စာအုပ်စင်

မော်ကွန်းမဂ္ဂဇင်း သြဂုတ်လထုတ် ထွက်ပြီ


 

မော်ကွန်းမဂ္ဂဇင်း သြဂုတ်လထုတ် ထွက်ပြီ

မိုးမခစာအုပ်စင်၊ သြဂုတ် ၅၊ ၂၀၁၄

မျက်မှောက်ရေးရာတွေကို အတွင်းကျကျဖော်ထုတ်ထားပြီး တင်ပြပုံဆန်းသစ်တဲ့ မော်ကွန်းမဂ္ဂဇင်း သြဂုတ်လထုတ် (အမှတ် – ၁၅) ထွက်ရှိလာပါပြီ။

ဒီလထုတ်ထဲမှာ –

 

– မျက်နှာဖုံးဆောင်းပါးက “သဘာဝဘေးအန္တရာယ်များ ၀န်းရံနေတဲ့ ကျွန်ုပ်တို့နိုင်ငံ” ပါ။ မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေးအပါအ၀င် သဘာဝဘေးအမျိုးမျိုးတို့ ၀န်းရံနေတဲ့ အခြေ အနေတွေကို နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်တင်ပြထားတာကို တစ်ခုပ်တရ ဖတ်ရှုရမှာဖြစ်ပါတယ်။

 

– သတင်းဆောင်းပါးကဏ္ဍမှာ “သေမင်းတမန်လမ်းပေါ်က ပေးပို့တဲ့ ပို့စကတ်” နဲ့ “အမေ့လျော့ခံ ရောဂါတစ်ခု” တို့ကို စိတ်ဝင်စားဖွယ်ရာ ဖတ်ရှုရမှာဖြစ်ပါတယ်။

 

– အက်ဆေးကတော့ “ပင်လယ်လိုက်လို့ ပြေးရတဲ့ရွာ” အကြောင်းပါ။ ပင်လယ်က နောက်က ဘာကြောင့်လိုက်တာလဲ…။

 

– ခရီးသွားဆောင်းပါးကဏ္ဍမှာ “ကယားပြည်နယ် အမှတ်တရများ” ကို ဖတ်ရှုရမှာပါ။ ဘာကြောင့် အမှတ်တရဖြစ်ခဲ့ရတယ်ဆိုတာကိုလည်း စိတ်ဝင်စားဖွယ်ရာ ဖတ်ရှုရမှာပါ။

 

– အမေ့ခံကဏ္ဍမှာ “မီးခြစ်များက ပြောတဲ့သမိုင်း”၊ ပုံရိပ်လွှာကဏ္ဍမှာ “အင်းဝဂုဏ်ရည်”၊ သရော်စာကဏ္ဍမှာ “ဂလိုဘယ် ဘဘ၊ သင်တန်းဆရာ ဘဘ”

 

…စသဖြင့် စိတ်ဝင်စားစရာအဖြာဖြာကို ဖတ်ရှုရမှာဖြစ်ပါတယ်။

 

တစ်အုပ်ရောင်းဈေး – ၁,၈၀၀ ကျပ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts