သတင်းဆောင်းပါး

ထင်အောင် – ၅၅ကြိမ်​​မြောက်​ နိုင်​ငံတကာသင်္ချာအိုလံပစ်​ပြိုင်​ပွဲသို့ ခရီးစဉ်

ထင်အောင် – ၅၅ကြိမ်​​မြောက်​ နိုင်​ငံတကာသင်္ချာအိုလံပစ်​ပြိုင်​ပွဲသို့ ခရီးစဉ်

ဇူလိုင် ၂၅၊ ၂၀၁၄

မြန်​မာနိုင်​ငံတက္ကသိုလ်​၊ ​ဒီဂရီ​ကောလိပ်​နှင့်​ကောလိပ်​အသီးသီးရှိသင်္ချာဌာနများတွင်​ သက်​ဆိုင်​ရာသင်္ချာအသင်းများကိုဖွဲ့စည်းထားခဲ့သည်​မှာ ကြာရှည်​ခဲ့ပါပြီ။ ရန်​ကုန်​တက္ကသိုလ်​သင်္ချာအသင်း၊ မန္တ​လေးတက္ကသိုလ်​သင်္ချာအသင်းစသဖြင့်​ နှစ်​စဉ်​ဖွဲ့စည်းခဲ့ကာ သင်္ချာဘာသာရပ်​ကို သင်​ယူ​နေ​သော​ကျောင်းသား​ကျောင်းသူများအတွက်​ လိုအပ်​​သောပညာရပ်​ဆိုင်​ရာစာ​ပေစာတမ်းများ ပြုစုထုတ်​​ဝေခြင်း၊ အားကစားပွဲများယှဉ်​ပြိုင်​​သောအခါ လိုအပ်​သည်​များ​ထောက်​ပံ့​ပေးခြင်း၊ ဘာသာရပ်​ဆိုင်​ရာဗဟုသုတများတိုးပွား​စေရန်​ ဘာသာရပ်​ဆိုင်​ရာပညာရှင်​ဆရာကြီး၊ ဆရာမကြီးများကိုဖိတ်​ခါ်၍​ ပညာ​ပေး​ဟော​ပြောပွဲများပြုလုပ်​​ပေးခဲ့ကြပါသည်​။

မန္တ​လေးတက္ကသိုလ်​မှ ပါ​​မောက္ခ​ဒေါက်​တာညွန့်​​ရွှေ Cambodia နိုင်​ငံတွင်​ကျင်းပ​သောနိုင်​ငံတကာသင်္ချာ​ဆွေး​နွေးပွဲသို့ သွား​ရောက်​ခွင့်​ရ​သောအခါမှ မြန်​မာနိုင်​ငံမှာလည်း အိမ်​ရှင်​အဖြစ်​ညီလာခံပြုလုပ်​​ပေးပါရန်​ ကမ်းလှမ်းချက်​ရရှိခဲ့ပါသည်​။ ဒေါက်​တာညွန့်​​ဆွေကလဲ မဖြစ်​ဖြစ်​​အောင်​ လုပ်​ပါ့မည်​ဟု ကတိ​ပေးခဲ့ပါသည်​။ လက်​​တွေ့လုပ်​ငန်းများ​ဆောင်​ရွက်​​သောအခါမှနိုင်​ငံတကာမှ သင်္ချာအသင်းများနှင့်​ဆက်​သွယ်​ရန်​အတွက်​ မြန်​မာနိုင်​ငံသင်္ချာအသင်းကိုဖွဲ့စည်းရန်​လိုအပ်​​နေ​ကြောင်း သိရှိခဲ့ကြပါသည်​။

ထို​ကြောင့်​ မြန်​မာနိုင်​ငံသင်္ချာအသင်းဖြစ်​​မြောက်​​ရေး​ကော်​မတီကို​ ဒေါက်​တာမြင့်​​ဆွေက ဥက္ကဌအဖြစ်​တာဝန်​ယူကာ ဖွဲ့စည်းခဲ့ပါသည်​။ မန္တ​လေးတက္ကသိုလ်​တွင်​ကျင်း​ခဲ့​သောနိုင်​ငံတကာသင်္ချာ​ဆွေး​နွေးပွဲ ကျင်းပ​နေချိန်​တွင်​ တက်​​ရောက်​လာကြ​သောနိုင်​ငံတကာမှသင်္ချာပညာရှင်​များ၏ ဝိုင်းဝန်းအား​ပေးတိုက်​တွန်းမှုများ​ကြောင့်​ မန္တ​လေးတက္ကသိုလ်​ဘွဲ့နှင်းသဘင်​ခန်းမအစည်း​ဝေးခန်းတွင်​ မြန်​မာနိုင်​ငံသင်္ချာအသင်းယာယီကို ဖွဲ့စည်းခဲ့ပါသည်​။

ဥက္ကဌအဖြစ်​ဆရာကြီး​ဒေါက်​တာသိမ်းမြင့်​က တာဝန်​ယူခဲ့ပါသည်​။ ၂၀၁၃ခုနှစ် ​ဒီဇင်​ဘာလတွင်​ ဗီယက်​နမ်​နိုင်​ငံဟိုချီမင်းမြို့၌ပြုလုပ်​​သော အပြည်​ပြည်​ဆိုင်​ရာသင်္ချာညီလာခံနှင့်​ အ​ရှေ့​တောင်​အာရှဆိုင်​ရာ သင်္ချာအဖွဲ့အစည်းသို့​ ဒေါက်​တာသိမ်းမြင့်​ကိုယ်​တိုင်​သွားတက်​ခဲ့ပါသည်​။ အဆိုပါအစည်းအ​ဝေးမှ မြန်​မာနိုင်​ငံသင်္ချာအသင်းအား SEAMS အဖွဲ့ဝင်​အဖြစ်​ အသိအမှတ်​ပြုကာလက်​ခံခဲ့ပါသည်​။ ၂၀၁၄ခု နှစ်​ဇန္နဝါရီလတွင်​ မြန်​မာနိုင်​ငံသင်္ချာအသင်းကို​ အောင်​မြင်​စွာဖွဲ့စည်းနိုင်​ခဲ့ပါသည်​။၏

အသင်းအဖြစ်​ရပ်​တည်​လာ​သောအခါ လိုအပ်​​သောနိုင်​ငံတကာအဆင့်​မှီထုတ်​​ဝေရန်​ သင်္ချာဂျာနယ်​​ကော်​မတီ၊ နိုင်​ငံတကာသင်္ချာအိုလံပစ်​ပြိုင်​ပွဲများတွင်​ ဝင်​​ရောင်​ယှဉ်​ပြိုင်​နိုင်​​စေရန်​ သင်္ချာအိုလံပစ်​​ကော်​မတီတို့ကိုပါ ဖွဲ့စည်းခဲ့ရပါသည်​။ နိုင်​ငံတကာသင်္ချာအိုလံပစ်​ပြိုင်​ပွဲများတွင်​ ဝင်​ပြိုင်​နိုင်​ရန်​အတွက်​ ပထမ နိုင်​ငံတကာအိုလံပစ်​​ကော်​မတီက အသိအမှတ်​ပြုလက်​ခံထား​သော အဖွဲ့ဝင်​နိုင်​ငံဖြစ်​ရပါမည်​။

အဖွဲ့ဝင်​နိုင်ငံအဖြစ်​ဝင်​​ရောက်​ခွင့်​​ပေးပါရန်​​ လျှောက်​လွှာတင်​လိုက်​​သောအခါ၊ အသင်းစည်းကမ်းစည်းမျဉ်းများအရ အဖွဲ့ဝင်​ဖြစ်​လို​သောနိုင်​ငံသည်​ သင်္ချာအိုလံပစ်​ပြိုင်​ပွဲများကို​ လေ့လာသူအဖြစ်​ နှစ်​ကြိမ်​ဆက်​တိုက်​ တက်​​ရောက်​ရပါမည်​။ ထို​နောက်​မှ ဝင်​ခွင့်​ပြုမပြုကို နိုင်​ငံတကာ သင်္ချာအိုလံပစ်​​ကော်​မတီ အလုပ်​အမှု​ဆောင်​​ကော်​မတီမှ ဆုံးဖြတ်​မည်​ဖြစ်​ပါသည်​။

အဓိကကျ​သော အသင်းဝင်​ဖြစ်​​စေရန်​မှာ ​လေ့လာသူအရင်​​စေလွှတ်​ရမည်​ဖြစ်​ပါ​သော​ကြောင့်​​ တောင်​အာဖရိကနိုင်​ငံကိပ်​​တောင်းမြို့တွင်​ ဇူလိုင်​လ ၃ရက်​​နေ့မှ ၁၃ရက်​​နေ့အထိ ကျင်းပမည့်​ ၅၅ကြိမ်​​မြောက်​နိုင်​ငံတကာ သင်္ချာအိုလံပစ်​ပြိုင်​ပွဲသို့​ လေ့လာသူအဖြစ်​ မြန်​မာနိုင်​ငံသင်္ချာအသင်းမှ ပြန်​ကြား​ရေးအရာရှိ ဦးထင်​​အောင်​ကို​ စေလွှတ်​ခဲ့ပါသည်​။

(Cape Town Airport)

သိပ္ပံပညာတိုးတက်​လာခြင်း​ကြောင့်​ နိုင်​ငံတကာနှင့်​ဆက်​သွယ်​မှုများတွင်​မြန်​ဆန်​လာ​သော အကျိုးတရားကို ယခုခရီးစဉ်​တွင်​ ခံစားခဲ့ရပါသည်​။ မိုင်​​ပေါင်းများစွာကွာ​ဝေး​သောနှစ်​နိုင်​ငံသည်​ အင်​တာနက်​၏​ကူညီမှု​ကြောင့်​ မီနစ်​ပိုင်း၊ နာရီပိုင်းအတွင်း လိုအပ်​သည်​များ၊ သိသင့်​သိထိုက်​သည်​များကို အပြန်​အလှန်​ဆက်​သွယ်​နိုင်​ခဲ့ပါသည်​။ ဖြည့်​စွက်​ရမည့်​ပုံစံဇယားများ၊ ဓာတ်​ပုံများကို လွယ်​လင့်​တကူပို့​ပေးနိုင်​ခဲ့ပါသည်​။ ညွှန်​ကြားချက်​များမှ လိုအပ်​ချက်​တခုဖြစ်​​သော Yellow fever ကာကွယ်​​ဆေးထိုးပြီး​ကြောင်း လက်​မှတ်​ကိုလဲ မရ၊ရ​အောင်​ ယူထားခဲ့ရပါသည်​။

တိုင်းပြည်​တခုအတွင်းသို့ ဝင်​​ရောက်​ခွင့်​​ပေးနိုင်​​သော visa ယူရန်​ကိစ္စတွင်​ ခက်​ခဲ​သောကိစ္စမှာ ကျွန်​​​တော်​တို့နိုင်​ငံတွင်​ သက်​ဆိုင်​ရာနိုင်​ငံမှ သံရုံးမထားရှိခြင်း ပါပါသည်​။ ထို​ကြောင့်​ အနီးစပ်​ဆုံးသံရုံးတည်​ရှိ​သော ထိုင်းနိုင်​ငံတွင်​ Visaသွားယူရမည်​ဖြစ်​ပါသည်​။ ကံအား​လျှော်​စွာ ထိုင်းနိုင်​ငံတွင်​ လည်​လည်​ပတ်​ပတ်​ သွားလာတတ်​​သောသမီးမှ အတူလိုက်​ပါ​ဆောင်​ရွက်​​ပေး​သော​ကြောင့်​ visa ကိုအချိန်​မှီရလိုက်​ပါသည်​။

ထို​ကြောင့်၂၀၁၄ခုနှစ်​ ဇူလိုင်​လ ၁ရက်​​နေ့တွင်​ ခရီးစခဲ့ပါသည်​။ အဓိကကျ​သော​ လေယာဉ်​ခရီးစဉ်​မှာ တပတ်​လျှင်​ သုံးကြိမ်​သာ ​ပြေးဆွဲပါ​သော​ကြောင့်​ အချိန်​မှီ​ရောက်​နိုင်​ရန်​ တရက်​ကြိုထွက်​ရပါသည်​။ ၁ ရက်​​နေ့ည​နေ ၆ နာရီတွင်​ ဘန်​​ကောက်​​လေ​ကြောင်းဖြင့်​ လိုက်​ပါခဲ့ရာ ဘန်​​ကောက်​မြို့ သုဝဏ္ဏဘုမ္မိ​လေယာဉ်​ပျံကွင်းသို့ ည ၈နာရီ တွင်​​ရောက်​ရှိခဲ့ပါသည်​။ ​လေယာဉ်​ပျံ​ပြောင်းစီးရမည့်​ Transit ခန်းမထဲတွင်​နား​နေရပါသည်​။  ည ၁၂း၃၀​လောက်​မှ QR 882 BKK to DOHA  D4 ဆိုတာ​ပေါ်လာ​တော့မှ D4 tunnel ကို​ပြေးရပါ​တော့သည်​။ ဝီရိယ​စောလွန်း​နေ၍လားမသိ​ပါ၊ ​လေ​ကြောင်းလိုင်းက တာဝန်​ရှိသူ​တွေ​တောင်​ မ​ရောက်​​သေးတာကိုသိလိုက်​ရပါသည်​။ ခဏကြာ​တော့ ခရီး​ဖေါ်အာဖရိကတိုက်​ သား​တွေ​ ရောက်​လာကြပါသည်​။ ကုလားသိုက်​ ကျားဝင်​ကိုက်​တာ ကြားဘူးပါသည်​။ ယခု​တော့အာဖရိကန်​သိုက် ​ကျားဝင်​နိုက်​ဖြစ်​​နေပါသည်​။        လေ​ကြောင်းလိုက်​မှလူ​တွေ ​ရောက်​လာတာနဲ့ အရင်​ဆုံးဝင်​လိုက်​ပါတယ်​။ ဝင်​ရကျိုးနပ်​ပါတယ်​။ ​နောက်​တခါ Transit ရှိ​သေး​တော့ luggage လုပ်​ထားတဲ့ပစ္စည်းပါလား၊ မပါလားဆိုတာကို​ လေယာဉ်ပျံနဲ့ လှမ်းစစ်​​ပေးပါတယ်​။ ပါတာ​သေချာတော့ပြီဆိုတာ ကိုယ်ထိုင်​​နေတဲ့​နေရာအထိ လာ​ပြောပါတယ်​။ နဂိုကမှ ပစ္စည်း​မပါလာမှာကို စိုးရိမ်​​နေတဲ့သူကို ပါမပါ စစ်​​ပေးမယ်​ ဆို​တော့ ပိုပြီး​ခေါင်းကြီးသွားပါသည်​။ သို့​သော် ​ဂရုတစိုက်​လာ​ပြော​နေ​တော့ ​ပျောက်​​နေလို့များ ဒီ​လောက်​ဂရုစိုက်​​နေတာလား​ တွေးမိပြန်​ပါသည်​။

လေယာဉ်ပျံ​ပေါ်ကို နံနက်​ ၁း၃၀ တွင်​တက်​ခွင့်​ရပြီး ၂း၀၀နာရီတွင်​ DOHA သို့ စထွက်​ခဲ့ပါသည်​။ ​လေယာဉ်ပျံကြီးမှာ ၇၈၅ အမျိုးအစား အကြီးကြီးဖြစ်​ပါသည်​။ တတန်းမှာ ထိုင်​ခုံ ၉ ခု ပါပါသည်​။ တစီးလုံးမှာ လူ ၅၀၀ ခန့်​ လိုက်​ပါနိုင်​ပါသည်​။ တစီးလုံး အပြည့်​ပါတာကို​ တွေ့ရပါသည်​။ ရှေ့ပိုင်း၉ခုံက bussiness class ဖြစ်​ကာ ​နောက်​ပိုင်း၁၀ ကစ၍ economy class ဖြစ်​ပါတယ်​။ ခရီးစဉ်​တ​လျှောက်​လုံး ကျွန်​​တော်​ခုံအမှတ်​က ၁၁ Bပါ။ လူ ၉၀​လောက်​ကြားမှာ အိမ်​သာ​ လေးလုံးထား​ပေးပါတယ်​။ အိမ်​သာ​တွေ အား မအားဆိုတာကိုလဲ ခရီးသည်​​တွေ​နေရာက​နေသိ​​အောင်​ အချက်​ပြ​​ပေးထားပါတယ်​။ လူ၉၀ ကို ပြုစုရန်​​ လေယာဉ်​မယ်​နှစ်​ဦးက တာဝန်​ယူထားပါတယ်​။

စထွက်​ပြီးမကြာခင်​အတွင်းမှာ အ​ကျွေးအ​မွေး စပါ​တော့သည်​။ ကြက်​သားပေါင်မုန့်​စားမလား၊ သတ်​သတ်​လွတ်​ပလာတာ စားမလား​ရွေးနိုင်​ပါတယ်​။ ဗန်းထဲမှာ သစ်​သီးတပန်းကန်​၊ ဒိန်​ချဉ်​တဘူး၊​ ထောပတ်​၊ ​ရေသန့်​တဘူး ပါပါတယ်​။ အပူ​သောက်​လိုသူ​တွေအတွက်​​ ကော်​ဖီ၊လက်​ဖက်​ရည်​၊ အ​အေးသမားများက​တော့ လိ​မ္မော်​ရည်​၊ ပန်းသီး​ဖျော်​ရည်​ရနိုင်​ပါတယ်​။ ယမကာသမားများက​တော့ ဘီယာဘူး​လေး​တွေ​ ပေး​နေတာကို​ တွေ့ရပါသည်​။ အခြား​သော ယမကာများကိုလဲ​ တောင်းဆိုပါက​ ပေးမည်​ထင်​ပါသည်​။ ကျွန်​​တော်​အနားက လူ​တော်​​တော်​များများက​တော့ ဘီယာမှာ​နေပါသည်​။ ကျွန်​​တော်​က အကြိုက်​ဆုံးပန်းသီး​ဖျော်​ရည်​ကို​ တောင်းလိုက်​ပါသည်​။ က​လေးကစားစရာခွက်​ထဲတွင်​ တဝက်​သာထည့်​​ပေးသွားပါသည်​။ သို့​သော် ​လို​သေးပါက ကြိုက်​သ​လောက် ​​တောင်း​သောက်​နိုင်​ပါသည်​။ အိပ်​ချိန်​ဖြစ်ေ​န​သော​ကြောင့်​​ ကျွေးတာ​တွေကိုမစားဘဲ အိပ်​​နေ​သောသူများကိုလည်း ​တွေ့ရပါသည်​။ တချို့သူများက မိမိတို့တွင်​ပါလာ​သော ​ချောကလက်​ပြားကို ကိုက်​စားကာ ​ရေ​သောက်​တာကိုလဲ ထူးထူးခြားခြားမြင်​ရပါ​သေးသည်​။ ခဏခဏစီး​နေရလို့ ခရီးစဉ်​မှာ​ကျွေးတာ​တွေကို မစားချင်​​တော့တာဖြစ်​နိုင်​ပါသည်​။ က​လေးပါလာ​သောသူများ စား​နေစဉ်​ က​လေးကို​ ခေါ်ထိန်းထား​ပါ​သေးသည်​။ ထိန်းလို့ရတဲ့က​လေးမို့သာ​ပေါ့။ ထိန်းမရတဲ့က​လေးဆို ဆူညံ့​နေမှာပဲလို့ ကြံဖန်​​ တွေးမိပါ​သေးသည်​။ စား​သောက်​ပြီး​သောပစ္စည်းများကို နာရီဝက်​ခန့်​အကြာတွင်​ ပြန်​လာ၍ သိမ်းပါသည်​။ ဒါ​တောင်​မှ စားမပြီး​သေး​သောသူများရှိ​နေပါ​သေးသည်​။ ကျွန်​​တော်​က​တော့ ပန်းသီး​ဖျော်​ရည်​နဲ့​ ရေတခွက်​ထပ်​​တောင်းလိုက်​ပါတယ်​။ ဒီတခါ​တော့​ နောက်​တခါထပ်​​တောင်းမှာစိုးလို့လား မသိပါ။ ခွက်​အပြည့်​ထဲ့​ပေးသွားပါတယ်​။

စား​သောက်​ပြီး ဗိုက်​ပြည့်​သွားသူများသည်​ ပြန်​အိပ်​သူကအိပ်​၊ မိမိထိုင်​ခုံ​ရှေ့ရှိ ရုပ်​မြင်​သံကြားစက်​မှ ကြိုက်​ရာရုပ်​ရှင်​ကို​ ရွေးကြည့်​​နေကြပါသည်​။ မြန်​မာနိုင်​ငံသား​တွေသ​ဘောကျ​သော ကိုရီးယားကား​တွေလဲ ပါပါသည်​။ ပျင်းပျင်းနဲ့ကိုရီးယား​ရှေး​ဟောင်းကားတကား ကြည့်​လိုက်​ပါသည်​။ အင်္ဂလိပ်​စာတမ်းထိုး​ပေးလို့ အဆင်​​ပြေ ကြည့်​၍ရသွားပါသည်​။ တစီးလုံးလဲ ရုပ်​ရှင်​ကြည့်​သူကကြည့်​၊ ဗွီဒီယိုခလုပ်​နှိပ်​သူကနှိပ်​၊ သီချင်း​နား​ထောင်​ဘို့ သီချင်း​ရွေးသူက​ရွေးနဲ့ အချိန်​ကုန်​​အောင်​ဖြုန်း​နေကြပါသည်​။ ခရီးစဉ်​က ၇နာရီကြာ​အောင်​ စီးရမှာဖြစ်​ပါသည်​။ ဒီလိုနဲ့​ကျွေးတာကိုစားလိုက်​၊ တိုက်​တာကို​သောက်​လိုက်​၊​ ပြောတာကို နား​ထောင်​လိုက်​နဲ့ မနက်​ ၄း၃၀မှာ DOHA ကို​ရောက်​ပါသည်​။

Bangkok မှာကထဲက သတိထားမိတာတခု ရှိ​နေပါတယ်​။ ယခင်​က Transit ဆိုတဲ့အစား အခု Transfer လို့သုံးပါသည်​။ Bangkok က​တော့နှစ်​ခုလုံး သုံးထားပါတယ်​။ ဒီဘက်​​ရောက်​လာ​တော့Transfer လို့ပဲသုံးပါ​တော့သည်​။ ဆိုင်းဘုတ်​​တွေကိုဖတ်​၊ ​ကြေငြာ​နေရာ​တွေမှာ​ ရေးထားတာကို ဖတ်​ကြည့်​​တော့C3 က​နေစီးရမယ်​လို့ သိရပြန်​ပါသည်​။ ထုံးစံအတိုင်း ခရီးသည်​​တွေကတန်းစီ​နေကြ​သော်​လည်း တာဝန်​ရှိသူ​တွေက မလာ​သေးတာကို သတိထားမိပြန်​ပါသည်​။ မနက်​ ၆း၀၀ နာရီ ထွက်​မယ်​လို့​ ပြောထားတဲ့ခရီးစဉ်​ဟာ ၇း၀၀နာရီမှ ထွက်​နိုင်​ပါသည်​။ ​လေယာဉ်​မှူးကြီးက ငါးမီနစ် ​တခါ​လောက် ​​တောင်းပန်​​နေပါသည်​။ ခရီးသည်​​တွေကလဲ ဘာ​ကိစ္စ​ကြောင့်​​ ​နောက်ကျသလဲဆိုတာကို ဘယ်​သူကမှမ​မေးကြတာက ထူးဆန်း​နေပါသည်​။ အမြဲတန်း​နောက်​ကျ၊ အမြဲ​တောင်းပန်​​နေလို့ ရိုး​နေတာ ဖြစ်​ပြီး မ​မေး​တော့တာဖြစ်​မှာပါလို့ ကိုယ်​အ​ဖြေကိုယ်​ ထုတ်​လိုက်​ပါသည်​။ နောက်​ပိုင်းစီးသမျှ​ နောက်​ကျပြီး အမြဲ​တောင်းပန်​သံကို ကြား​နေရပါသည်​။ လူ​တွေက သူ​တောင်းပန်​တာကို ဂရုမထားဘဲ မိမိတို့လုပ်​စရာကိုသာ လုပ်​​နေကြပါ​တော့သည်​။

ဒီတခါ ခရီးက ဆယ်​နာရီ​ ကြာမည့်​ခရီးဖြစ်​ပါသည်​။နောက်​ပိုင်းကျ​တော့ အမြဲ​နောက်​ကျ​နေတာကို ကျွန်​​တော်​သိလာရပါသည်​။ ​လေယာဉ်​မှူးက​ တောင်းပန်​၍​ ကျွေး​သောကြက်​သားဒန်​​ပေါက်​ထမင်းကို တစီးလုံး အားရပါးရ စားခွင့်​ရခဲ့ပါသည်​။ ယခုအ​ခေါက်​မှာ Qatar နိုင်​ငံ Doha မြို့ မှ South Africa နိုင်​ငံ Johenesburg မြို့သို့ ၉နာရီ တိုက်​ရိုက်​စီးရမည့်​ ခရီးစဉ်​ဖြစ်​ပါသည်​။ ၎င်းမြို့မှ ဆက်​၍ ခရီးဆုံး Cape Town ကို နှစ်​နာရီခန့်​ သွားရမည်​ဖြစ်​ပါသည်​။ အ​နောက်​သို့သွား​နေ​သောခရီး​ကြောင့်​ အချိန်​အားဖြင့်​အမြတ်​ရ​နေပါသည်​။ Cape Town သည်​ရန်​ကုန်​မြို့နှင့်​ ၅ နာရီ​နောက်​ကျပါသည်​။ Bangkok ကစထွက်​ကာစက ညအချိန်​ဖြစ်​​နေ​သော​ကြောင့်​ ​လေယာဉ်​ပျံ​ပေါ်တွင်​အိပ်​၍လိုက်​နိုင်​ပါသည်​။ အ​နောက်​သို့သွား​နေ​သော​ကြောင့်​ အိပ်​​ရေးဝ​နေ​သော်​လည်း မိုးကမလင်း​သေးပါ။ ခရီး​ဝေးသွားသူများအတွက်​ အချိန်​​ပြောင်းလဲခြင်းဒုက္ခကို စ၍ခံစားရပြီလို့​ တွေးမိပါသည်​။ ဒီလိုနှင့်​ နိုးလိုက်​ပြန်​အိပ်​လိုက်​စံနစ်​ကို သုံးကြည့်​​သော်​လည်း လုံးဝအိပ်​၍မရ​တော့ပါ။

အပျင်း​ပြေ​စေရန်​ ရုပ်​မြင်​သံကြားခလုတ်​ကို ဖွင့်​ရပါ​တော့သည်​။ လေယာဉ်​ပျံစထွက်​သည်​မှ ယခုထိ​ရောက်​​နေ​သော​နေရာ၊အချိန်​၊အကွာအ​ဝး၊​ နောက်​ထပ်​သွားရမည့်​အကွာအ​ဝေး၊ အချိန်​အားလုံးကို Animation နဲ့ပြသထားပါသည်​။ ရုပ်​ရှင်​၊ ရုပ်​မြင်​သံကြားဇာတ်​လမ်း၊ သီချင်း၊ ကစားနည်းမျိုးစုံကို ကြိုက်​ရာခလုတ်​နှိပ်​ကာ​ ရွေးပြီး ကစားနိုင်​ပါသည်​။ ခရီးသည်​အားလုံးက သူတို့​ရှေ့တွင်​ရှိ​နေတဲ့ စက်​နဲ့ အလုပ်​ရှုပ်​​နေကြပါ​တော့သည်​။ တဦးနဲ့တဦး အသံ​ကြောင့်​ အ​နှောက်​အယှက်​မဖြစ်​​စေရန် ​နားကြပ်​​လေးများဖြစ်​ အသံစံနစ်​ကို ထိန်းထား​ပေးပါသည်​။ ကျွန်​​တော်​လဲ အိမ်​မှာပြတ်​​တောင်းပြတ်​​တောင်းကြည့်​ဘူး​သော Twelve years slave ၊ Gravity စတဲ့ Oscar ဆုရဇာတ်​ကား​တွေကို ကြည့်​မိပါသည်​။         JOHENESBERG ​လေယာဉ်ပျံကွင်းတွင်​ ခရီးသည်​​တော်​​တော်​များများ ဆင်းသွားကြပါပြီး အနည်းငယ်​သာပြန်​တက်​လာပါသည်​။ ​နောက်​ထပ်​ နှစ်​နာရီခရီးသာ ကျန်​​တော့သဖြင့်​ ​ကော်​ဖီ၊ လက်​ဖက်​ရည်​နှင့်​ အ​အေးမျိုးစုံကိုသာ ​ကျွေးပါ​တော့သည်​။ Cape Town စံ​တော်​ချိန်​ ၆နာရီတွင်​ ​​လေယာဉ်​ခရီးဆုံးကို​ ရောက်​ရှိခဲ့ပါသည်​။

visa ထဲတွင်​ သင်္ချာအိုလံပစ်​ပြိုင်​ပွဲကိုတက်​​ရောက်​မည့်​သူဟု ပါ​နေ​သဖြင့်​​ မေးမြန်းခြင်းလုံးဝမရှိဘဲ ဝင်​ခွင့်​တုံးနှိပ်​​ပေးလိုက်​ပါသည်​။ ၁၅ရက်​​ နေ့ခွင့်​​ပေးပါသည်​။ ပထမဆုံးပစ္စည်း သွား​ရွေးရပါသည်​။ ထို​နောက်​ အ​သေးသုံးရန်​​ ငွေအနည်းငယ်​ကို လဲရပါသည်​။ ပြီးမှ လာကြိုသူနဲ့မ​တွေ့မှာကို စိုးရိမ်​လာပါသည်​။ သို့​သော်​ ထွက်​​ပေါက်​ဝတဲ့တဲ့တွင်​ IMO စာသားပါ ဆိုင်းဘုတ်​ကိုင်​ထားသူကို​ တွေ့လိုက်​​တော့မှ စိတ်​​ပေါ့သွားပါသည်​။ လေယာဉ်​ပျံတစင်းထဲမှာ ပါလာသူများနဲ့ အခုမှ ​တွေ့ရပါ​တော့သည်​။ Bulgaria၊ South Korea နှင့်​ သူကိုယ်​သူ Nippon ဟု​ ပြောကာ မိတ်​ဆက်​သူ Japan မှ ပုဂ္ဂိုလ်​များနှင့်​ ဆုံရပါသည်​။ အားလုံးမှာ လူငယ်​များဖြစ်​ကြပါသည်​။ ​နောင်​မှသိရသည်​မှာ Bulgaria မှ ပုဂ္ဂိုလ်​မှာ အ​ရေးကြီး​သော​ မေးခွန်းထုတ်​​သောအဖွဲ့၏ အတွင်း​ရေးမှူးဖြစ်​​နေကာ၊ ကျန်​သူများမှာ အ​ရေးပါ​သော​နေရာများမှာတာဝန်​ယူမည့်​ coordinator များဖြစ်​​နေပါသည်​။ နိုင်​ငံ​ပေါင်း ၁၀၆ နိုင်​ငံမှ​ ခေါင်း​ဆောင်​များနှင့်​ ​ယခုနှစ်​မှစ၍​ လေ့လာသူအဖြစ်​လာ​ရောက်​​ ​သော Boswatna၊ Madagasca နှင့်​ မြန်​မာနိုင်​ငံ သုံးနိုင်​ငံကို Garden Court ဟု​ခေါ်​သော ​နေရာတွင်​ သီးသန့်​ထားပါသည်​။

(မြန်မာပြည် မိတ်ဆက်)

ဇူလိုင်​လ ၃ရက်​​နေ့တွင်​ shortlist ဟုအမည်​​ပေးထား​သောနိုင်​ငံတကာမှ အကြံပြုတင်​ပြထား​သော ​မေးခွန်းများမှ ​မေးခွန်း​ရွေးချယ်​​ရေးအဖွဲ့မှ​ ရွေးချယ်​ထား​သော​မေးခွန်းများကို ထုတ်​​ပေးပါသည်​။ ဇူလိုက်​လ ၄ရက်​​နေ့မှစကာ beauty contest ကိုလုပ်​ပါသည်​။ သင်္ချာပြိုင်​ပွဲမှာအလှမယ်​​ရွေးပွဲက ဘယ်​လိုပါလာတာလဲလို့ ထင်​မိပါသည်​။ ဇူလိုင်​လ ၅ ရက်​​နေ့ ၈နာရီအ​ရောက်​ beauty contest အတွက်​ အမှတ်​စာရင်းများကို​ ပေးအပ်​ခိုင်းပါသည်​။ ​လေ့လာသူများက​တော့ မဲ​ပေးခွင့်​မရပါ။

နောက်​တ​နေ့ကျမှ shortlist ထဲမှ ပုစ္စာများကို အလွယ်​၊ သာမာန်​နှင့်​ အခက်​ဆိုပြီး အဆင့်​ခွဲခိုင်းတာ ဖြစ်​ပါသည်​။ အလွယ်​ကို အစိမ်း​ရောင်​၊ သာမာန်​ကို အဝါ​ရောင်​၊ ခက်​ခဲတာကို အနီ​ရောင်​ဖြင့်​ ပုစ္ဆာတိုင်းကို bar graph များဖြင့်​​ ဖေါ်ပြထားပါသည်​။ အထက်​ပါစာရင်းပြုစုခြင်းကို beauty contest ဟု​ခေါ်​ကြောင်း သိရပါ​တော့သည်​။

အထက်​ပါစာရင်းကိုကြည့်​ကာ အ​ရောင်​အသီးသီးမှ ​လေးပုဒ်​ဆီကို မဲစံနစ်​နှင့်​ရွေးချယ်​ပါသည်​။ လွန်​ခဲ့​သောအကြိမ်​များမှ​ မေးခွန်း​ဟောင်းများဖြင့်​တူ​နေပါက ကန့်​ကွက်​ကြပါသည်​။ ထိုအခါ ​မေးခွန်း​ရွေးချယ်​​ရေးအဖွဲ့က လက်​ခံပါက ပယ်​ဖျက်​ကာ၊ ​ရွေးချယ်​​ရေးအဖွဲ့က လက်​မခံပါက အ​ကြောင်းပြကာ ရှင်းပြကြပါသည်​။

နောက်​ဆုံးတွင်​ နံပါတ်​  ၁နှင့်​ ၄ကို အစိမ်း​ရောင်​ပုစ္ဆာမှ၎င်း၊ နံပါတ်​၂နှင့်​ ၅ကို အဝါ​ရောင်​မှ၎င်း၊ နံပါတ်​ ၃နှင့်​ ၆ကို အနီ​ရောင်​မှ၎င်း အသီးသီး​ ရွေးခဲ့ပါသည်​။ ထို​နောက်​ နံပါတ်​ ၁၊၂ နှင့်​ ၃ ပါ​သော​မေးခွန်းကို ပထမ​မေးခွန်း၊ နံပါတ်​ ၄၊ ၅နှင့်​ ၆ ပါ​သော ​ဒုတိယ​မေးခွန်းတို့ကို အတည် ​ပြုကြပါသည်​။ ​မေးခွန်းတခုဆီကို​ ဖြေဆိုချိန်​ ​လေးနာရီခွဲ သတ်​မှတ်​ထားပါသည်​။ ပုစ္ဆာတပုဒ်​ကို ခုနှစ် ​မှတ်​ သတ်​မှတ်​ပါသည်​။ မေးခွန်းအတည်​ပြုပြီး​သောအခါ​ မေးခွန်းများကို​ဖြေဆိုမည့်​ နိုင်​ငံအလိုက်​ ဘာသာပြန်​ကြပါသည်​။

ရုရှား၊ စပိန်​၊ ပြင်​သစ်​၊ ဂျာမဏီတို့အပြင်​ မိမိတို့နိုင်​ငံသုံးဘာသာအဖြစ်​လဲ ပြန်​ဆိုနိုင်​ပါသည်​။ English လို finite ဆို​သောစကားလုံးကို Russian လိုပြန်​​သောအခါ bounded သ​ဘောဖြစ်​​နေသဖြင့်​ ငြင်းခုံသံတို့ဖြင့်​ ဆူညံ​နေပါသည်​။ ဘာသာပြန်​ခြင်းကိစ္စ​ပြေလည်​သွား​သောအခါ အမှတ်​​ပေးစည်းမျဉ်း ​ရေးဆွဲရပြန်​ပါသည်​။ အမှတ်​​ပေးစည်းမျဉ်း​ရေးဆွဲရာ၌ အ​လျော့​ပေးတာ​တွေများလွန်းသည်​ဟု ထင်​မိပါသည်​။ တကမ္ဘာလုံးနှင့်​ဆိုင်​​သောကိစ္စဖြစ်​​နေသဖြင့်​ အဆင်​​ပြေ​အောင်​ လိုက်​​လျောမှု​တွေလုပ်​​ပေး​နေတာဖြစ်​မှာပါဟု​ တွေးလိုက်​မိပါသည်​။

စာစစ်​ခြင်းလုပ်​ငန်းအားလုံး ပြီးသွား​သောအခါ ဆု​ပေးရန်​​ရွေးရပြန်​ပါသည်​။ ဆုများကို ၁း၂း၃ အချိုးအတိုင်း​ပေးပါသည်​။ ပထမဆု တဆု၊  ဒုတိယဆုနှစ်​ဆု၊ တတိယဆု သုံး ဆု​ပေးမည်​ဖြစ်​ပါသည်​။ ယခုနှစ်​အတွက်​ ပထမဆုကို အ​ယောက်​ ၈၀ ဆု​ပေးပါသည်​။

(ပြိုင်ပွဲဝင် တောင်အာဖရိကနိုင်ငံက ကလေးလူငယ်များ)

နောက်​ဆုံးပိတ်​ပွဲနှင့်​ ဂုဏ်​ပြုဆု​ပေးပွဲကို ဇူလိုင်​လ ၁၂ရက်​​နေ့ညတွင်​ ကျင်းပပါသည်​။ အစဉ်​အလာအတိုင်း အိမ်​ရှင်​နိုင်​ငံ၏ ရိုးရာအက အလှများဖြင်​ ဧည့်​ခံပြီး ဆု​ပေးပွဲကိုစပါ​တော့သည်​။ ဆုများကို ပြိုင်​ပွဲအတွက်​ အဓိက​နေရာက​နေ လုပ်​​ဆောင်​ခဲ့ကြ​သော​ မေးခွန်းထုတ်​သူများ၊ အမှတ်​​ပေးဇယား​ရေးဆွဲသူများနှင့်​ စာစစ်​သူများက ချီးမြှင့်​​ပေးပါသည်​။ ပညာရှင်​များကို​နေရာ​ပေးခြင်း​ကြောင့်​ သ​ဘောကျမိပါသည်​။

စင်​​ပေါ်တွင်​ ဆု​ပေးမည့်​သူ ၂၀ခန့်​ တန်းစီရပ်​​နေကာ တကြိမ်​လျှင်​ ဆုယူမည့်​သူ ၂၀ တက်​လာပါသည်​။ ဆု​ပေး၊ နှုတ်​ဆက်​၊ ဓာတ်​ပုံရိုက်​ခံကာ ပြန်​ဆင်း၊ ​နောက်​တသုတ်​တက်​ ၊ ခဏ​လေးနှင့်​ပြီးသွားပါသည်​။ နောက်​ဆုံးအစီအစဉ်​မှာ ပြိုင်​ပွဲရလဒ်​များအရ အထူးချွန်​ဆုံး​ကျောင်းသားဆု​​ ပေးအပ်​ခြင်းဖြစ်​ပါသည်​။ ယခုနှစ်​အတွက်​ Australia၊ Chiana နှင့်​ Taiwan မှ​ကျောင်းသား သုံးဦးရရှိသွားပါသည်​။ Australia မှ​ကျောင်းသားမှာ ယခင်​နှစ်​က Columbia မှာလဲ ထူးချွန်​ဆုရထားသဖြင့်​ နှစ်​ကြိမ်​ဆက်​ ဆုရသူဖြစ်​သွားပါသည်​။ သုံးဦးစလုံးမှာ ၄၂မှတ်​အပြည့်​ရသူများဖြစ်​ပါသည်​။ ထိုအတူ ပု စ္ဆာတပုဒ်​တွင်​ ၇မှတ်​ အပြည့်​ရသူများကိုလဲ ဂုဏ်​ပြုလက်​မှတ်​​ပေးအပ်​ပါသည်​။

ထို​နောက်​ အိုလံပစ်​အားကစားပွဲများထုံးစံလိုပင်​ အိုလံပစ်​အလံကို​အောက်​ချကာ အိမ်​ရှင်​နိုင်​ငံမှ​ ကျောင်းသား​လေးများက​ နောက်​တကြိမ်​အိမ်​ရှင်​တာဝန်​ယူမည့်​ ထိုင်းနိုင်​ငံမှ ​ကျောင်းသားများကို​ပေးအပ်​ကာ၊ ထိုင်းနိုင်​ငံအ​ကြောင်း ဗွီဒီယိုပြပါသည်​။ အခမ်းအနားပြီးဆုံး​ကြောင်း ​ကြေငြာကာ ၅၅ကြိမ်​​မြောက်​နိုင်​ငံတကာသချာင်္အိုလံပစ်​ပြိုင်​ပွဲကို​ အောင်​မြင်​စွာ ရုတ်​သိမ်းလိုက်​ပါ​တော့သည်​။

ဤခရီးစဉ်​၏အ​တွေ့အကြုံများအရ မြန်​မာနိုင်​ငံသင်္ချာအသင်းကိုနိုင်​ငံတကာမှ ပြိုင်​ပွဲကိုဝငိပြိုင်​​စေလို​ကြောင်းသိခဲ့ရ၍ ဝမ်းသာပီတိဖြစ်​ခဲ့ရပါသည်​။ တကယ်​ပြိုင်​ပွဲဝင်​ရန်​ ပံ့ပိုးမှု​မြောက်​များစွာ လိုအပ်​​ကြောင်း သတိပြုမိပါသည်​။ နိုင်​ငံတိုင်းက အစိုးရကပံ့ပိုးသည်​ဆိုသည်​ကို ကြားရပါသဖြင့်​ အားကျမိပါသည်​။ ရရှိထား​သောအခွင့်​အ​ရေးအရ ထိုင်းနိုင်​ငံက လာပြိုင်​ရန်​ ဖိတ်​ကြားခံထားရပါသဖြင့်​ အခွငိ့အလမ်းမဆုံးရှုံးရန်​ ဝိုင်းဝန်း ကြိုးစားကြသင့်​​ကြောင်း အကြံ​ပေးတင်​ပြလိုက်​ပါသည်​။ လူငယ်​များအ​နေဖြင့်​လည်း နိုင်​ငံတကာမှ လူငယ်​များကဲ့သို့​ မေးခွန်းပြုစုသူများတာဝန်​၊ အမှတ်​​ပေးစည်းမျဉ်း​ရေးဆွဲသူများ၊ စာစစ်​သူများတာဝန်​ကို တာဝန်​ယူနိုင်​ရန်​ ကြိုတင်​လ့လာထားသင့်​ပြင်​ဆင်​ထားသင့်​​ကြောင်း တင်​ပြအပ်​ပါသည်​။

 

(ဥာဏ်စွမ်းရည်ပြိုင်တဲ့ သခ်ာၤအုိလံပစ္က သခ်ာၤအားကစားဆရာမ်ား)

(မေးခွန်းပုံစံ)

သတင်းကြည့်ချင်က http://www.imo2014.org.za/articles/4/news


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts