သတင်းပဒေသာ

သတင်းသမားများ၏ မီဒီယာဖိုရန် က သတင်းသမားများကာကွယ်ရေး သဘောတူညီချက် ထုတ်ပြန်

သတင်းသမားများ၏ မီဒီယာဖိုရန် က သတင်းသမားများကာကွယ်ရေး သဘောတူညီချက် ထုတ်ပြန်
မိုးမခအထောက်တော်(ရန်ကုန်)၊ ဇူလိုင် ၂၇၊ ၂၀၁၄

ဇူလိုင် ၂၆ ရက်နေ့တွင် ပြုလုပ်သည့် မီဒီယာဖိုရမ်မှ ရရှိသည့် သဘောတူညီချက်များမှာ
– သတင်းမီဒီယာတိုက်များတွင် ဥပဒေအကြံပေးများ ထားရှိရန် တိုက်တွန်းသွားမည်။

– သတင်းသမားများသိသင့်သော ဥပဒေများကို Manual Book များ ပြုစုသွားမည်။

– မီဒီယာဥပဒေအရ အကာအကွယ်ယူနိုင်ရန် ကြိုးစားသွားမည်။
သတင်းထောက်များအား အကာအကွယ်ပေးမည့် အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ကြိုးစားမည်။

– ဥပဒေအရ ရပိုင်ခွင့်များ တောင်းခံနိုင်ရန်နှင့် ဥပဒေအရ တရားပြန်လည်စွဲဆိုနိုင်ရန် ဆောင်ရွက်သွားမည်။

– မီဒီယာဥပဒေကို သတင်းသမားများအတွက် အကာအကွယ်ပေးနိုင်ရန် လိုအပ်သည်များကို ပြင်ဆင်နိုင်ရန် ကြိုးစားမည်။

– သတင်းသမားများ ကာကွယ်ရန်အတွက် သတင်းအဖွဲ့အစည်းများ အားလုံးပါဝင်သော ယာယီပူးပေါင်းအဖွဲ့တစ်ခု ပေါ်ပေါက်လာစေရန် ကြိုးစားပြီး စာနယ်ဇင်းကောင်စီအား ၀န်းရံသွားမည်။

– သတင်းဌာန ပိုင်ရှင်များနှင့် ဆုံးဖြတ်ချက်ချနိုင်သူများအား သတင်းသမားများ အကာအကွယ်ပေးနိုင်ရန် စည်းရုံးသွားမည်။

– သတင်းစာလွတ်လပ်ခွင့်နှင့် သတင်းသမားများ၏ လုပ်ငန်းဆောင်တာများအား ပြည်သူသို့ ရှင်းလင်းတင်ပြမည်။

– သတင်းသမား၏ လုပ်ရပ်အား ကျင့်ဝတ်စံနှုန်းများနှင့် ညီ၊ မညီ ဆုံးဖြတ်မည်။

– မီဒီယာ ကျင့်ဝတ်များအား မကြာခဏဆို အသိပေး ဆွေးနွေးမှုများ ပြုလုပ်မည်။

– ကျင့်ဝတ်နှင့် ပါတ်သတ်သော ပြသနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါကအပြန်အလှန် ၀ိုင်းဝန်းဆွေးနွေးကာ အချင်းချင်း ပြန်လည်ထိန်းညှိသွားနိုင်ရန် ကြိုးပမ်းမည်။

– မီဒီယာ ဆွေးနွေးပွဲများအား နယ်မြို့များတွင် ပြုလုပ်သွားနိုင်ရန် ကြိုးစားမည်။

– မီဒီယာသမားများ၏ မလျော်ကန်သည့် အပြုအမူများအား အချင်းချင်းပြန်လည် ထိန်းညှိသွားနိုင်ရန် ကြိုးပမ်းမည်။

– မီဒီယာ ထုတ်ဝေသူနှင့် ပိုင်ရှင်များအား သိရှိနိုင်ရန် ကြိုးစားမည်။

– သတင်းဌာနများသို့ သွားရောက်ကာ လက်ရှိဖြစ်ပျက်နေသော အခက်အခဲများအား ရှင်းပြစည်းရုံးကာ မီဒီယာသမားများအတွက် အကာအကွယ်ပေးနိုင်ရန် ရံပုံငွေတစ်ရပ် ထူထောင်သွားမည်။

– အားလုံးပါဝင်လာမည့် မီဒီယာ ဖိုရမ်တစ်ခု ကျင်းပသွားမည်။

မီဒီယာဖိုရမ် ဖိတ်ကြားခြင်းနှင့်ပတ်သက်၍

“ယနေ့ ကျင်းပတဲ့ မီဒီယာဖိုရမ် နှင့်ပတ်သက်၍ အချို့သော သတင်းမီဒီယာသမားများ မသိရှိလိုက်ရကြောင်း သိရပါသည်။
 ၂၄ ရက်နေ့ညနေတွင် ဟိုတယ် နေရာ အတည်ဖြစ်ပြီးနောက် ၂၅ ရက်နေ့နံနက်တွင် အီးမေးလ် လိပ်စာအချို့နှင့် ဖေ့စ်ဘွတ်စာမျက်နှာတွင် ဖိတ်ကြားခဲ့ရခြင်းဖြစ်ပါသဖြင့် စီစဉ်မှုအားနည်းခြင်းအတွက် မသိရှိလိုက်ရသူများအားဤနေရာမှ တောင်းပန်ပါသည်”

လို့ စီစဉ်သူများက ဖေ့စ်ဘွတ်ကနေ ထုတ်ပြန်ထားတာလဲ တွေ့ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts