စာအုပ်စင်

မိုးမခ လစဉ်ပုံနှိပ်မဂ္ဂဇင်း စက်တင်ဘာ ထွက်ပါပြီ၊ အွန်လိုင်းစာမူရှင်များလည်း ကော်ပီတောင်းနိုင်ဘီ

 

မိုးမခ လစဉ်ပုံနှိပ်မဂ္ဂဇင်း စက်တင်ဘာ ထွက်ပါပြီ၊ အွန်လိုင်းစာမူရှင်များလည်း ကော်ပီတောင်းနိုင်ဘီ

မိုးမခ ၊ စက်တင်ဘာ ၄၊ ၂၀၁၄

မိုးမခ လစဉ် အမှတ် ၆ ရန်ကုန်မြို့မှာ ပုံနှိပ်ထုတ်ဝေလိုက်ပါပြီ။ ဖြန့်ချိနေကျ စာအုပ်ဆိုင်များ၊ စာဖတ်အသင်း၊ စာကြည့်အသင်းများမှာ ရယူ ဖတ်ရှုနိုင်ကြပါပြီ။ စင်္ကာပူပရိသတ်ကတော့ ပင်နီဆူလားပလာဇာက မြသရဖူ စတိုးမှာလည်း အားပေးနိုင်ပါတယ်။ မြန်မာပြည်တွင်းက စာရေးသူများအားလုံး HOME က မိုးမခရန်ကုန်ဌာနမှာ စာအုပ်နဲ့ စာမူခများ ထုတ်ယူနိုင်ပါတယ်။

 

မြန်မာပြည်တွင်းက မိုးမခစာမူရှင်များအနေနဲ့ ပုံနှိပ်မှာသာမက အွန်လိုင်းမှာ စာမူဖော်ပြခြင်းအတွက် ပုံနှိပ်စာအုပ်ကို မေတ္တာလက်ဆောင် တောင်းယူနိုင်ကြပါတယ်။ ပြီးတော့ အွန်လိုင်းမှာပါတဲ့စာမူအတွက်ကိုလည်း ပုံနှိပ်နည်းတူ သင့်တော်တဲ့စာမူခ ချီးမြင့်တာမို့ စတင် ထုတ်ယူနိုင်ပြီ ဖြစ်ပါတယ်။ ပြီးတော့ မိုးမခစာမူရှင်များအနေနဲ့ မိုးမခမှာ ဖော်ပြပြီးစာမူတွေကို အခြားနှစ်သက်ရာ မီဒီယာများကို ထပ်မံပေးပို့နိုင်ပါတယ်။ မိုးမခမှာပါတဲ့စာ တခြားမှာ မပါရလို့ ပိတ်ပင်တာ မရှိပါဘူး။ ထို့အတူ အခြားမီဒီယာများက စာမူများကို နှစ်သက်ပါကလည်း မိုးမခမှာ ထပ်မံကူးယူဖော်ပြမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာကို ခွင့်ပြုချက်တောင်း အသိအမှတ်ပြုမှာလည်း ဖြစ်ပါတယ်။

ဥပမာ – ကာတွန်းဆရာတွေရဲ့ ကာတွန်းကို ကြိုက်မိလို့ မိုးမခက အွန်လိုင်းမှာ ကူးယူဖော်ပြမိရင် သင့်တော်တဲ့စာမူခ ထုတ်ယူနိုင်ပါတယ်။ ကာတွန်းဆရာတွေကလည်း မိုးမခကိုလည်း ပေး၊ တခြားမီဒီယာတွေကိုလည်း ပေး … လုပ်နိုင်ပါတယ်။ အရင်ဖော်ပြတဲ့မီဒီယာကိုတော့ ခရက်ဒစ်ပေးရမှာပေါ့ ခင်ဗျာ။ စာမူခကတော့ စာမူရှင် ယူပါစေလို့ သဘောထားပါတယ်။ စာဖတ်ပရိသတ်စုံ များများဖတ်မိကြပြီး၊ စာမူရှင်တွေလည်း စာမူခတွေ များများ ရကြတာ မကောင်းပေဘူးလား။ ကိုယ့်တိုက်အတွက် ကိုယ်ပိုင်ဆောင်းပါးရှင်၊ ကလောင်ရှင် သီးခြားခန့်ထားပြီး တိုက်ပိုင်စာမူအဖြစ် သတ်မှတ်ထားတဲ့ စာမူနဲ့ အနုပညာတွေကိုတော့ မိုးမခက ကူးယူဖော်ပြမှာ မဟုတ်ပါဘူး။ အဲသည်စည်းကမ်းကိုတော့ လိုက်နာမှာ ဖြစ်ပါတယ်။

မိုးမခစာမူတွေကိုတော့ မိုးမခမပိုင်ပါဘူး ခင်ဗျာ။ စာမူရှင်တွေ ပိုင်ပါတယ်။ သူတို့စိတ်ကြိုက် ဖန်တီး ဖြန့်ချိနိုင်ကြပါစေသတည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “မိုးမခ လစဉ်ပုံနှိပ်မဂ္ဂဇင်း စက်တင်ဘာ ထွက်ပါပြီ၊ အွန်လိုင်းစာမူရှင်များလည်း ကော်ပီတောင်းနိုင်ဘီ
  1. ကျွန်တော်က စာ စရေးနေတဲ့သူပါ…. တစ်ပုဒ်စ နှစ်ပုဒ်စနဲ့ပဲ လက်သွေးနေရပါသေးတယ်…။ နယ်မှာကျောင်းတက်နေရတော့ လုပ်ရတာ သိပ်မတွင်ကျယ်ဘူးဗျ…။ ရေးချင်တယ်… ဘယ်လိုပို့ရမလဲမသိဘူး…..

Comments are closed.