Han Thit Naing ရသဆောင်းပါးစုံ

ဟန်သစ်နိုင် – ငြိမ်းချမ်းရေးအတွက် ပြည်သူများနှင့်အမျိုးသမီးထုပါဝင်ရန် ပြောကြား

ဟန်သစ်နိုင် – ငြိမ်းချမ်းရေးအတွက် ပြည်သူများနှင့်အမျိုးသမီးထုပါဝင်ရန် ပြောကြား
စက်တင်ဘာ ၂၃၊ ၂၀၁၄

စက်တင်ဘာ ၁၈ ရက် ရန်ကုန်မြို့တော်ခမ်းမရှေ့၌ ငြိမ်းချမ်းရေးအတွက် ကြွေးကြော်သံများဖြင့်ပြုလုပ်ဆောင်ရွက်ချက်များသည် ပြည်သူ အများသိလာစေရန် ပြည်သူအများပူးပေါင်းဆောင်ရွက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုသိရသည်။

၈၈ မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီးက  ပြည်သူလူထုငြိမ်းချမ်းရေးအတွက် ပြည်သူအားလုံးပါဝင်နိုင်ဖို့ အနုပညာ ရှင်တွေရော ကျောင်းသားကျောင်းသူများ၊ အဖွဲ့စည်းအသီးသီး၊ အမျိုးသမီးအဖွဲ့များအားလုံးပေါင်းပြီး လမ်းလျှောက်ခြင်း၊ သီချင်းဆိုခြင်း၊ ကဗျာရွတ်ခြင်း၊ လက်ကမ်းစာဆောင်များဝေခြင်း၊ ပထမအဆင့်အနေနှင့်  အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကိုလည်း ပြည်သူလူထုသိ အောင် နည်းမျိုးစုံနဲ့ဆောင်ရွက်ခြင်းတွေရှိကြောင်း၊ ဒုတိယအဆင့်အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူအားလုံးပါဝင်နိုင်အောင်၊ အထူးသဖြင့်ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အဓိက ပဋိပက္ခဖြစ်ရင် အခံရဆုံးသည် အမျိုးသမီးနှင့်ကလေးငယ်တွေဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးအစစ်မှန်ရဖို့ဆိုရင် အမျိုးသမီးတွေရဲ့အသံမပါပဲမပြည့်စုံနိုင်ကြောင်း၊  အမျိုးသမီးတွေအားလုံးပါဝင်နိုင်ဖို့ ကြိုးစားဆောင်ရွက်မှုတွေရှိကြောင်း၊ ငြိမ်းချမ်းရေးကိုကြိုးစားဆောင်ရွက်ရာတွင်လည်း အမျိုးသမီးထုပါဝင်ပြီး ငြိမ်းချမ်းရေးအတွက် အသိပညာပြန့်ပွားစေဖို့ တိုက်တွန်းလှုံ့ဆော်မှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အမျိုးသမီးအဖွဲ့စည်းအသီးသီးကလည်း ပေါင်းစုပြီး ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အားလုံးတောင်းဆိုသွားမည်ဖြစ်ကြောင်း၊ အမျိုးသမီးအားလုံးပါဝင်ခွင့်ရှိရင် ဆုံးဖြတ်ချက်ချသောနေရာများ၊ ငြိမ်းချမ်းရေး (case fire) ပြီးသွားရင် ပြန်ပြီး စောင့်ကြည့်ရေးအဖွဲ့တွေမှာ အမျိုးသမီးတွေပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ဘေးစစ်ဒဏ်ခံနေရသော ပြည်သူတွေဘဝမြှင့် တင်ရေးကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

ဆက်လက်ပြီး “ငြိမ်းချမ်းရေးဆိုတာ လက်မှတ်ထိုးရုံဖြင့် မရနိုင်ဘူး၊ အထက်အရာရှိအချင်းချင်း တွေ့ဆုံဆွေးနွေးနေရုံဖြင့် မပြီးဘူး၊ သာ မန်ပြည်သူတွေကို နှစ်ဖက်အဖွဲ့အစည်းတွေက အောက်ခြေထိဆင်းပြီး ပြည်သူတွေရဲ့အသံကိုနားထောင်မှ အားလုံးဘဝတွေ တန်းတူညီမှုရှိမှ တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန် စာနာနားလည်မှုရှိမှ ငြိမ်းချမ်းရေးရနိုင်မယ်”ဟု ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts