Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) – အော်ရီဒူး ဆင်းကဒ်တွေ ၁၅၀၀ကျပ်ထဲ ဖြင့် ဈေးကွက်ထဲ စတင်ဖြန့်ချိ

 

ရန်နောင်(ဗိုလ်တထောင်) – အော်ရီဒူး ဆင်းကဒ်တွေ ၁၅၀၀ကျပ်ထဲ ဖြင့် ဈေးကွက်ထဲ စတင်ဖြန့်ချိ

သြဂုတ် ၃။ ၂၀၁၄ ရန်ကုန်

မြန်မာပြည်၏ ဆက်သွယ်ရေးကဏ္ဍ ကို တခေတ်ဆန်းစေသော အော်ရီဒူး ဆင်းကဒ်များ ရောင်းချခြင်း စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ် သြဂုတ်လ (၂) ရက်  စနေနေ့တွင် ရန်ကုန်မြို့ဆူးလေဘုရားလမ်းပေါ်ရှိ ဆူးလေရှန်ဂရီလာဟိုတယ် ပဲခူးခန်းမ၌ နံနက် ( ၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကုမ္ပဏီ၏ အလုပ်အမှုဆောင် အရာရှိချုပ် Mr Ross Cormack က အော်ရီဒူးဟာ ယနေ့မှစ၍ ရှင်သန်ပြီဖြစ်ကြောင်း စတင်ပြောကြားရင်း စာနယ်ဇင်းရှင်းလင်းပွဲကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယနေ့မှစတင်၍ ပွဲဦးထွက်အခမဲ့ အစီအစဉ်များကို သြဂုတ်လ  ၁၄ ရက် ညသန်းခေါင်ယ့ အချိန်အထိ အခမဲ့သုံးစွဲနိုင်ပြီ ဖြစ်ပြီး မြန်နှုန်းမြင့် အင်တာနက် နှင့် အဆင့်မြင့် အသံအရည်အသွေး ခေါ်ဆိုမှုများကို မိတ်ဆက်ခြင်းဖြစ်ကြောင်း Cormack ကပြောကြားသည်။

 

 

ဆင်းကဒ် တကဒ် လျှင် တစ်ထောင့်ငါးရာ ကျပ်သာပေးရမည်ဖြစ်ပြီး မိမိတို့၏ မိုဘိုင်းဖုန်းများသည် အော်ရီဒူး ဆင်းမ်ကဒ်များနှင့် တွဲဖက်သုံးစွဲ နိုင်ခြင်းရှိမရှိကို ရှေးဦးစွာ သုံးစွဲမည့်သူများက စစ်ဆေးကြရမည်ဖြစ်သည်။ အော်ရီဒူး ၏ ၆၅၀၀ သော အရောင်းကိုယ်စားလှယ်များဆိုင်တွင် လွတ်လပ်စွာ ဝယ်ယူနိုင်မည်ဖြစ်သည်။

အော်ရီဒူးသည် မြန်နှုန်းမြင့် အင်တာနက်အဖြစ်ကို နောက်ဆုံးပေါ် အဆင့်မြင့် 3G နည်းပညာနှင့် မျိုးဆက်သစ် အဆင့်မြင့် UMTS 900 ကွန်ရက်ကို အသုံးပြုထားသောကြောင့် ယခင်စမ်းသပ်ကာလ အသုံးပြုခဲ့သော ရန်ကုန်၊မန္တလေး၊နေပြည်တော် မြို့ကြီးများအပြင် ပြည်၊မကွေး၊ မိတ္ထီလာစသည့် မြို့ကြီးများတွင်ပါ လူထုအကျိုးပြု ဝန်ဆောင်မှုများပေးနိုင်ရန် လျှင်မြန်စွာ ကွန်ရက်ဖြန့်ကျက်လျက်ရှိသည်။သုံးစွဲသူ မိဘပြည်သူတွေအနေဖြင့် အခမဲ့ဝန်ဆောင်မှုများနဲ့ စမ်းသပ်ကြည့်ကြဖို့ တိုက်တွန်းဖိတ်ခေါ်ချင်ပါတယ် ဟု အမှုဆောင်အရာရှိချုပ် Ross Cormack့ ပြောကြားခဲ့သည်။

 

အော်ရီဒူး ၏ဝန်ဆောင်မှု အားလုံးသည်လည်း လူတိုင်းတတ်နိုင်သော ချိုသာသည်ကဈေးနှုန်းများဖြစ်သည်။သြဂုတ်လ ၁၅  ရက်နေ့ အခမဲ့ဝန်ဆောင်မှုများဆုံးခန်းတိုင်သောအခါ အော်ရီဒူး ဖုန်းအချင်းချင်း ခေါ်ဆိုလျှင် ကျသင့်သလိုပေး/ သုံးသလောက်ပေး အစီအစဉ်ခေါ် စနစ်တွင် တစ်မိနစ်လျှင် ၂၅ ကျပ်၊အော်ရီဒူး ဖုန်းမှ တခြားဖုန်းသို့ ခေါ်လျှင် တစ်မိနစ် ၃၅ကျပ် ၊မြန်မာပြည်မှ မည်သည့်ကွန်ရက် သို့မဆို စာတိုပေးပို့ခြင်းသည် တစ်စောင်လျှင် ၂၅ ကျပ် နှင့် အင်တာနက်အသုံးပြုခသည် 1MB လျှင် ၂၅ကျပ်ဖြစ်သည်။ ယင်းအစီအစဉ်များသည် သာမန်သုံးသလောက်/ ကျသလောက်ပေး အစီအစဉ်များဖြစ်သည်။ အထူးအစီအစဉ်များနှင့် အံ့သြလောက်စရာ အရောင်းမြှင့်တင်ခြင်းအမျိုးမျိုးတို့ကို သြဂုတ်လ ၁၄ ရက်တွင် ထပ်မံကြေငြာမည်ဖြစ်သည်။

 

 

အော်ရီဒူး သုံးစွဲသူများအနေဖြင့် အော်ရီဒူး၏ တရားဝင်အင်တာနက်စာမျက်နှာဖြစ်သော www.ooredoo.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်သလို သုံးစွဲသူ ဝန်ဆောင်မှုများကို  ၀၉၉-၇၀၀၀-၀၂၃၄ သို့ခေါ်ဆိုမေးမြန်းနိုင်မည်ဖြစ်သည်။အော်ရီဒူး ၏ စတင်ရောင်းချခြင်းဖွင့်ပွဲလက်ဆောင်အဖြစ် ပေးအပ်ထားသည်များမှာ အော်ရီဒူး ဖုန်းအချင်းချင်း မိနစ် ၉၀၀ အခမဲ့ခေါ်ဆိုခြင်း၊ စာတို ၉၀၀ အခမဲ့ပို့ဆောင်နိုင်ခြင်း ၊နေ့စဉ် အင်တာနက် 20 MB အခမဲ့သုံးစွဲခွင့် ၊ Facebook အခမဲ့ သုံးစွဲခြင်းတို့ပါဝင်ပြီး နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုခြင်း၊ SMS ပို့ခြင်း၊ Roaming တို့ပါဝင်ခြင်းတော့မရှိချေ။

မြန်မာပြည်သို့ အဆင့်မြင့်နည်းပညာ UMTS 900 ကို ပထမဆုံးယူဆောင်လာသော အော်ရီဒူး သည်  ဤနည်းပညာဖြင့် Apple, HTC, LG, Nokia, Sony & Samsung တို့မှ ထုတ်လုပ်ထားသော ဖုန်းဟန်းဆက်များကိုအသုံးပြုနိုင်ပါသည်။ ထိုဖုန်းများ တွင် အော်ရီဒူး မှခွင့်ပြုသော စတစ်ကာပါမပါလည်း သုံးစွဲသူများက စစ်ဆေးရမည်ဖြစ်သည်။

အော်ရီဒူး ငွေဖြည့်ကဒ်များကို တထောင်ကျပ်၊သုံးထောင်ကျပ်၊ငါးထောင်ကျပ်၊ တသောင်းကျပ် ၊နှစ်သောင်းကျပ် များဖြင့် ဝယ်ယူငွေဖြည့်နိုင်မည်ဖြစ်သည်။ အော်ရီဒူး ဖုန်းသုံးစွဲသူအချင်းချင်း လည်း ပြန်လည်မျှဝေခြင်းနည်းဖြင့်လည်း ငွေကိုပြန်လည်ဖြည့်တင်းနိုင်ပါသည်။အော်ရီဒူး ၏ထူးခြားချက်မှာ သုံးသလောက်ပေး၊ ကျသလောက်ပေးဖြစ်သဖြင့်သုံးစွဲသူများအနေဖြင့် အင်တာနက် သုံးပြီးပြန်မပိတ်မိလျှင်လည်း ပိုက်ဆံမပါသွားသည်ကလည်းထူးခြားမှုဖြစ်သည်။

မြန်မာပြည်၏ ဆက်သွယ်မှုကွန်ရက်ကတော့ အော်ရီဒူး ကြောင့် အသစ်အသစ်သောနည်းပညာများကို ငွေကြေးကုန်ကျမှုနည်းစွာဖြင့် ပြုလုပ်နိုင်တော့မည် ဟု အော်ရီဒူး မှ ဝန်ထမ်းတစ်ဦးမှ ထပ်မံပြောပြခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts