Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – မေတ္တာ …. နံနက်ခင်း စာအုပ်မိတ်ဆက်ပွဲ ဟုမ်းခန်းမ၌ ကျင်းပပြုလုပ်

ရန်နောင် (ဗိုလ်တထောင်) – မေတ္တာ …. နံနက်ခင်း စာအုပ်မိတ်ဆက်ပွဲ ဟုမ်းခန်းမ၌ ကျင်းပပြုလုပ်
သြဂုတ် ၅၊ ၂၀၁၄
 

စာရေးဆရာ ဦးဘုန်း (ဓါတု) ၏ မေတ္တသုတ်တော်မှာလာတဲ့ မေတ္တာပို့သူများ၊ မေတ္တာထားလို ဖြန့်ကျက်လိုသူများ မေတ္တာမပွားများမီ ဦးစွာဆောက်တည်အပ်တဲ့ အခြေခံကျင့်စဉ် (၁၅) ချက်ကို အခြေခံထားတဲ့ ဆောင်းပါးပေါင်းချုပ်ကို မေတ္တာ…နံနက်ခင်း အမည်ဖြင့် စာအုပ်မိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၅ ရက် (အင်္ဂါနေ့) နေ့လည် (၁) နာရီတွင် ရန်ကုန်မြို့ ဗိုလ်အောင် ကျော် လမ်းအောက်လမ်းရှိ ဟုမ်းမီဒီယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲတွင် အခမ်းအနားမှူးအဖြစ် စာရေးဆရာမ နှင်းဝေငြိမ်းက ဆောင်ရွက်ခဲ့ပြီး စာရေးဆရာမကြီး ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ)၊ စာရေးဆရာ ဦးကြည်မင်း၊ စာရေးဆရာချစ်ဦးညိုတို့မှ မုဒိတာစကား အသီးသီးပြောကြားခဲ့ကြသည်။

 

ဆရာဦးဘုန်း (ဓါတု) ၏ စာအုပ်ထုတ်ဝေသူ လင်းလွန်းခင်စာပေတိုက်ပိုင်ရှင် ဦးသိန်းလွင်မှလည်း စာအုပ်ထုတ်ဝေဖြစ်ရခြင်းအကြောင်းကိုပြောကြားခဲ့သည်။

ထို့နောက် စာရေးသူ ဦးဘုန်းကိုယ်တိုင် စာအုပ်ရေးဖြစ်ခဲ့ပုံကို ရှင်းလင်းပြောကြားပါသည်။

မေတ္တာအင်အားဖြင့် ….လောကကြီး၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြပါစို့ …မေတ္တာအင်အားဖြင့် လောကကြီးကို စောင့်ရှောက်ကြပါစို့ဟု ဆရာဘုန်းက တိုက်တွန်းနှိုးဆော်လိုက်သည်။

လူငယ်တွေပဲ ဖတ်ဖတ်၊ လူကြီးတွေပဲဖတ်ဖတ်၊ နည်းနည်းဖတ်ပြီး များများတွေးဖို့ ဒီစာအုပ်လေးကို ထုတ်ဝေလိုက်ပါတယ်ဟု ဆရာဦးဘုန်း (ဓါတု) က ပြောကြားခဲ့သည်။

ဆရာဦးဘုန်း (ဓါတု) ရေးသားသော မေတ္တာ..နံနက်ခင်း စာအုပ်ကို လင်းလွန်းခင်စာပေမှထုတ်ဝေပြီး ကျော်မင်းမောင်၏ ဒီဇိုင်းဖြင့်ဖန်တီး ကာ တန်ဖိုး ၂၅၀၀ ကျပ်ဖြင့် ပထမအကြိမ် ဖြန့်ချိလိုက်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts