ကြော်ငြာကဏ္ဍ

ဓမ္မဒဿီ က္ကစ္ဆာသယ သဲပုံစေတီတော် ပွဲတော် ကျင်းပမည်

 

ဓမ္မဒဿီ  က္ကစ္ဆာသယ သဲပုံစေတီတော် ပွဲတော် ကျင်းပမည်
မိုးမခရွာဆော်ကြီး၊ စက်တင်ဘာ ၃၊ ၂၀၁၄

အမေရိကန် နိုင်ငံ ၊ တက္ကဆက်ပြည်နယ် ၊ အမာရီလိုမြို့ ၊ဇေယျသုခ ဓမ္မရိပ်သာ ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ် ပူဇော်ထားအပ်သော စေတီတော်အား ထီးတော်တင် ပွဲနှင့် မဟာဒုက် မြသပိတ် စာရေးတံမဲ အလှူတော် ရေစက်ချ အခမ်းနားကို  ၁၃၇၆ ခုနှစ် ၊ တော်သလင်း လဆန်း (၁၄)ရက် ၊ စက်တင်ဘာ ၇၊ တနင်္ဂနွေနေ့ တွင် ကျင်းပလှူဒါန်း ပူဇော်မည်ဖြစ်ပါသည် ။

အဆိုပါစေတီတော်အား ဇေယျသုခ ဆရာတော် ၏ ဦးဆောင်စီစဉ်မှုဖြင့် ပြည်တွင်း ပြည်ပ အသီးသီး မှ စေတနာရှင် ကုသိုလ်ရှင်များစွာတို့၏ ပါဝင်လှူဒါန်းမှု ၊ ဦးမြတ်သိန်း ၊ဦးပေါက်၊ ဦးမြင့်အောင် ၊ဦးညီညီလွင် ၊ ဦးဇော်မျိုးထွဋ် ၊ဦးစောငို ၊ဦးဘုန်းလွင်၊ ဦးစိုးတင့် အစရှိသော အသိပညာရှင်အတတ်ပညာရှင် စေတနာရှင်လုပ်အားပေးများ ၏ ပံ့ပိုးကူညီဆောင်ရွက်မှုဖြင့် ကာလတိုအတွင်း စီမံပူဇော်အပ်သော စေတီတော်ဖြစ်ပါသည် အဓိက ရည်ရွယ်ချက်မှာ မျိုးဆက်သစ်လူငယ်များ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ဘာသာ ဓလေ့ ထုံးစံ များနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်နှင့် ဝေနေယျများ အကျိုးတရား တိုးပွားပါစေခြင်းကို အဓိက ရည်ရွယ်၍  ဗုဒ္ဓသာသနာတော်ကြီး ထွန်းကားပြန့်ပွားစေရန် နှင့် ကမ္ဘာငြိမ်းချမ်း ဓမ္မပန်းများ ပွင့်လန်းပါစေခြင်း အကျိုးငှာ တည်ထားကိုးကွယ်ခြင်းဖြစ်ပါသည် ၊ ပေ ၈၀ ပတ်လည်အကျယ်ရှိ  မြေကွက်ပေါ်တွင်  ညာဏ်တော်အမြင့် ၁၀၈ လက်မ နှင့် အောက်ခြေလုံးပတ် ၁၁ ပေပတ်လည်ဖြစ်ပြီး ပလ္လင်အကျယ် ၃၁ ပေပတ်လည် နှင့်  ပလ္လင်အမြင့် ၂ ပေ ရှိ စေတီတော်ငယ် တစ်ဆူဖြစ်ပါသည်။

ယခု စေတီတော်ပုံစံအား ဗဟိုလ်ပြု၍ သက်ဆိုင်ရာအာဏာပိုင်တို့ထံ ခွင့်ပြုချက်တောင်းခံ၍ ရေရှည်တွင် ကိုးတောင်ပြည့် စေတီတော်တစ်ဆူ ကို တည်ထားနိုင်ရေးအတွက် ရှေ့ပြေးအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်

သို့ဖြစ်ပါ၍ စေတီတော် ထီးတော်တင် ရေစက်ချ အခမ်းနားနှင့်အတူ မဟာဒုက် မြသပိတ် စာရေးတံ ပွဲတော်ကို ပူးတွဲကျင်းပမည်ဖြစ်ပါ၍ ရပ်ဝေးရပ်နီး အသီးသီးမှ ဗုဒ္ဓဘာသာ ကလျှာဏနွယ်ဝင် သူတော်စင်အပေါင်းတို့အား ကြွရောက်ပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts