ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – တသက်တာဝတ်ရုံနဲ့ နံနက်ခင်းဓာတ်စာ


ကျော်ဟုန်း – တသက်တာဝတ်ရုံနဲ့  နံနက်ခင်းဓာတ်စာ
သြဂုတ် ၃၊ ၂၀၁၄

ကိုယ့်အရိုး ကိုယ်ထွင်

အပ်လိုသွေးပြီး

ကိုယ်ဝတ်ရုံ ကိုယ်ချုပ်ဆင်

ဝတ်ခဲ့ကြရသူတွေချင်း …။

ဒီမှာ …
အတ္တနည်းနည်းလိုမယ်

လောဘနည်းနည်းလိုမယ်

မာနနည်းနည်းလိုမယ်။

အရောင်စုံတော့ အသုံးမပိုနဲ့ 

မင်းဝတ်ရုံနဲ့ မင်း အလှပျက်မယ်။

ငိုက်မြည်းမသွက် ဦးနှောက်ရဲ့

အာရုံကြောတွေ ခွန်အားတိုးဖို့ 

သကြားတော့ များများမထည့်နဲ့ 

ကာဖိန်းအရသာပျက်ရင် …။

လောကသားရမ္မက်နဲ့ လောကကြီး

သဟဇာတ မဖြစ်နိုင်ဘူး။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts