မှတ်စုမှတ်တမ်း အုန်းနိုင်

အုန်းနိုင် – ဂန္ဒီခန်းမကြေညာစာတမ်း (၁၂)

အုန်းနိုင် – ဂန္ဒီခန်းမကြေညာစာတမ်း (၁၂)  
စက်တင်ဘာ ၁၅၊ ၂၀၁၄

• သတင်းစာရှင်းလင်းပွဲ  အမှတ် (၈)
နောက်တနေ့  (၃၀.၇.၉၀) နေ့မှာ ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးခန်းမမှာ သတင်းစာရှင်းလင်းပွဲလုပ်ပါတယ်..။ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီး မှဆိုရင် ဒါ ..ပထမဆုံးသတင်းစာရှင်းလင်းပွဲပါ..။ ကျနော်တို့လည်း မပြန်သေးဘဲ သတင်းစာရှင်းလင်းပွဲကို ရုံးတဖက်ခန်းက လက်ဖက်ရည် ဆိုင်မှာ  လက်ဖက်ရည်သောက်ရင်း နားထောင်ကြပါတယ်..။

အခမ်းအနားမှူးကတော့ ဦးစိန်လှဦးပါဘဲ…။ အခမ်းအနားမှူးအနေနဲ့ အဖွဲ့ချုပ်က သတင်းစာရှင်းလင်းပွဲမလုပ်ဖြစ်တာ ကြာပါပြီ….။ ဒေါ် အောင်ဆန်းစုကြည် အဖမ်းခံရပြီးကတည်းကပါဘဲလို့ လေပြေလေးထိုးပြီး….ဒီနေ့သတင်းစာရှင်းလင်းပွဲကို  အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် စုံညီတက်ရောက်ပြီး ဂန္ဒီခန်းမအစည်းအဝေးနဲ့ပတ်သက်တာတွေ  ထုတ်ဝေစရာရှိတာတွေကို ရှင်းလင်းထုတ်ဝေမှာဖြစ်ပြီး သတင်းစာဆရာ ကြီးများမေးမြန်းမှာကိုတော့ ဗဟိုအလုပ်အမှုဆောင်များက ဆိုင်ရာ ဆိုင်ရာ ရှင်းလင်းဖြေကြားသွားမဲ့အကြောင်း  ပြောကြားပြီး အခမ်းအနား ဖွင့် လှစ်လိုက်ပါတယ်။

ဗဟို အလုပ်အမှူဆောင် ဦးကြည်မောင်က  ပထမဆုံးစတင်ပြီးပြောကြားတာဆိုတော့ ဒီပွဲကို သူဦးဆောင်ပြီပေါ့….။ အဖွဲ့ ချုပ်ခေါင်းဆောင်ဦးကြည်မောင်လို့ဆိုရင်ရပါပြီ….။ မနေ့ကနဲ့ တနေ့က ဂန္ဒီခန်းမအစည်းအဝေးမှာကတည်းက သူဟာ တန်ဖိုးပြောင်းသွားပြီလို့ ကိုယ်စား လှယ် အများစုရဲ့စိတ်ထဲမှာ ဆုံးဖြတ်လိုက်ကြသလို…ဗဟိုအလုပ်အမှုဆောင်ကလည်း နားလည်သွားပြီနဲ့ တူပါရဲ့….။

ဦးကြည်မောင်က  သတင်းစာဆရာကြီးများကို စတင်ပြောကြားရာမှာ  မနေ့ကနဲ့တနေ့က ဂန္ဒီခန်းမအစည်းအဝေးကြီးကို ပြည်သူ့လွှတ် တော်ရွေးကောက်ပွဲမှာ  အရွေးချယ်ခံခဲ့ရတဲ့  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်နဲ့မိတ်ဖက်ပါတီနှစ်ရပ်ကကိုယ်စားလှယ်တွေ  တွေ့ဆုံ ဆွေးနွေး ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြပါတယ်…တဲ့။ ဒီအစည်းအဝေးကြီးမှာ ကြေညာခဲ့တဲ့  “ဂန္ဒီခန်းမကြေညာစာတမ်း”  နဲ့ သဘာပတိရဲ့နိဂုံးချုပ် မိန့် ခွန်းတို့ကို သတင်းစာဆရာကြီးများကို ဝေငှမှာဖြစ်ပါတယ်….။ ညီလာခံနဲ့ပတ်သက်တဲ့  တခြားအချက်တွေကိုတော့ သက်ဆိုင်ရာ ဗဟို အလုပ်အမှုဆောင်တွေက ရှင်းလင်းတင်ပြပါလိမ့်မယ်…။ သတင်းစာဆရာကြီးများရဲ့ မေးခွန်းများကိုတော့ သက်ဆိုင်ရာဗဟို အလုပ်အမှု ဆောင်များနဲ့ သူ (ဦးကြည်မောင်) က ပြန်လည်ဖြေကြားသွားမယ်လို့  ပြောကြားသွားပါတယ်…။

ဒုတိယအနေနဲ့ကတော့ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ဆွေ ကဂန္ဒီခန်းမကြေညာစာတမ်းနဲ့ပတ်သက်လို့ ဆက်လက်တင်ပြပါတယ်…။သူတင်ပြတာကတော့  ဒီဂန်ဒီခန်းမကြေညာစာတမ်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ မူဝါဒများအပေါ်မှာအခြေခံပြီး အနယ်နယ်အရပ် ရပ်က  အရွေးချယ်ခံခဲ့ရတဲ့  လွှတ်တော်ကိုယ်စားလှယ်များရဲ့ တင်ပြဆွေးနွေးချက်များအပေါ် ကောက်နုတ်ကြေညာတင်ပြထားတာမို့ သ မိုင်း ဝင်ကြေညာချက် ဖြစ်မှာပါ…။ ဒီကြေညာ စာတမ်းရဲ့ အနှစ်ချုပ်ကတော့ …..

(၁) လွှတ်တော်ဆိုတာ  တဖက်ကပုဂ္ဂိုလ်တွေပြောနေသလို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုသာ ရေးဆွဲရမယ့် တိုင်းပြည်ပြုလွှတ်တော်
မဟုတ်ဖူး….။ ရွေးကောက်ပွဲဥပဒေမှာပါတဲ့  အခန်း (၁) ပုဒ်မ ၂ (က) အရ  ပြည်သူ့လွှတ်တော်ဖြစ်တယ်ဆိုတာ  မီးမောင်းထိုးပြထားတာ တချက်

(၂) ကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲကြီးမှာ  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က လုံးလုံးလျားလျား အများစုအနိုင်ရထားတဲ့အဖွဲ့ဖြစ်လို့ပြည်သူ့လွှတ်တော်ရဲ့သဘောသဘာဝအရ  လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်တဲ့ အဖွဲ့ ဖြစ်တယ်..။ သာမန်ရွေးကောက်ပွဲဝင် ပါတီတခုလို သ ဘောထားတာဟာ  မလျော်ကန်ပါဘူးဆိုတဲ့အချက်

(၃) အခြေခံဥပဒေအသစ်ရေးဆွဲကြမယ်ဆိုရင်လည်း ဒီလွှတ်တော်ရဲ့အာဏာစက်သက်ရောက်တဲ့ တရားဝင်ခေါ်ယူကျင်းပတဲ့ ပြည်သူ့လွှတ် တော်ကသာ ရေးဆွဲရမယ်ဆိုတဲ့အချက်ကို တိတိလင်းလင်း တင်ပြကြေညာခဲ့တာဖြစ်တဲ့အပြင်  ဒီလို လုံးလုံးလျားလျား  ပြည်သူကထောက် ခံဆန္ဒမဲပေးထားတဲ့ ပါတီအဖွဲ့ အစည်းတရပ်ကိုတောင်မှ ချုပ်ချယ်ကန့်သတ်ချက်တွေချထားတာ သဘာဝမကျတော့ဘူး… ။ ပြည်သူရဲ့ဆန္ဒ အရ ဒီမိုကရေစီအခွင့်အရေးများကို ဖွင့်ပေးဖို့လိုပါတယ်ဆိုတဲ့အချက်နဲ့ ပြည်သူ့လွှတ်တော်ကို စက်တင်ဘာလအတွင်းအမြန်ခေါ်ပြီး  အေး ချမ်းစွာ  အာဏာလွှဲပြောင်းရေးကို  နဝတကဆောင်ရွက်ဖို့အတွက် နဝတနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေးပွဲ အမြန်လုပ် ဖို့ လိုအပ်တာများကို ဖော်ပြထားတာဖြစ်ပါတယ်….။ အခုခေါ်မဲ့လွှတ်တော်ဟာ တိုင်းပြုပြည်ပြု လွှတ်တော်မဟုတ်ဘူး..။ အချုပ်အခြာ အာ ဏာပိုင်တဲ့ ပြည်သူ့လွှတ်တော်..ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်လို့ တင်ပြသွားပါတယ်..။

အဲဒီနောက်မှာတော့ ဗဟိုအလုပ်အမှုဆောင် ဦးချမ်းအေးက  ဂန္ဒီခန်းမအစည်းအဝေးကချမှတ်ခဲ့တဲ့ “၁၉၉၀ ပြည့်နှစ်  ယာယီအခြေခံဥပဒေ” အကြောင်းရှင်းပြပါတယ်..။ ဒီလို ယာယီအခြေခံဥပဒေ..ဘာကြောင့်ပြဌာန်းရသလဲ ဆိုတော့…ဗိုလ်ချုပ်ကြီးစောမောင်ကိုယ်တိုင်က တဖွဖွ ပြောခဲ့တာတွေ ရှိပါတယ်..။ဥပဒေနဲ့ အညီအာဏာလွှဲပြောင်းပေးမယ်တဲ့ ..။ဒါကြောင့်  ကျနော်တို့က ဥပဒေနဲ့  ညီအောင်ကြံဆပါတယ်..။ယာယီအခြေခံဥပဒေကို  ဆွဲပါတယ်..။ဒါဟာ အာဏာလွှဲပြောင်းရေးကိုအဓိကဦးတည်ထားတာပါ…။တခြားရည်ရွယ်ချက် နှစ်ခုလည်း ရှိပါသေးတယ်..။ဒီ၁၉၉၀ပြည့် နှစ်  ယာယီဥပဒေနဲ့   အာဏာလွှဲပြောင်း ယူပြီးရင်  အုပ်ချုပ်ရေးအစိုးရယန္တရားကို  ဥပဒေနဲ့ အညီ  ပုံမှန်လည်ပတ်နိုင်ဖို့ရည်ရွယ်ပါတယ်..။နောက်..လူ့အခွင့်အရေးတွေကိုလဲပြည့်ပြည့်စုံစုံ ခံစားနိုင်အောင်  ထည့်သွင်း ရေးထားတာရှိပါတယ်..။ ကျနော်တို့  ဒါတွေကို  တော်တော်ပြည့်စုံရေးဆွဲထားပါတယ်..။ကျန်တဲ့  အဖွဲ့ အစည်းများ  ၊လူမျိုးစုများနဲ့ လည်းဆက်လက်ညှိနှို်င်း  ပါမယ်.။

ဒါပေမဲ့  ကျနော်တို့ ဂန္ဒီခန်းမ အစည်းအဝေး မလုပ်ခင်(၂၇.၇.၉၀)နေ့မှာပဲ  နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ က  (၁/၉၀)နဲ့  ထုတ်ပြန်ကြေညာလိုက်ပါတယ်..။ဒီထုတ်ပြန်ကြေညာချက်ကို ကျနော်တို့  လက်မခံနိုင်ပါဘူး..။(၁/၉၀)ကြေညာချက်အရ  ပေါ်ပေါက်လာမဲ့ ပြည်သူ့လွှတ်တော်ဟာ  ယာယီအခြေခံဥပဒေကိုပင်လျှင်  ပြဌာန်းခွင့်မရှိဘူးဆိုတဲ့   အဓိပါယ်မျိုး  ပြောတယ်လို့ ယူဆရပါမယ်..။ဒီလို သဘောထားကိုလုံးဝ လက်မခံနိုင်ပါဘူး..။ကျနော်တို့  ဒီအခြေခံဥပဒေဆိုင်ရာ(စည်းမျဉ်းစည်းကမ်း)တွေနဲ့  ယဉ်ပါးတဲ့ သူတိုင်းသိပါတယ်..။အခြေခံဥပဒေ ရေးဆွဲရေး  အာဏာဟာ  ပြည်သူ့လွှတ်တော်မှာအမြဲတမ်းရှိတယ်..။မူလဘူတ အားဖြင့်ကို  ရှိတယ်..။သဘောသဘာဝအားဖြင့်ကိုရှိတယ်..။ပြည်သူကနေ  ရွေးကောက်တင်မြှောက် လိုက်တဲ့ပြည်သူ့လွှတ်တော်မှာ  ဒီ..အာဏာဟာ   တောက်တောက်ပြောင်ပြောင်နဲ့ အပီပြင်ဆုံးရှိတယ်..။ဒါကြောင့်မိုလို့ပေါ်ပေါက်လာမဲ့  ပြည်သူ့လွှတ်တော်မှာယာယီအခြေခံဥပဒေရေးဆွဲခွင့်မရှိဘူး..ဆိုတဲ့     အယူအဆမျိုးကို  ကျနော်တို့ လုံးဝတို့   လက်မခံနိုင်ပါဘူး..။

ဆိုင်ရာကလည်း  ခဏခဏပြောပါ တယ်..။(၄၇)ယူမလား..။(၇၄)ယူမ လား..။ကြိုက်ရာယူပါ..။အသစ်ဆွဲချင်လဲ ဆွဲပါ..။သူတို့က ဒီလို  ပြောပါတယ်..။ကျနော်တို့ကလည်းပြည်သူ့လွှတ်တော်ကြီးက ပေါ်ပေါက်လာမဲ့  အစိုးရဟာ ..ကွန်စတီကျူရှင်နယ်ဘေ့စစ်(Constitutional   basic)ရှိချင်ပါတယ်..။အခြေခံဥပဒေကို  အခြေခံထားတဲ့   အစိုးရဖြစ်ချင်ပါတယ်..။ဒီလိုကွန်စတီကျူရှင်နယ်ဘေ့စစ်  ရှိချင်လို့လည်း…ကျနော်တို့  ကြိုတင်ပြီး  ပြင်ဆင်ရေးဆွဲခြင်း  ဖြစ်ပါတယ်..။အဲဒီတော့(၄၇)ခု..ယူယူ..။(၇၄)ခု..ယူယူ..။အသစ်ဆွဲဆွဲ..ဆိုတဲ့   မူလစကားကိုက  သူတို့မှာ  အခြေခံဥပဒေနဲ့  ပတ်သက်ပြီးပြောပိုင်ဆိုပိုင်ခွင့်မရှိဘူးလို့..မူလကတည်းက  ၀န်ခံထားတဲ့  စကားပါ…။ပြည်သူ့လွှတ်တော်ကလုပ်ပိုင်ခွင့်ရှိတယ်လို့ အသိအမှတ်ပြုရာရောက်ပါတယ်..။ဒီနေရာမှာ..ကျနော်တို့ အနေနဲ့   ယာယီအခြေခံဥပဒေကိုရေးဆွဲပြင်ဆင်ပြီးတဲ့  အခါမှာ..၊ပြည်သူ့လွှတ်တော်မှာ  ပြဌာန်း အတည်ပြုရမယ်လို့ယူဆထားပါတယ်..။အဲဒီတော့..သူတို့ပြောထားတာ   ရှိပါတယ်..။လွှတ်တော် အမတ်တွေက  ရေးကြပါ..။ဆွဲကြပါ..။ပြုကြပါ..။ဘယ်နေရာမှာဆွဲရမတုံး..။ကျိုက်ကဆံကွင်းမှာ  ဆွဲရမှာလား..။ဘုန်းကြီးကျောင်းမှာဆွဲရမှာလား..။ဒီလိုဟာမျိုး…ကျနော်တို့  လက်မခံနိုင်ပါဘူး..။အခြေခံဥပဒေ  ရေးဆွဲရေး  အာဏာဟာ    ပြည်သူ့လွှတ်တော်မှာသာ  ရှိတဲ့  အတွက်ပြည်သူ့လွှတ်တော်ရဲ့ အာဏာစက်..၊ပြည်သူ့လွှတ်တော်ရဲ့  ဆုံးဖြတ်ချက်..၊ပြည်သူ့လွှတ်တော်ရဲ့ အရှိန်အ၀ါသြဇာနဲ့ သာလျှင်..ကျနော်တို့  အလုပ်လုပ်ရမှာ ဖြစ်ပါတယ်..။ပြည်သူ့လွှတ်တော်ကိုဘေးချိတ်ချောင်ထိုးပြီးတော့လုပ်ပုံကိုင်ပုံမျိုးအမိန့်ပေးတာမျိုးကို  ကျနော်တို့  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ကလုံးဝ လက်မခံနိုင်ပါဘူး..။

နောင်ပေါ်ပေါက်လာမဲ့   ပြည်သူ့လွှတ်တော်မှာယာယီအခြေခံဥပဒေရေးဆွဲခွင့်  မရှိဘူးလို့  တားမြစ်ပိုင်ခွင့်  မရှိပါဘူး..။ပိတ်ပင်  နိုင်ခွင့်  မရှိပါဘူး..။မည်သို့ပင်  ဖြစ်စေ န၀တ  အနေနဲ့   (၁/၉၀) ကို ..ထုတ်ပြန်ကြေညာချက်အရ  သူတို့ရဲ့  အခြေခံရပ်တည်ချက်ကိုအကုန်အထုပ်ဖြည်ပြလိုက်ပါပြီ…။ရပ်တည်ချက်ခြင်းက  ဘယ်လို ခြားနားကြတယ်..ဆိုတာ  သတင်းစာဆရာကြီးများ  သိပါလိမ့်မယ်..။ဒီလိုရပ်တည်ချက် ၊ခြားနားချက်တွေကို  ကျနော်တို့  အဖွဲ့ ချုပ်က  ချမှတ်ထားတဲ့    မူအတိုင်း    တွေ့ဆုံဆွေးနွေးပြီး.. ဖြေရှင်းဖို့ကြိုးစားသွားမယ်လို့ရှင်းလင်း တင်ပြအပ်ပါတယ်..။

ဒီနေ့  ဦးချမ်းအေး  ပြောတာကိုတော့ ကျနော်…အတော်သဘော ကျသွားပါတယ်..။ဂန္ဒီခန်းမညီလာခံအပြီး..တက်ကြွနေတဲ့  ကျနော့်ရဲ့   စိတ်ဓါတ်အခံကြောင့်လည်းပါမယ်..။ပြီးတော့..သူဒီနေ့  ပြောတာ..အမှန်တွေပါ….။ဒါကြောင့်  ဒီနေ့ပြောတာကို  ပြည့်ပြည့်၀၀  လက်ခံမိပါတယ်..။တခုပဲ  ရှိတော့တယ်..။ဘာပြုလို့ဒီ ယာယီ  အခြေခံဥပဒေကို   ကိုယ်စားလှယ်တွေ ရှေ့ ..၊သတင်းစာဆရာတွေရှေ့ ချမပြနိုင်ရတာလဲ..။ဝိ၀ါဒကွဲစရာတွေ   ရှိနေသေးလို့လား..။ရှိနေရင်လဲ   ရှိနေတဲ့ အတိုင်းကိုပဲ…ဒါဟာ..ယာယီပဲမိုလို့  ကိုယ်စားလှယ်များ  လက်ခံကြပါပေါ့ ..။(၁/၉၀)ကြေညာချက်ကြောင့် မထုတ်ရဲတာတော့မဟုတ်လောက်ဘူး..။ဒါဟာ..တဖက်နဲ့   ရင်ဆိုင်ရာမှာ  အားနည်းချက်  မဖြစ်ပေဘူးလား..။အဲဒီလိုဖြစ်လေ…ဒေါ်အောင်ဆန်းစုကြည် အပြင်မှာ  ကျနော်တို့ နဲ့  အတူ ရှိမနေတဲ့   လစ်ဟာကွက်ကြီးကိုမြင်ရလေပါဘဲ…။ဘာပဲဖြစ်ဖြစ်..ကျနော်တို့ ဂန္ဒီဆုံးဖြတ်ချက်ကို  ကိုင်ပြီး..ခိုင်ခိုင်မာမာပဲ   ရှေ့ ဆက်သွားမယ်ဆိုတာတော့ရှင်းရှင်းကြီး  ပေါ်လွင်နေပါတယ်..။

နောက်တယောက်က  ဗဟိုအလုပ်အမှုဆောင်  ဦးချစ်ခိုင်ပါ..။သူကတော့ဂန္ဒီ အစည်းအဝေးကြီးကချမှတ်တဲ့  ဆုံးဖြတ်ချက် (၅)ရပ်ကို   ရှင်းပြပြီး..ဒါဟာ  န၀တ..ကချမှတ်တဲ့   ရွေးကောက်ပွဲဥပဒေများ..၊နည်းဥပဒေများ ဘောင်အတွင်းက  ဆုံးဖြတ်တောင်းဆိုတာ ဖြစ်ကြောင်း  ရှင်းလင်းပါတယ်..။

ဆုံးဖြတ်ချက်(၁)က  စက်တင်ဘာလအတွင်းလွှတ်တော်ခေါ်ယူပေးဖို့ပါ..။ဒါကလည်း  န၀တ..ကရွေးကောက်ပွဲ ကျင်းပပေးဖို့   ပါတီစုံဒီမို ကရေ စီ အထွေထွေရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေတွေ ထုတ်တယ်။ဒီအထဲမှာ  လွှတ်တော်ခေါ်ယူပေးဖို့ ဆိုတာ  ပါတယ်..။ဒါနဲ့ အညီတောင်းဆိုတာပါ..။ဥပဒေအပြင်က တောင်းဆိုတဲ့  အချက်မဟုတ်ပါဘူး..။နောက်တချက်က  ရွေးကောက်ပွဲမှာအများစုအနိုင်ရတဲ့   အမျိုး သား ဒီမိုကရေစီ အဖွဲ့ ချုပ်နဲ့  န၀တ..တွေ့ ဆုံဆွေးနွေးပါ..ဆိုတာကလည်း..၊တကယ့်ကိုအများစု  လုံးလုံးလျားလျား  ပြတ်ပြတ်သတ်သတ်..အနိုင်ရခဲ့ တာပါ..။အများစု  အနိုင်ရတာ ဖြစ်လို့    ခိုင်မာတဲ့ အစိုးရဖြစ်နိုင် ၊မဖြစ်နိုင်ကိုတော့သတင်းစာဆရာကြီးများ  စဉ်းစားဝေဖန်ကြည့်ပါ..။

နောက်တခု  နံပါတ်(၃)ပေါ့လေ..။န၀တနဲ့   တွေ့ ဆုံဆွေးနွေး တဲ့ အခါမှာ   အဆင်ချောဖို့အတွက်ကိုယ်စားလှယ်များက  ဗဟိုအလုပ်အမှုဆောင်နဲ့   ဦးစီး အဖွဲ့ ကိုလုပ်ပိုင်ခွင့်တွေ  အပ်နှင်းတာပါ..။နောက်တခုကတော့   နံပါတ်(၄)မှာ   ကျနော်တို့ အဖွဲ့ ချုပ်ဟာ  သိတဲ့ အတိုင်းပြည်သူတွေနားလည်ထားတာရော..၊ဆန္ဒမဲပေးပြီး  တင်မြှောက်လိုက်တာရော..၊အကုန်လုံးစုံတဲ့  အခါကျတော့  ဥက္ကဌဦးတင်ဦးနဲ့  အထွေထွေအတွင်းရေးမှူး  ဒေါ်အောင်ဆန်းစုကြည်  အမှူးပြုတဲ့   နိုင်ငံရေးအဖွဲ့ လို့ဒီလို  အများက  လက်ခံထားတာ..။
ဒီအဖွဲ့  နိုင်လာပြီး   နိုင်ငံရေးပြသနာတွေကို ဖြေရှင်းရတော့မဲ့ အခါ၊နိုင်ငံရေးသဘောနဲ့   ပြောရရင်..သူတို့ပါရမယ်..။ဒါကြောင့်   သူတို့ကို  လွှတ်ပေးရမယ်..။တဆက်တည်းပဲ..အခြားနိုင်ငံရေး အကျဉ်းသားတွေကိုလည်းလွှတ်ပေးရမယ်..။ဒါ..ကျနော်တို့  တောင်းဆိုရမယ့်  အချက်ဖြစ်လာပါတယ်..။

နောက်  နံပါတ်(၅)ကတော့…ကျနော်တို့ရဲ့  ဒီမိုကရေစီအခွင့်အရေးများ အပေါ်မှာ  န၀တ..က  အရင်ကတည်းက  ထားရှိခဲ့ တာဟာ..ငြိမ်ဝပ်ပိပြားသည်နှင့် အမျှ   ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို  တဖြည်းဖြည်းရုတ်သိမ်းပေးရမယ်  ဆိုတာ..ရှိလို့..။အခု  ..ရွေးကောက်ပွဲကြီးအေးအေးချမ်းချမ်း ပြီးလို့  ..ဥပမာ..မနေ့ကဆိုရင်..အဖွဲ့ ချုပ်ရဲ့   ဂန္ဒီခန်းမ အစည်းအဝေးပွဲကြီး    အေးချမ်းစွာပြီးဆုံးသွားတာကို   ကြည့်ရင်..၊တိုင်းပြည်ဟာ  ငြိမ်ဝပ်ပိပြားတဲ့  အခြေအနေ   ရောက်နေပါပြီ..။ဒါကြောင့်   ရှေ့လျှောက်..ဒီမိုကရေစီတိုင်းပြည်  တည်ဆောက်ရေးများကို  အဟန့်အတားဖြစ်စေမဲ့   ဟာတွေကိုတော့ တစစရုပ်သိမ်းရမယ်ဆိုတာ..အခြေခံသဘောတရား  တခုပါပဲ..။ ဒါကြောင့်  ပြည်သူ့လွတ်လပ်ခွင့်ပိတ်ပင်တားမြစ်ထားတာတွေ  ရုတ်သိမ်းပေးပါလို့  တောင်းဆိုခဲ့ ခြင်း  ဖြစ်ပါတယ်..”

ဦးချစ်ခိုင်  လေသံကတော့  ကျနော်တို့  တရားသဖြင့်တောင်းဆိုတာပါ..။မတရားတောင်းဆိုတာ..။ဥပဒေအပြင်ဘက်က  တောင်းဆိုတာ  မပါပါဘူး.လို့   လေပြေထိုးတဲ့  သဘောတွေအများကြီးပါပါတယ်…။ဒါပေမဲ့သူလဲ..အားလုံးရဲ့   တက်ကြွစွာ တင်ပြခဲ့ တဲ့   အရှိန်တွေကြောင့်  “အများစုအနိုင်ရတဲ့   အဖွဲ့ ကြီးဟာ အစိုးရဖွဲ့ နိုင်တယ်.”.ဆိုတဲ့   သဘောလောက်ကိုတော့  ထိန်းချုပ်ပြောဆိုနေတဲ့ ကြားကပဲတင်ပြသွားခဲ့ ပါတယ်..။

နောက်  ရှင်းလင်းသူကတော့  ဗဟိုအလုပ်အမှုဆောင်ဒေါ်မြင့်မြင့်ခင်ပါ…။သူက ဒေါ်အောင်ဆန်းစုကြည်ကို   န၀တ  ကနေပြီး  နိုင်ငံတော်အား    နှောင့်ယှက်ဖျက်ဆီးလိုသူများဧ။်   ဘေးအန္တရာယ်မှ   ကာကွယ်စောင့်ရှောက်တဲ့   ဥပဒေ     ပုဒ်မ(၁၀)(ခ)အရထိန်းသိမ်းထားတာနဲ့  ပတ်သက်လို့  အမြန်ဆုံး လွတ်မြောက်ရေး အတွက်  အဖွဲ့ချုပ်က   ဆောင်ရွက်နေတာတွေကို  ရှင်းပြတာပါ..။ပထမ  နိုင်ငံရေးအရတော့တပြည်လုံးမှာ  ပြည်သူ့ဆန္ဒအရ  ရွေးချယ်တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေ လက်မှတ်ထိုးတောင်းဆိုခဲ့ တာကို   ရှင်းပြပါတယ်..။တပြည်လုံးက  ဆန္ဒမဲပေးလိုက်တာကို  ကြည့်ရင်  ဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံတော်ကို  နှောင့်ယှက်ဖျက်ဆီးမဲ့ သူ   မဟုတ်ဘူးလို့  တပြည်လုံးကဆုံးဖြတ်ခဲ့ ပြီဖြစ်လို့  ..ဒီဥပဒေအရတားဆီးထားတာဟာ..တရားမ၀င်တော့ဘူး..။ဒါကို ထပ်ပြီး  အဖွဲ့ ချုပ်လွှတ်တော်ကိုယ်စားလှယ်များက ဒေါ်အောင်ဆန်းစုကြည်ကို  လွှတ်ပေးဖို့တညီတညွတ်တည်း  လက်မှတ်ထိုးပြီး   ဆန္ဒပြုခဲ့ ပြီ..။ဒါက..နိုင်ငံရေးပိုင်း..။ဥပဒေပိုင်း  အရလည်း..ဒေါ်အောင်ဆန်းစုကြည်ဆီက  ကိုယ်စားလှယ်လွှဲအပ်စာရဖို့  .။အဲဒီ..ကိုယ်စားလှယ် လွှဲစာ ရပြီးမှ    ဥပဒေကြောင်းအရ  ဆက်လက်ဆောင်ရွက် ရမှာဖြစ်ကြောင်းတွေ  ရှင်းလင်း ပြပါတယ်..။

(နောက်တပိုင်း…မောင်ခေါ်ပေမဲ့   လိုက်နိုင်ဘူးကွယ်..ကို  ဆက်ပါမယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts