Poems ဆောင်းလူ

ဆောင်းလူ – အဲန်တိုင်းတဲလ်

ဆောင်းလူ – အဲန်တိုင်းတဲလ်
စက်တင်ဘာ ၂၊ ၂၀၁၄

ငါပေါ့ …
ခုတလော …
စိတ်ပန်း ….လူပန်း ….
အကြွေးလည်းပန်းတဲ့ ညမှာ …
ဘ၀ကြမ်းတဖက်…. ၀ိုင်တခွက်နဲ့ ….
ကမ္ဘာလောကကို စီးချင်းထိုးနေလေရဲ့ ….။

ဘ၀ဟာ
အဲန်တိုင်းတဲလ် …
နေ့စား နှစ်ထောင်နဲ့
ခေါ်ဆိုတဲ့ ဖုန်းမှာတောင် ..
လူကြီးမင်းနဲ့ ညားနေတယ် …။

 


ဒါ့ကြောင့် ဒါဟာ …ငါပေါ့
ခွက်ထဲ ဗျစ်ရည်တောင် …
လိုတာထက်ပိုခါးနေမှတော့ …
ဘ၀ အဲန်တိုင်းတဲလ်မှာ
လူကြီးမင်းနဲ့ ညားနေတာ ဘာဆန်းလဲ …။

စက်တင်ဘာ ၂၊ ၂၀၁၄
၁၀း ၁၅ ပီအမ် …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts