သတင်းပဒေသာ

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီ ၂၆နှစ်ပြည့် ကြေညာချက်ထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီ ၂၆နှစ်ပြည့် ကြေညာချက်ထုတ်ပြန်
မိုးမခ၊ စက်တင်ဘာ ၂၇၊ ၂၀၁၄
စက်တင်ဘာ ၂၇ တွင် မြန်မာပြည်၏ အတိုက်အခံပါတီကြီးတရပ်ဖြစ်သော NLD ပါတီ ၂၆ နှစ် ပြည့်ခဲ့ပြီ ဖြစ်ရာ ထိုနေ့အထိမ်းအမှတ်အဖြစ် ပါတီက ကြေညာချက် ၁၀။ ၀၉ ။ ၂၀၁၄ ဖြင့် ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် ပါတီဝင်များသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် အမှောင်ခေတ်ကို ဖြတ်သန်း အနိုင်ယူခဲ့ကြောင်း၊ လူထုအားကို ဖိနှိပ်မှုများကြားမှ မြှင့်တင်နိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲတိုင်းတွင်လည်း ရာခိုင်နှုန်းပြည့်နီးပါး အနိုင်ရကြောင်း၊ လူထုကိုလည်း မှန်ကန်သောဆုံးဖြတ်ချက်ချနို်င်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ပြောင်းလဲနေသော အခြေအနေအလိုက် မူဝါဒသစ်များ ချမှတ်နိုင်ကြောင်း သုံးသပ် ထားသည်။
ထို့အပြင် လက်ရှိအနေအထားတွင် အမျိုးသားရင်ကြားစေ့ရေး လမ်းစဉ်ကို ကိုင်စွဲခြင်း၊ ဖယ်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး နှင့် အခြေခံဥပဒေ ပြင်ဆင်ရေး တာဝန် ၂ ရပ်ကို ဦးတည်ခြင်းတို့ကို အခြေခံသည်ဟု ရေးသားထားသည်။
ယခုအချိန်တွင် ဖိအားများ စိန်ခေါ်မှုများ တိုးနေကြောင်း၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး အားနည်းကြောင်း၊ လက်တွေ့ကျသည့် အမြင်မှ သွေဖီနေကြောင်း၊ အဆိုးသံသရာကို သင်ခန်းစာယူရန် လိုအပ်နေကြောင်း ရူမြင်သုံးသပ်ထားသည်။
သို့ဖြစ်ပါ၍ လေးပွင့်ဆိုင် တွေ့ဆုံရေး၊ အပစ်အခတ်ရပ်စဲရေး၊ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ ဒီမိုကရေစီ အခြေခံဥပဒေပေါ်ထွန်းရေးတို့ကို ပြည်သူနှင့်အတူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိန္နိဌာန်ပြုထားသည်ကို တွေ့ရသည်။
ထိုထုတ်ပြန်ချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို တိုက်ရိုက်ကိုးကားပြီး တပ်မတော်နှင့် ပြည်သူ တသားတည်းဖြစ်သွားပြီး ပြည်သူ့ဆန္ဒနှင့် ထပ်တူဖြစ်သွားလျင် တိုင်းပြည်တိုးတက်မှု စိတ်ချရပြီဟု ဆိုနိုင်ကြောင်း မှတ်ချက်ကိုပါ ထည့်သွင်းထားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts