နိုင်ငံတကာရေးရာ

ဇာနီကြီး – တရားရုံးရောက်နေတဲ့ အိန္နိယကွန်ကရက်ပါတီခေါင်းဆောင်

 

ဇာနီကြီး – တရားရုံးရောက်နေတဲ့ အိန္နိယကွန်ကရက်ပါတီခေါင်းဆောင်

 ဇူလိုင် ၂၇၊ ၂၀၁၄

 

လက်ရှိ အိန္နိယနိုင်ငံ နိုင်ငံရေးခေါင်းဆောင်များရဲ့ ငွေဖန်တဲ့ လုပ်ရပ်တစ်ခုကို စင်ကာပူသတင်းစာကြီးမှာလဲ ဖေါ်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံမှာလဲ ဒါမျိုးတွေ .. အစိုးရပိုင် အိမ်ခြံမြေများကို ပုဂ္ဂလိက လွှဲပြောင်းနေကြတာ အများကြီးပါ။ ဘာမှမတတ်နိုင်လို့ မီဒီယာကလဲ ထိုင်ကြည့်နေရပါတယ်။
.
.
ဇတ်လမ်းဖြစ်ပေါ်လာပုံ
ဒီဇင်ဘာ ၂၀၁၀ မှာ Young Indian ဆိုတဲ့ ကုမ္ပဏီတစ်ခုကို စတင်ခဲ့ပါတယ်။ ပါတီရဲ့ အရှုံးပေါ်နေတဲ့ မီဒီယာလုပ်ငန်းတွေကို ပုဂ္ဂလိကကို လွှဲပြောင်းဖို့ ဖြစ်ပါတယ်။ ဆိုနီယာဂန္ဒီနဲ့ သူ့သား တစ်ယောက်ကို ၃၈% ရှယ်ယာနဲ့ ကွန်ဂရက်ပါတီခေါင်းဆောင်၂ယောက် (Mr. Motilal Vora & Mr.Oscar Ferdandes) တို့ တစ်ယောက်ကို ၁၂% စီ ဖြစ်ပါတယ်။ တလအကြာမှာ ကွန်ကရက်ပါတီအတွက် စာစောင်များကို ထုတ်ဝေဖြန့်ချိနေတဲ့ AIJ ကုမ္ပဏီနဲ့အခြား၃ခုကို ဝယ်လိုက်ပါတယ်။ AIJ ကုမ္ပဏီဟာ ၁၉၃၈ ကတည်းက ကွန်ဂရက်ပါတီရဲ့ နိုင်ငံရေး မူဝါဒဖေါ်ပြဖို့၊ နေရူးဂန္ဒီ တို့က စတင်ခဲ့ပါတယ်။ အခုတော့ AIJ ကုမ္ပဏီဟာ အကြီးကျယ် အရှုံးပေါ်၊ အကြွေးပိနေလို့  ကွန်ဂရက်ပါတီထံက ရူပီး ၉၀၂ သန်း (US$ 15.2 million) ချေးငှားလိုက်ရပါတယ်။ အခုတော့ အဲဒီ AIJ ဟာ Young India ကုမ္ပဏီက ၁၀၀% ပိုင်သွားပြီ ဖြစ်ပါတယ်။ အကြွေး US$ 15.2 million ကိုလဲ ပေးရမယ်ဆိုတော့ အပြင်ဘန်း ကြည့်ရင်၊ Young Indian ကုမ္ပဏီက အကြွေးပိနေတဲ့ AIJ ကို ကယ်တင်လိုက်တဲ့ ပုံစံဖြစ်ပါတယ်။
.
AIJ အဆောက်အဦ တန်ဘိုး  ဘီလျှံ
အမှန်ကတော့ ဒီလွှဲပြောင်းမှုကို ကွန်ဂရက်ပါတီရဲ့ အကြီးကဲများက နားလည်မှုနဲ့ အကြံဖန်လုပ်တာပါ။ Young Indian ကုမ္ပဏီက AIJ ကုမ္ပဏီရဲ့ နယူးဒေလီမြို့လယ်က မြေနဲ့အဆာက်အဦကို အပိုင်ရသွားခြင်းဖြစ်ပါတယ်။ အဲဒီ AIJ မြေနဲ့အဆာက်ဦးဟာ လက်ရှိ နယူးဒေလီ အိမ်ခြံမြေပေါက်ဈေးအရ ရူပီး ၁၆ ဘီလျှံ (US$ 299 million) တန်ဖိုးရှိနေပြီဖြစ်ပါတယ်။ AIJ အကြွးတွေထက် အများကြီး တန်ဖိုးရှိပါတယ်။ ရွေးကောက်ပွဲမတိုင်မီတော့ ကွန်ကရက်အာဏာရထားတဲ့အတွက် ပါတီလူကြီးတွေ မဖွယ်မရာ၊ ငွေကြေးအကြံဖန် လုပ်တာကို မဖေါ်ထုတ်ပဲ၊ ကြည့်နေရပါတယ်။ အခုတော့ ရွေးကောက်ပွဲ ရှုံးသွားပြီး အာဏာလွှဲပြောင်းပေးလိုက်ရပြီ ဖြစ်ပါတယ်။ ဒီတော့မှာ ကွန်ကရက်ပါတီတွင်းက မကျေနပ်သူတွေ ဒီအမှုကို ငွေကြေးမဖွယ်မရာပြုမှု အဖြစ် တရားစွဲထားတာဖြစ်ပါတယ်။ Y.P Rajesh ရေးသားချက်ကို ကိုးကားပြီး စင်ကာပူသတင်းစာ Straits Times June 28, 2014 မှာ ဖေါ်ပြခဲ့ပါတယ်။
.
ဓါတ်ပုံ။  ဆိုနီယာဂန္ဒီနဲ့ သူ့ရဲ့သား (ကွန်ဂရက်ခေါင်းဆောင်) တရားရုံးရောက်နေပုံ
.
.
မြန်မာ့ခေါင်းဆောင်များ၊ အိမ်ခြံမြေဈေးကျဆင်းလိုပါသလား
.
မြန်မာပြည်မှာ အိမ်ခြံမြေဈေးတွေ အရမ်းကြီးနေပါတယ်။ အစိုးက လက်ပိုက်ကြည့်နေချိန်မှာ ဆင်းရဲလှတဲ့ မြန်မာပြည် အိမ်ခြံမြေကို ကမ္ဘာ့ပေါက်ဈေးရောက်အောင် လုပ်လိုက်နိုင်ပါတယ်။ မြန်မာ့စစ်ခေါင်းဆောင်ဟောင်းများက ကမ္ဘာ့လူလည်ကြီးများနဲ့ ပူးပေါင်းပြီး၊ လုပ်စားသွားတာဖြစ်ပါတယ်။ လက်ရှိအစိုးရကတော့ စစ်ခေါင်းဆောင်ဟောင်းတွေချည်းပဲဆိုတော့ အိမ်ခြံမြေဈေးကျဖို့ လုပ်မှာမဟုတ်ပါဘူး။ သို့သော် အာဏာရနေသူများမှာ နိုင်ငံအတွက် စိတ်စေတနာ ထားသူများစွာ ရှိနေပါတယ်။ သူတို့က စေတနာနဲ့ လုပ်ပေးမှ အိမ်ခြံမြေဈေးဟာ အရှေ့တောင်အာရှနိုင်ငံများ ဈေးရောက်သွားမှာပါ။
.
ဘယ်သူတွေ နိုင်ငံအပေါ်တကယ်၊ စေတနာရှိသလဲ
– လက်ရှိ မြန်မာ့တပ်မတော် ခေါင်းဆောင်အများစု
– ပြည်သူ့လွှတ်တော်မှ ရာထူးကြီးရနေသူ၊ ကြံခိုင်ရေးပါတီခေါင်းဆောင်အချို့
– နိုင်ငံတော်သမ္ပတရုံး အစိုးရအဖွဲမှ ရာထူးကြီးရနေသူ၊ ကြံခိုင်ရေးပါတီ ခေါင်းဆောင်အချို့
– အတိုက်အခံ ခေါင်းဆောင်အချို့
– လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင် အချို့ စသည်တို့ဖြစ်ပါတယ်။
.
“အချို့” လို့ပဲ သုံးနှုံးလိုက်ပါတယ်။ အတိုက်အခံခေါင်းဆောင်အပါအဝင်၊ လက်ရှိခေါင်းဆောင်များ လဲ ငွေ-အာဏာရလာရင် ရစ်မူးမှာပဲ ဖြစ်ပါတယ်။ အစိုးရခေါင်းဆောင်ကြီးမှာ လက်ရှိ အင်ဒိုနီးရှား သမ္မတရွေးခံထားရသူဟာ အာဏာသုံးပြီး အိမ်ခြံမြေ မဝယ်ပါဘူး။ လက်ရှိ သူပိုင်သမျှ ဒေါ်လာ ၁.၈သန်းပဲ ရှိတယ်ဆိုပါတယ်။ ဒါလဲ သူ ပရိဘောကလုပ်ငန်း လုပ်စဉ်၊ ပိုင်ဆိုင်ခဲ့တာတွေ ဖြစ်ပါတယ်။ မြန်မာပြည် လက်ရှိ အိမ်ခြံမြေပိုင်ဆိုင်နေသူများဟာ အိမ်ခြံမြေဈေး ကျဆင်းစေဖို့ စိတ်မပါကြဘူး။ သဘာဝကျပါတယ်။ မြန်မာပြည်တဝှမ်း အိမ်ခြံမြေဈေး ကျဆင်းစေချင်ရင် အာဏာသုံးပြီး အခုလို အိန္နိယနိုင်ငံခေါင်းဆောင်ဟောင်းတွေရဲ့ ပိုင်ဆိုင်မှုလွှဲယူခြင်းမျိုးတွေ ဖေါ်ထုတ်၊ တရားစွဲနိုင်မဲ့အချိန်မှာ မြန်မာပြည် ဒီမိုကရေစီလမ်းကို ပြန်တည့်လာမှာပါ။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ဇာနီကြီး – တရားရုံးရောက်နေတဲ့ အိန္နိယကွန်ကရက်ပါတီခေါင်းဆောင်
  1. ပြစ်စာလိုသဘောမျိုး မရေးသင့်ဘူး-တကယ်မှန်တယ်ဆိုရင် အထောက်အထားခိုင်လုံစွာနဲ့ တင်ပြသင့်တယ်- ဘယ်သူ့ မျက်နှာမှ ငဲ့စရာမလိုပါ-

Comments are closed.