ကဗျာ မင်းညွှန့်လှိုင်

မင်းညွှန့်လှိုင် – ငါ့ကို အနှစ်​နှစ်​ဆယ်​ ပြန်​​ပေး

မင်းညွှန့်လှိုင် – ငါ့ကို အနှစ်​နှစ်​ဆယ်​ ပြန်​​ပေး
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၄
လည်​ဆံ​မွေးတဖွားဖွား
ခွာစုံတ​မြောက်​​မြောက်
ဇက်​သတ်​ထားတဲ့တိုက်​မြင်း။

အသစ်​စက်​စက်
ဂျင်း​ဘောင်းဘီ ဒူး​ခေါင်းအပြဲ။

တိတိကျကျ
ဒရမ်​ရိုက်​ချက်​များနဲ့
ရော့ခ်​သီချင်းများ။

မပစ်​​ဖောက်​ရ​သေးတဲ့​သေနတ်​များ
မခူးဆွတ်​ရ​သေးတဲ့နှင်းဆီပန်းများ။

ဓားအိမ်​ကိုထိုးခွဲမယ့်
မြိ​နေတဲ့ဓား။

ခွဲစိတ်​စား​သောက်​ရန်​အသင့်
နီနီရွဲရွဲပန်းသီး။

အိပ်​မက်​ကြီးမဆန့်​မပြဲနဲ့
ခရီး​ဆောင်​​ကျောပိုးအိတ်​။

လေအပြည့်​အသိပ်​ရွက်​​ဖောင်း​ဖောင်းနဲ့
ပင်​လယ်​ငတ်​​နေတဲ့ သ​င်္ဘော။

အချက်​​ပေးခရာသံစုပ်​ယူဖို့
ကောင်းကင်​​မျှော်​ နားရွက်​များ။

အဖိတ်​အစင်​မရှိ
အမိန့်​ပြန်​တမ်းမရှိ
ရွှေသားအတိနာရီများ။        ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts