Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရန်နောင်(ဗိုလ်တထောင်) ရေတာရှည် သကြားစက်မှ သိမ်းယူမြေများပြန်လည်ရရှိရေး တောင်သူများ ဆန္ဒထုတ်ဖော်

 

ရန်နောင်(ဗိုလ်တထောင်) ရေတာရှည် သကြားစက်မှ သိမ်းယူမြေများပြန်လည်ရရှိရေး  တောင်သူများ ဆန္ဒထုတ်ဖော်
မိုးမခဓာတ်ပုံသတင်း၊ ဇူလိုင် ၂၄၊ ၂၀၁၄

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ် အမှတ်(၆) သကြားစက်မှ သိမ်းယူထားသော မြေများပြန်ပေးရေး အတွက် ယာခင်းရှင် တောင်သူများမှ ဆန္ဒထုတ်ဖော်ပွဲ ကို  ၂၀၁၄ ခုနှစ် ဇူလိုင်လ (၂၁ ) ရက်နေ့က ရေတာရှည်မြို့နယ် ညောင်ပင်သာရွာမှ စတင်၍ ပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ်တွင်ရှိသော သကြားစက်အမှတ်(၆)ကို ယခုအခါ  Delicious Food ကုမ္ပဏီမှ အစိုးရနှင့် ပူးပေါင်း၍ ချက်ကြံများစိုက်ပျိုးကာ သကြားများထုတ်လုပ်ခဲ့သည်။ ထိုစိုက်ကွင်းများမှာ မူလက တောင်သူများ အပင်ပန်းခံကာ ကိုင်းခုတ်ရှင်းလင်း၍ စိုက်ပျိုးခဲ့သော မြေများဖြစ်သည်။

ယခုအခါ ဒုသမ္မတ ဦးဥာဏ်ထွန်းမှ လယ်ယာမြေများပြန်ချပေးသော်လည်း တောင်သူတို့၏ လက်ဝယ်သို့ ပြန်လည်ရောက်ရှိခြင်းမရှိသည့်အပြင် သီးစားချထားသောတောင်သူများမှ မူလလက်ငုပ်တောင်သူများအား ပုဒ်မ (၄၄၇/၄၂၇ )များဖြင့်တရားစွဲဆိုထောင်ချခြင်းများ ရှိနေသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒပြအဖွဲ့ခေါင်းဆောင် ဦးမြဝင်း မှ ပြောကြားခဲ့သည်။

ဆန္ဒထုတ်ဖော်မှုကို ပထမအကြိမ်ပြုလုပ်ခြင်းဖြစ်ပြီး ရှေ့ဆက်၍ လည်းလယ်ယာမြေပြန်လည်ရရှိရေးအား ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဦးကျော်ဝင်းမှလည်းထပ်မံပြောကြားခဲ့ပါသေးသည်။


ဆန္ဒထုတ်ဖော်သူ တောင်သူများသည် ညောင်ပင်သာကျေးရွာမှစတင်၍ ရန်ကုန် မန္တလေး လမ်းမကြီးအတိုင်းမြောက်မှတောင်သို့ရေတာရှည်မြို့အတွင်း ချီတက်ကာ ဗိုလ်ချုပ်လမ်းမှတဆင့်  ရေတာရှည်ဈေး၊ထိုမှတဆင့် တောင်မှမြောက်သို့ ပြန်လည်ချီတက်ကာ ညောင်ပင်သာရွာတွင် ဆန္ဒထုတ်ဖော်ပွဲအား ရုတ်သိမ်းခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts