ကဗျာ

စေပိုင်ထွဋ်(ပုသိမ်) – အငြိမ်မနေတဲ့ အက္ခရာ ညာလက်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

စေပိုင်ထွဋ်(ပုသိမ်) – အငြိမ်မနေတဲ့ အက္ခရာ ညာလက်

ဇူလိုင် ၂၂၊ ၂၀၁၄

 

လက်ဖ၀ါးကျယ်တာနဲ့ ဘ၀တိုင်းကို ဆုပ်ချေချင်လို့ရမလား

မခံချင်စိတ်က လူတိုင်းကို ဆူးတွေထွက်စေမယ်

ကိုယ့်အသား ကိုယ်ခွားလှီးတဲ့တိုင်းပြည်မှာ လူဖြစ်ရတာ နောက်ကျ

ပြိုင်တူတွန်းရင် ရွေ့နိုင်သတဲ့ လေဖြင့်မှုတ်ခြင်း သည်းခံပါ

ပုတ်သင်ညိုအကျင့်တွေ ရပ်တန်းကရပ်ဖို့

ဂိတ်ပေါက် ဥာဏ်တံခါးကြီး ကျယ်ကျယ်ဖွင့်လိုက်ပြီဆိုလား

အသံကျယ်ပြီး ထုထည်မရှိ တစ္ဆေများ မမွေးရ

“၀”ရှိပြီး “၀ိ”မဖြစ်တဲ့ ငါတို့အား “၀ိတ်”ဖြင့် “၀”က တက်လို့ဖိကြိတ်

နင်းပြားကောင် ဘယ်တော့ တောင်ထိပ်ရောက်မှာလဲ မှောင်မည်း

ခင်ဗျားတို့ တစ်ကိုယ်လုံးမပုပ်ခင် ဆေးအမြန်လူးသင့်တယ် အကြံ

အခို(ခိုး)များပြီး ဆောက်တဲ့တိုက် ပြို/ပြုတ်ကျတာ ထုံးစံ

ပျော့ညံ့ညံ့လက်က ပျော့ညံ့ညံ့သမိုင်းချည်း ချည်နှောင်

ပျားရည်လိုချိန် ရေနဲ့နှစ်သိမ့်နိုင်မယ် မထင်ဘူး

လှောင်ချိုင့်ထဲကငှက် ဘယ်တော့ရိုက်သတ်သတ် လာမလုပ်နဲ့

ခြင်္သေ့က ခြင်္သေ့ပီသမှ တောသုံးထောင်က ကြည်ညိုမယ် ။      ။

 

Photo Credit – A Raised Fist clip art – vector clip art online, royalty free …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts