ကဗျာ မင်းညွှန့်လှိုင်

မင်းညွှန့်လှိုင် – အို…ရန်ကုန် (၃)

မင်းညွှန့်လှိုင် – အို…ရန်ကုန် (၃)
သြဂုတ် ၁၄၊ ၂၀၁၄

 

ကောင်းကင်ကို
မော်မကြည့်မိကြ
ပျော်ရွှင်နေသောဦးခေါင်းများနဲ့
မြက်တစ်ပင်ချင်းစီက
အနင်းခံရခြင်းမှာပျော်ရွှင်နေကြ
အလကားဝင်ခွင့်ရ ပန်းခြံ ။

မြေယာသိမ်းခံ
အဖိနှိပ်ခံ
လျစ်လျူရှုခံ
မပျော်ရွှင်သောနင်းပြားများရဲ့
မပျော်ရွှင်သောလမ်းမဘေး
မပျော်ရွှင်သောပလက်ဖောင်းပေါ်က
ရက်ပေါင်းရာကျော်သပိတ်စခန်း ။

ကမ္ဘာလှည့်ခရီးသည်ရဲ့
လက်ကိုင်ကင်မရာနောက်
အရှက်တရားကင်းမဲ့စွာ
လိုက်ပါသွားတဲ့မြို့ကြီးရေ
ပျော်ရွှင်ခြင်းဆိုတာ
ကန့်သတ်ဧရိယာတွင်းက
ကန့်သတ်ခံကုန်ပစ္စည်းလား
ခြံစည်းရိုးတစ်ချပ်ခြားရုံနဲ့
ဘဝတွေပါခြားနားရမှာလား
ဖြေပါ ။            ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts