Maung Swan Yi ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် – “အဖိုးနဲ့ ပိုးဟပ်”

မောင်စွမ်းရည် –     “အဖိုးနဲ့ ပိုးဟပ်”

သြဂုတ် ၆၊ ၂၀၁၄

စားပွဲပေါ်ပတ်ပြီး

ကွင်းပတ်ကစား၊ ဘောလုံးသမားလို

ပြေးလွှားရစ်ပတ်၊ ပိုးဟပ်တကောင်-နှစ်ကောင်

သုံးလေးကောင်-

စားပွဲပြောင်လက်၊ ဟင်းစက်ဟင်းကြွင်းရှာလျက်။

အဖိုးပုညှက်၊ မျက်မှန်ကိုတပ်

စားပွဲနားရပ်

ပိုးဟပ်အမဲလိုက်၊ ယပ်တောင်နဲ့ရိုက်

မောဟိုက်တက်ကြွ၊ တအားချတော့

ကွဲကျပန်းကန်၊ အိမ်လုံးညံပြီး

အသံကြားသော်-

အဖွားပြေးလာ၊ ထုရိုက်ပါရော

ခါးနာအဖိုး၊ ပုဆိုးကျွတ်ကျ

ပိုးဟပ်ကမသေ၊ အဖိုးသေမယ်

ပိုးဟပ်ရေ…၊ ကယ်လှည့်ပါအုံး။

မောင်စွမ်းရည်

၁၂ မေ ၂၀၁၂

Photo Credit – http://littlevoicefromburma.blogspot.com/2012/05/blog-post_22.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts