ဗိုလ်အောင်မင်းတို့မှာ ဘာကြောင့် အောင်မြင်တဲ့ အကျိုးရလဒ်မရခဲ့သလဲ။
တစ်ခွန်းထဲပြောရရင် ဖြောင့်မတ်မှန်ကန်တဲ့သဘောထားအခြေခံနဲ့ မှန်ကန်တဲ့နည်းလမ်းကို မကျင့်သုံးခဲ့ကြတဲ့ အတွက်ကြောင့် ပဲဖြစ်ပါတယ်။
ဦးစံလင်းတို့ ခေါင်းလောင်းဆယ်တဲ့အဖွဲ့ကလည်း သိပ္ပံနဲ့နည်းပညာတွေ စဉ်ဆက်မပြတ် ဆန်းသစ်ပေါက်ကွဲပေါ်ထွက်နေတဲ့ ၂၁ ရာစုမှာ အလယ်ခေတ်၊ အမှောင်ခေတ်က နည်းနာတွေဖြစ်တဲ့ နတ်နဂါး၊ ဂါထာမန္တယားတွေနဲ့ ခေါင်းလောင်းဆယ်ယူဖို့ မိုက်မဲစွာ လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး၊  ရလဒ်က အချိန်နဲ့ငွေကုန်ပြီး တစ်ရှက်က နှစ်ရှက်ဆိုသလို  အရှက်ရစရာတွေချည်းဖြစ်ခဲ့ရတယ်။
 ယနေ့ လူငယ်ထုနဲ့ပြည်သူများအကြားမှာတော့ “ဦးစံလင်း၊ နတ်နဂါးနဲ့ ဂါထာ မန္တယား” တို့ဆိုတာ ရယ်ပွဲဖွဲ့စရာ ၊ လှောင် ပြောင်စရာအဖြစ် ဇာတ်သိမ်းသွားခဲ့ပါပြီ။ ဦးစံလင်းတို့ အနေနဲ့လည်း “နတ်နဂါးနဲ့ ဂါထာ မန္တယား” ကို အားကိုးပြုပြီး ဆက်လက်ရှာနေကြ ဦးမယ်ဆိုရင် ဓမ္မစေတီခေါင်းလောင်းဝေးပါသေးတယ်၊ နို့အေးချောင်းသည်တွေ ကိုင်တဲ့ “ဂလိုင်လေး” တောင်ရှာတွေ့မှာ မဟုတ်ပါဘူး။
ဗိုလ်အောင်မင်းနဲ့ (MPC) အဖွဲ့ကလည်း အပစ်အခတ်ရပ်စဲရေးခေါင်းလောင်းကြီးဆယ်တဲ့ကိစ္စမှာ ဦးစံလင်းတို့လိုပဲ “နတ်နဂါးနဲ့ ဂါထာမန္တရား” ပုံစံတမျိုးကို ကျင့်သုံးခဲ့ကြတာပါပဲ။ ဗိုလ်အောင်မင်းတို့အဖွဲ့ ကျင့်သုံးခဲ့တဲ့ နတ်နဂါးနဲ့ ဂါထာမန္တယားကတော့ “ကာချုပ်ရဲ့  မူဝါဒ (၆) ရပ်” ဆိုတာပဲဖြစ်ပါတယ်။ ဒီ “မူဝါဒ ၆ ရပ်” ကိုင်စွဲထားသမျှ အပစ်အခတ်ရပ်စဲရေးစာချုပ် ပေါ်ထွက်လာနိုင်စရာ အကြောင်း မရှိပါ။ ငြိမ်းချမ်းရေးဘယ်တော့မှ ရနိုင်လိမ့်မည်မဟုတ်ပါ။
 ဒီသဘောထား၊ ဒီမူဝါဒကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ကာချုပ်ဗိုလ်မင်းအောင်လှိုင်က “နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC)သင်တန်း” ဖွင့်ပွဲမှာ ထပ်ပြီးပြောခဲ့ပါတယ်။ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ရဲ့ ပြောဆိုမှုဟာ မောက်မာရင့်သီးတဲ့ ပြောဆိုချက်ဖြစ်ပါ တယ်။
လက်ရှိငြိမ်းချမ်းရေးဆွေးနွေးမှုများကို ခုတုံးလုပ်ပြီး ပြည်ပနဲ့နယ်စပ်ရောက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ပြည်တွင်းပြန် လည်ဝင်ရောက်လာပြီး၊ ရှင်သန်ရပ်တည်လာတာဖြစ်တယ်၊ နိုင်ငံခြားအထောက်အပံ့ယူတယ်၊ နိုင်ငံရေးနဲ့စစ်ရေး အင်အားတည်ဆောက် ပြီးတောင်းဆိုမှုတွေလုပ်နေတယ်၊ (UNFC) ၏ ငြိမ်းချမ်းရေးအတွက် အခက်အခဲဖြစ်လာနိုင်တယ်၊ သတိထားရမယ် စသဖြင့် ပြောခဲ့တာ ပါ။
ဒီပြောဆိုချက်ဟာဆွေးနွေးဖက်အဖွဲ့အစည်းတစ်ခုအပေါ်အမည်ထုတ်ဖော်ပြီးပြောဆိုတာဖြစ်လို့ တန်းတူရည်တူသဘောမထား တာ နဲ့ ရန်လိုမောက်မာတဲ့ သဘောထားကို အတိအလင်းဖော်ပြတာဖြစ်ပါတယ်။
ဒါ့အပြင် “ဖဆပလ၊ တော်လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီ၊ တပ်မတော် အစိုးရစသည့် ခေတ် ၄ ခေတ်လုံးတွင် ငြိမ်းချမ်ရေးရရှိ ရန်ကြိုးစားဆောင်ရွက်ခဲ့ရာအတိုင်းအတာတစ်ခုအထိအောင်မြင်ခဲ့ကြောင်း” ဟူသောပြောဆိုချက်ကလည်း အုပ်စိုးသူများထံ လက်နက်ချ အညံ့ခံသွားသူတွေရှိခဲ့တဲ့ အချက်ကိုအတိုင်းအတာတစ်ခုထိ အောင်မြင်မှုလို့ ရည်ညွန်းပြောဆိုနေတာကလည်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်းတွေကို တိုက်ရိုက်စော်ကားလိုက်တာဖြစ်ပါတယ်။
တချို့လက်နက်ချအညံ့ခံတာဟာ အတိုင်းအတာတစ်ခုအထိအောင်မြင်မှုဖြစ်ရင် အကြွင်းမဲ့လက်နက်ချအညံ့ခံခြင်းဟာ အပြည့် အဝအောင်မြင်မှုလို့ပြောချင်ပုံရပါတယ်။ သေချာတာတော့ ခေတ်အဆက်ဆက် တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးမရခဲ့ဖူးသေးတာကိုတော့ ကာချုပ် မသိမသာဝန်ခံထားပါတယ်။  တိုင်းရင်းသားလက်နက်ကိုင်အချို့ အဆက်ဆက်သောအုပ်စိုးသူများထံ လက်နက်ချအညံ့ခံသွား ကြတဲ့ ဖြစ်ရပ်အချို့ရှိခဲ့တာကို သူတို့ဘက်က အောင်မြင်မှုအဖြစ် သတ်မှတ်တယ်၊ သဘောထားတယ်ဆိုတဲ့အချက်လည်း ပေါ်လွင်နေ ပါတယ်။
ကာချုပ်ကဒီလိုပေါ်လစီမူဝါဒစကားကိုတင်းတင်းမာမာပြောထားပြီးဖြစ်တဲ့အတွက် ဆဋ္ဌမအကြိမ် (Single text) မူကြမ်း ဆွေးနွေးပွဲမှာ ကာချုပ်ကိုယ်စားလှယ် ဗိုလ်မြင့်စိုးက “တပ်မတော်၏သဘောထားရပ်တည်ချက်မှာ နဂိုဆွေးနွေးပွဲများတွင်ချမှတ် ထား သည့်အတိုင်း မူဝါဒ ၆ ရပ်နှင့်အညီ ဆွေးနွေးသွားမည်ဖြစ်ကြောင်း” ပြောတယ်မဟုတ်ပါလား။ (UNFC) အပေါ် ကာချုပ်ပြောကြားချက်ကို မီဒီယာတစ်ခုက မေးတော့ “ကာချုပ်က သေချာလေ့လာပြီးမှ ပြောတာ”လို့ ဗိုလ်မြင့်စိုးက အတည်ပြုသွားတယ်မဟုတ်လား။  ကာချုပ်ရဲ့ ပေါ်လစီမူဝါဒကို ဘယ်သူကကျော်ပြီး ဆွေးနွေးဝံ့မှာလဲ။ ဗိုလ်အောင်မင်းလည်းကျော်ပြီးမဆွေးနွေးဝံ့ပါဘူး။ လွန်ခဲ့သော ဇွန်လ ၂၁ ရက်နေ့မှာ  ဗိုလ်အောင်မင်း စစ်တပ်ထံ (တာဝန်ထမ်းဆောင်ဆဲနဲ့အငြိမ်းစားများထံ) တောင်းပန်စာဆက်သွင်းထားရသူမဟုတ်ပါလား။
“၂၀၀၈ အခြေခံဥပဒေ” ပုဒ်မ ၂၀ (ခ) မှာ “တပ်ပိုင်းဆိုင်ရာကိစ္စအားလုံး” ကို စစ်တပ်ကပဲ “လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင် ရွက်ပိုင်ခွင့်ရှိသည်” လို့ ရေးဆွဲပြဋ္ဌာန်းထားတယ် မဟုတ်ပါလား။
ဒါကြောင့် ဗိုလ်အောင်မင်းတို့ (MPC) လူတစ်သိုက်အနေနဲ့လည်း “ကာချုပ်မူ ၆ ရပ်” အပေါ် ရပ်တည်ကိုင်စွဲနေသမျှ ကာလ ပတ်လုံး “ငြိမ်းချမ်းရေးလေပတ်ကား စကားတွေ” ကို ဘယ်လိုပဲ ကြွားလုံးထုတ်ပြောနေပါစေ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်မှာ မဟုတ်သလို၊ တိုင်းရင်းသားပြည်သူများလိုလားတောင့်တနေကြတဲ့ ငြိမ်းချမ်းရေးလည်းပေါ်ပေါက်လာနိုင်လိမ့်မယ် မဟုတ်ပါ။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများဘက်ကလည်း တချိန်တခါက “(KRC)စောဟန်တာသာမွှေး” ကဲ့သို့ စဉ်းစားလုပ်ဆောင်၊အကောင်အထည်ဖော်လိုသူများပေါ်ထွက်လာလျှင်တော့“စောဟန်တာသာမွှေးရရှိဖူးတဲ့ငြိမ်းချမ်းရေးမျိုး” ရရှိကောင်း၊  ရရှိသွားပါလိမ့်မယ်။ တချိန်က စောဟန်တာသာမွှေးနဲ့(KRC)တို့ ရရှိသွားခဲ့ဖူးတယ်ဆိုတဲ့၊ အဲဒီလိုငြိမ်းချမ်းရေးမျိုးဟာ တိုင်းရင်းသားပြည် သူတွေလိုလားတဲ့တကယ့်ငြိမ်းချမ်းရေးမျိုးမဟုတ်ပါဘူး။ ကာချုပ်ဗိုလ်မင်းအောင်လှိုင်ပြောသလို“အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု”  ဆို တာမျိုးတွေတော့ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။
 “နတ်နဂါးနဲ့ဂါထာမန္တယား” ကိုသာ လက်ကိုင်ပြုနေသမျှ ဦးစံလင်းတို့ ဓမ္မစေတီခေါင်းလောင်းဆယ်လို့ ရနိုင်မှာမဟုတ်သလို၊  “ကာချုပ်မူ ၆ ရပ်” ကိုင်စွဲထားနေသမျှ ဗိုလ်အောင်မင်း နဲ့(MPC)တို့လည်း အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းရရှိ နိုင်လိမ့်မည်မဟုတ်ပါ။ “ငြိမ်းချမ်းရေး”လည်းမရနိုင်ပါ။
 “နိုင်ငံရေးဖရိန်ဝပ်” ငမ်းငမ်းတက်တက်ပါဝင်ရေးဆွဲချင်နေကြတဲ့ သူတွေအဖို့လည်း ခဲလေသမျှ သဲရေကျဖြစ်ရပြီပေါ့။
အတွင်းသဘောရ၊ အနှစ်သာအရပြောရရင် စစ်တပ်ပိုင် “မြဝတီသတင်းစာ” ထဲမှာတနင်္လာနေ့တိုင်းဖော်ပြနေတဲ့ “ကာချပ်မူ ၆ ချက် (သို့မဟုတ်) စစ်တပ်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်” ဆိုတာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို လက်နက်ချအညံ့ခံခိုင်း တာပဲဖြစ်ပါတယ်။
ညွန်း
 – ၂၃ စက်တင်ဘာ ၂၀၁၄ မြန်မာ့အလင်းသတင်းစာ၊
– ၂၇ စက်တင်ဘာ ၂၀၁၄ မြန်မာ့အလင်းသတင်းစာ၊

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “တူမောင်ညို – ဦးစံလင်း နဲ့ ဗိုလ်အောင်မင်းတို့ ဘာကြောင့် အောင်မြင်တဲ့ အကျိုးရလဒ် မရရှိခဲ့သလဲ
  1. ဆရာတူးမောင်ညို ခင်ဗျား
    သိပ်ဟုတ်ပါတယ်ဗျာ…။ ဖြောင့်မတ်မှန်ကန်တဲ့သဘောထားအခြေခံနဲ့ မှန်ကန်တဲ့နည်းလမ်းကို မကျင့်သုံးခဲ့ကြတဲ့ ..
    အစိုးရနဲ့စစ်တပ် ဘယ်သူက အရင်ဖြောင့်မတ်မှန်ကန်မလဲ…စဉ်းစားမိပါတယ်။

    မိသားစုမှာ ဖခင်လမ်းမှန်သွားနေရင်..သားသမီးမိသားစုလဲ တဖြေးဖြေးလိုက်လာလေ့ရှိပါတယ်။

    ဖခင်တာဝန်ယူထားတဲ့ အစိုးရကဖြောင့်မတ်ဖို့ပါပဲ။ အစိုးရကိုတရားဟောနိုင်တာကတော့ .. အစိုးရမင်းရဲ့ ဇနီးသည်တွေ ကြည်ညို၊ ကိုးကွယ်တဲ့ ဘာသာရေးဘုန်းတော်ကြီးများဖြစ်ပါတယ်။ ကျနော်တို့တတ်နိုင်တာကတော့ ဘာသာရေးဘုန်းတော်ကြီးများ … ဖြောင့်မတ်မှန်ကန်တဲ့သဘောထားအခြေခံနဲ့ မှန်ကန်တဲ့နည်းလမ်းကို ကျင့်သုံးကြပါစေလို့..မျှော်လင့်ပါတယ်ခင်ဗျား…။

  2. this mother fucker San Lin should be caned in serially increasing times daily for 10 days.

    once – first day.
    twice – second day.
    thrice – third day.
    four times – fourth day
    five times – fifth day.
    then .
    4 times – sixth day and so on . until once on 10th day.

    so also to those ‘ who enjoy LaukHtee ‘ on the public transport to women.
    so also to those ‘ who vandalize ‘ .

    and
    so also to those who litter the towns, streets, roads ( targeting who chew ‘ beetle nuts and Koon Yar ), but to lesser extent of caning .. say 7 times.

    The country needs the real strong leader who possess ‘ leader quality ‘ and ‘ good ‘ leading team ‘ . Not just fucking ‘ Ta Ma Da Gyee, Ta Ma Da Gyee ‘

    No need to address’ Gyee ‘ . when we address ‘ President ‘ . No need.

    Do we call ‘ Daw Aung San Suu Kyi’ Gyee ? ?
    Do we call ‘ President OBAMA Gyee ‘ . ?

    what happened if we call ‘ Ta Ma Da U Thein Sein ‘?

    Is it a problem ?

    Just ‘ Nga Phar , Nga Pharrrr ‘ … .. Sote pyat Tat nay tar.

    There are all perceptional phenomena.
    SaYaGyee
    Ah Ba.

    Well don’t ‘ try to abuse the traditional Myanmar obedient culture ‘ in wrong ways.

    No need to address ‘ Ta Ma Da Gyee ‘ .. Just call TaMaDa U Thein Sein . That is enough .

    Are we prepared to call ‘ TaMaDA gyee Daw Aung Sann Suu Kyi ‘ , in case if she becomes president?

    That is why .. our Myanmar is poor ‘ and Ma Yaung Ya C Luu.. …….obsequious. – NOT ‘ obedient ‘ .
    obsequious. LOOK at the listen what bloody ‘ PhD Nay Zin Latt said in mid 2011 and what U Ye Htut address. . ‘ Ta Ma Da Gyee ‘ .. ‘ Ta Ma Da Gyee ‘

    is there any ‘ Ta Ma Da Lay ‘ ? Anyone ?

Comments are closed.