Maung Swan Yi ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် – “ ကျောက်ခေတ်လက်ကျန် ဒို့မြန်မာများ”

မောင်စွမ်းရည် –  “ ကျောက်ခေတ်လက်ကျန် ဒို့မြန်မာများ”

ဇူလိုင် ၂၆၊ ၂၀၁၄

ဒို့တိုင်းပြည်က

ခေတ်နောက်ကျခဲ့။

တောင်ကြီးတွေက ရှေးကျ

တောကြီးတွေက ရှေးကျ

မြေကြီးတွေက ရှေးကျ

ကျောက်လွှာတွေက ရှေးကျ

ရှေးကျဆို-

“ပေလီယိုလစ်သစ်’’လား

“မီဆိုလစ်သစ်”လား

လူသားတွေက် ကျောက်ခေတ်သာသာ

စားတာလဲ ကျောက်ခေတ်အစာ

ဝတ်တာလဲ ကျောက်ခေတ်ပမာ

အမဲလိုက်တာလဲ ခုထိပဲ၊

အမဲလိုက်ခံရတာလဲ ခုထိပဲ၊

ဂူအောင်းတာလဲ ခုထိပဲ။

ဒါပေမဲ့လဲ-

မိုးတွေရွာတော့၊ ရွာတဲ့မိုးဟာ

ခေတ်ဆန်လိုက်တာ-

ကျည်ဆန်မိုးတဲ့၊ ဗုံးဆန်မိုးတဲ့

ဒုံးပျံမိုးတဲ့။

ကျောက်ခေတ်ရွာနေ

ကျောက်ခေတ် လူသားတွေ

သေတော့ “မော်ဒန်”

ကျည်ဆန်မှန်လို့တဲ့။

နှောင်းခေတ်သုတေသီတွေက

ကျည်ဆန်မှန်တာကို

မိုးကြိုးမှန်တယ် ထင်လေမလား။

သြော်- ဘယ်လိုပဲသေသေ

သေတော့ မြေကြီးပါပဲလေ။

(၂၀၁၄ မေ၁၃။ နယူးယောက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts