Business Directory Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – တကြော့ပြန် IDOL မဂ္ဂဇင်း မိတ်ဆက်


ရန်နောင်(ဗိုလ်တထောင်) – တကြော့ပြန် IDOL မဂ္ဂဇင်း မိတ်ဆက်
စက်တင်ဘာ ၁၃၊ ၂၀၁၄

လစဉ်ထုတ် Idol မဂ္ဂဇင်း တကြော့ပြန် ပြန်လည်ထုတ်ဝေခြင်း မိတ်ဆက်အခမ်းအနားကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ထုတ်ဝေသူ ၊အယ်ဒီတာ ဒေါက်တာဒေါ်ခင်ခင်ကျော့ က ဒုတိယအကြိမ်စာအုပ်ပြန်လည်ထုတ်ဝေဖြစ်ပုံကို ရှင်းလင်းတင်ပြခဲ့ပြီး အယ်ဒီတာအဖွဲ့များနှင့် မိတ်ဆက်ပေးခဲ့ပါသည်။  ထို့နောက် ကိုချိုကြီးအေဂျင်စီမှ မော်ဒယ်လ်များမှ ပရိတ်သတ်နှင့်  စာအုပ်အားမိတ်ဆက်ပေးခဲ့ပါသည်။

IDOL မဂ္ဂဇင်းတွင် ပါဝင်သောကဏ္ဍ များမှာ ကျန်းမာရေးနှင့်ပတ်သက်သည့် ပညာပေးကဏ္ဍ၊Idol စတိုင်၊ Idol man၊ နိုင်ငံကျော် မင်းသား မင်းသမီးများ၊ တက်သစ်စမော်ဒယ်လ်များ၏ အမေးအဖြေကဏ္ဍများအပြင် လူမှုဘဝကို ထည့်သွင်းဖော်ပြထားကြောင်း ဒေါ်မိုးသောကြာ(အယ်ဒီတာ)က ပြောပြခဲ့သည်။

 

ယခုလက်ရှိတွင် အဆိုပါစာအုပ်ကို ရန်ကုန်မြို့ ဆိုင်တိုင်းတွင် ဝယ်ယူရရှိနိုင်ပြီး တစ်အုပ်လျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။ ၂၀၁၃ခုနှစ် က ပထမအကြိမ်စတင်ထုတ်ဝေခဲ့ပြီး ဒီဇင်ဘာလတွင် ခေတ္တရပ်နားခဲ့ကာ ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ပြန်လည်ထုတ်ဝေခြင်းဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts