ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – အားဆေး

ကျော်ဟုန်း – အားဆေး
သြဂုတ် ၁၈၊ ၂၀၁၄
ဘ၀ဆိုတာ
စံနစ်တကျလှေခါးထစ်တွေနဲ့ 
တည်ဆောက်ထားတာ မဟုတ်။

ခြုံနွယ် သစ်တော
ချိုင့်ဖို့  တောင်ဖြို
လမ်းထွင်ခဲ့ရတာမျိုး။

ဆေးထိုးခံထားရတဲ့
အနာဂတ်တွေအတွက်တော့
စိတ်ကျရောဂါနဲ့  မပေါင်းမိစေနဲ့ ။

တိမ်တွေကို ကြည့်လိုက် (ရောင်စုံ)
ရောင်စုံတိမ်လိုဘ၀များထဲ
ဒီနေ့ ဆေးထိုးမခံရသေးရင်
တနေ့ နေ့  ဆေးထိုးခံရမယ်သာမှတ်။

ရင့်ကျက်ခြင်းမှာ ပျော်ဝင်နိုင်ဖို့ 
ခံနိုင်ရည်ဆိုတာ ကြားကူဒြပ်ပေါင်းပဲ
မလွယ်ကူမှုတွေကို မိတ်ဆွေဖြစ်ဖူးမှ
ရင်ကျက်ခြင်းလောင်းရိပ်မှာ မှေးစက်နိုင်မယ်။

အောင်မြင်ခြင်းသရဖူဟာ
ခံနိုင်ရည်နဲ့ 
ရင့်ကျက်ကျော်လွှားနိုင်မှုရဲ့ ဆု။

မျှော်လင့်ချက်နဲ့ သာ အသက်ရှုလိုက်ကြ
မျှော်လင့်ချက်ဆိုတာ
မျှော်လင့်သူအတွက်
နောက်ဆုံးထွက်သက် တမိနစ်အလိုထိ
ပိုင်ဆိုင်နိုင်တဲ့အရာ။

ဘာမှလွယ်လွယ်မရတော့
ဘာမှ လွယ်လွယ်မတွေးနဲ့ ၊
ဘာမှ လွယ်လွယ်မလုပ်နဲ့ ၊
အခက်အခဲမှန်သမျှဟာ
ငါတို့ ရဲ့ အနီးဆုံး မိတ်ဆွေ။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts