မှတ်စုမှတ်တမ်း လူများ၊ ရုပ်ပုံလွှာများ

မိုးမခ – ထူးအိမ်သင် နှင့် မြို့မ

မိုးမခ – ထူးအိမ်သင် နှင့် မြို့မ
သြဂုတ် ၁၂၊ ၂၀၁၄
 

ထူးအိမ်သင် ၂၀၀၀ ခုနှစ် မြို့မ (၇၅) နှစ်ပြည့် စိန်ရတု ပွဲတွင် ဖျော်ဖြေနေစဉ်။
ဓာတ်ပုံမျှဝေသူ – ဆရာ ဆူးငှက် (စာရေးဆရာ၊ မန္တလေး)

သြဂုတ်လ (၁၄) တွင် ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့်မည့် ဂီတပညာရှင် ထူးအိမ်သင် အမှတ်တရ မိုးမခ အစီအစဉ် (၃) အနေဖြင့် ထူးအိမ်သင် နှင့် မန္တလေးမြို့မှ မြန်မာ့ ခေတ်ပေါ် ဂီတသမိုင်း မှာ အထင်ကရ အရေးပါခဲ့သည့် မြို့မ အပျော်တမ်း တူရိယာ အသင်းကြီး၊ အသင်းကြီး တည်ထောင်သူ ဆရာ မြို့မငြိမ်း တို့ ၏ ပူပေါင်းမှု ရလဒ် ဂီတအနုပညာ ပစ္စည်းကောင်းများကို မိုးမခ ပရိသတ် အား မျှဝေ တင်ဆက်လိုက်ပါသည်။  ဆရာ မြို့မငြိမ်း၊ မြို့မ အဖွဲ့ နှင့် ထူးအိမ်သင် တို့၏ ဂီတ ကို ကြိုက်နှစ်သက်ပါက တေးသံသွင်းဆိုင်များတွင် လက်ရှိတိုင် ဝယ်ယူ နားဆင် သိမ်းဆည်းနိုင်ပါသေးသည်။  တရားဝင် ဝယ်ယူ အားပေးရန်လည်း တိုက်တွန်းပါသည်။

ယခု တင်ဆက်မှုမှာ ကွယ်လွန်သွားခဲ့ပြီးသော မြန်မာ့ ဂီတ ရဲ့ အဖိုးထိုက်တန် ဂီတပညာရှင် နှစ်ဦး နှင့် သမိုင်းရှိ မြို့မ အဖွဲ့ကြီးကို အမှတ်တရ ဂုဏ်ပြုလိုခြင်း သက်သက်သာ ဖြစ်ပါသည်။  ဤ ရုပ်သံများကို အခကြေးငွေဖြင့် စီးပွားဖြစ် ပြန်လည် ဖြန့်ချိ ခြင်း မပြုရန် မိုးမခက အလေးအနက် သတိပေးပါသည်။

 

ထူးအိမ်သင် နှင့် မြို့မ (၂၀၀၀)
ဓာတ်ပုံမျှဝေသူ – ဆရာ ဆူးငှက် (စာရေးဆရာ၊ မန္တလေး)
 

ထူးအိမ်သင် မန္တလေး မြို့မ အဖွဲ့နှင့် ဖျော်ဖြေနေသည့် ဓာတ်ပုံများကို လူမှုကွန်ရက်စာမျက်နှာ တွင် မျှဝေခဲ့သည် ဆရာ ဆူးငှက် ကိုလည်း ကျေးဇူး အထူး တင်ရှိကြောင်း မိုးမခ က မှတ်တမ်းပြုပါသည်။  ဤ ရုပ်သံများတွင် အသုံးပြုထားသည့် မြို့မ ဆက်စပ် ပုံ များ အတွက် ဆရာ ရန်ဝင်း (တောင်တံခါး)၊ မောင်အေးမြင့် (ဒီဇိုင်း သုတေသီ)၊ ဒီဇိုင်း ကိုကိုမြင့်၊ ကိုအောင်အောင် (မန္တလေး ယဉ်မွန် တေးဂီတ)၊ မြန်မာတိုင်း(မ်) မီဒီယာ တို့ကို ကျေးဇူး အထူးတင်ရှိကြောင်းလည်း မိုးမခ က မှတ်တမ်းတင်ပါသည်။

မြို့မဧည့်ခံတေး အမှတ် (၅) (၁၉၉၂) တေးစု တွင် မန္တလေး မြို့မ အဖွဲ့နှင့် အတူ ထူးအိမ်သင် ဝင်ရောက် သီဆိုပေးခဲ့သည့် သီချင်းနှစ်ပုဒ်

မိုးကုတ်စက်ဝိုင်းပေါ်မှ ပျောက်လွယ်ခက်
Music Video URL: http://youtu.be/lBEBBspqfKI
 

ကရဝိတ်(သ) မြူးဇစ်
Music Video URL: http://youtu.be/mdkXH1AeGBs


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts