ကဗျာ

စေပိုင်ထွဋ်(ပုသိမ်) – မျက်နှာချင်းဆိုင် တိုက်မိသော အသံများ

 စေပိုင်ထွဋ်(ပုသိမ်) – မျက်နှာချင်းဆိုင် တိုက်မိသော အသံများ

သြဂုတ် ၂၇၊ ၂၀၁၄
လူ့အခွင့်အရေး ပျောက်နေတယ်

ခလုတ်ဖွင့်

အော်… မီးပျက်နေတာကိုး။

ပုဒ်မ(၁၈)ကို နှုတ်နှုတ်

ခက်တာ

အမြစ်က ခိုင်တုန်း။

တီတီတာတာနဲ့ ပလီပလာ ပီအာရ်

အရူးဆိုပြီး

အိမ်ဦးချေးတက်ပါ။

ကြိုက်သလောက်သာ ဟစ်

ြ ပြည်သူ့ဟစ်တိုင်

ငါတို့နဲ့ ဝေးဝေး ထားထားတယ်။

အသံသာပေမယ့် ရုပ်ဆိုးတဲ့ဥသြ

လက်တွေ့မပါတဲ့ ပါးစပ်ကြီး

လှည်းဟောင်းကြီး တအီအီ

နားညည်းလာပြီ။

လိုအပ်လို့ လယ်သိမ်းရတာပါ

လိုအပ်လို့ ရွာသိမ်းရတာပါ

လိုအပ်လို့… …

ဟုတ်ကဲ့

လိုအပ်လို့ ခင်ဗျားတို့ ဆင်းပေးပါ ။ ။

(Photo – Aung Htet)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts