ဆောင်းလူ – မြို့ပျက် (၂)
ဇူလိုင် ၃၀၊ ၂၀၁၄
=======
သစ္စာတွေ
မေတ္တာတွေ ပျောက်ပျက်နေတဲ့ မြို့ …။
ဒီမြို့ …
နှလုံးသား ဗလာ
ခံစားချက်ပါ တစိမ့်စိမ့် ဆိတ်သုဉ်းလာတဲ့ မြို့ …။
ဒီမြို့ …
လူကျွံဘော ..
ပိုင်နယ်တီ…
လူစားလဲခွင့်နဲ့ …
ကိုယ့်ဂိုးကိုယ် အသွင်းခံလိုက်ရတဲ့ မြို့ …။
ဒီမြို့ …
လိုအပ်ချက် ..လိုအပ်ချက်ဆိုပြီး …
အခွင့်အရေးမှန်သမျှ လက်တဆုံးနှိုက်ခံနေရတဲ့ မြို့ …။
ဒီမြို့ …
လိပ်ပြာတွေ လှသလောက်
သိက္ခာတွေ ကျပြီးရင်း ကျနေရတဲ့ မြို့ …။
ဒီမြို့ …
မသမာသူတချို့ကြောင့်
ရင်ကွဲပက်လက် …
နှလုံးသား ဆွတ်ခူးခံလိုက်ရတဲ့ မြို့ …။
ဒီမြို့ …
နီယွန်မီးမှိန်မှိန်အောက်မှာ
ပေါင်ဒါမှုန့်အဖွေးသားနဲ့ လာသမျှသူကို
ပျော်တော်ဆက်ပေးနေရတဲ့ မြို့ ….။
ဒီမြို့ …
တောင်တွေ ဆိတ်သုဉ်း ..
တောတွေ ပြုန်း …
သဘာဝတွေ … ကုန်ဆုံးနေတဲ့ မြို့ …။
ဒီမြို့ …
ဝါ တလှည့် … နီ တခါ
ကမ္ဘာ့ရွာမှာ ပြာယာခတ်နေရတဲ့ မြို့ …။
ဒီမြို့ …
အရင်းရှင်တွေ
ခဏ ခဏ သတိပေး ခံခံနေရတဲ့ မြို့ …။
ခဏ ခဏ မထိ တထိ အပြောခံနေရတဲ့ မြို့ …။
ဒီမြို့ …
ဂျန်းတဲလ်မန်း အဂရီးမန့်ခ်တွေနဲ့
ခဏ ခဏ မျက်နှာပျက်နေရတဲ့ မြို့ …။
ဒီမြို့ …
စိုးရိမ်မှုတွေအောက်မှာ
နှစ်ပေါင်းများစွာ အကျယ်ချုပ်ကျခံနေရတဲ့ မြို့ …။
ဒီမြို့ …
လှိုင်းကြီး လေထန်ပြီဆို
အမြဲ လေခွက်ချည်းပဲ ကျန်ကျန်နေတဲ့မြို့ …။
ဒီမြို့ …
ထောက်ခံလိုက် ကန့်ကွက်လိုက်တဲ့ …
မျက်နှာမွဲတွေ ပြာကြနေတဲ့ မြို့ …။
ခုလည်း ဒီမြို့ …
မနေတတ် မထိုင်တတ်မှာ
ထောက်ခံလိုက် …ကန့်ကွက်လိုက် …
ကန့်ကွက်လိုက် …ထောက်ခံလိုက်နဲ့ …
ဇူလိုင် ၃၀၊ ၂၀၁၄
12 : 01 PM
Abstract water color by Jose Favian Sosa