Maung Swan Yi ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် – “ရွှေစာရံ ဘုရားဈေး”

မောင်စွမ်းရည် –  “ရွှေစာရံ ဘုရားဈေး”

သြဂုတ် ၁၂၊ ၂၀၁၄

 

ရွှေစာရံ ဘုရားဈေး

ဖာကလေးတလုံး၊ ကြုံတုန်းကြုံခိုက်

ဝယ်လိုက်အုံးလေ။

 

အညာမန်းက၊ ဆရာစွမ်းလဲ

ဖါတန်းထဲမှာ၊ ဖာလိုက်ရှာသတဲ့။

 

ဖာသယ်ကချော၊ ဖာကချောသမို့

အမောလဲဖြေ၊ ရေနွေးလဲသောက်

ထန်းခေါက်ဖါလေး၊ ဘုရားဈေးက

ဈေးမဆစ်ဘဲ ဝယ်ခဲ့ပြီ။

 

ဖာတတန် အထုပ်တဖက်ထမ်းပါလို့

ရွာအပြန် ကသုတ်ကရက် လှမ်းကာပ

ဆရာစွမ်း အညာမန်းက ဖုတ်နဲ့ဗွက်ကိုလဲ လွမ်းတာမို့

ရွာလမ်းဆီသို့ ပြန်ခဲ့ပြီ။

 

(၂၀၁၄ ဇူလိုင် ၉)

ဓာတ်ပုံ – ဂရပ်ဖစ်ကိုမျိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts