Poems

နိုင်ဦးညို (ဖိုးဇီးရိုး) – ရိုမန်းဘော့ထ်ရယ် သနားတယ်

ရိုမန်းဘော့ထ်ရယ် သနားတယ်
နိုင်ဦးညို (ဖိုးဇီးရိုး)
ဇူလိုင် ၁၄၊ ၂၀၁၄


အောင်ရင်ငြိမ်း
မင်းကို အခုရက်ပိုင်း ငါ လွမ်းတယ်ကွာ၊

မင်းရဲ့ ဟိုးလေးတကျော် နာမည်ကြီးမှုက
တပတ်တောင် မခံလိုက်ပါလား၊

ဟိုနားက မီးထတောက်
ဒီနားက မီးထတောက်
တို့မီးရှို့မီးတွေကြားထဲမှာ
မင်းရဲ့အနုပညာမီးတောက်က
ဟုတ်ကနည်းနဲ့ ငြိမ်းရောပေါ့၊

မင်းကိုငါက အနုပညာပြောလိုက်လို့
မျိုးစောင့်ပြီး ထဟောင်မယ့်သူတွေ ကြောက်ရသေး၊

မင်းရဲ့ အနုပညာ “ရန်” က
အကြမ်းဖက်သမားတွေရဲ့
ငြိမ်းချမ်းရေးစန်တာ “ရန်” ဆိုတာထက်
အဆိပ်အတောက် ကင်းပါတယ်ကွာ၊

သူတို့ သူတော်ချင်းချင်း သတင်းလွေ့လွေ့တော့
ပေါင်းမိတာပေါ့ကွာ၊

ဒါ ဘယ်ဆန်းလိမ့်မလဲ
ဒီဖဲနဲ့ ဒီအဆင်
ကြိုတင်မြင်တတ်ခဲ့ရင်
သိသင့်ခဲ့တာကြာပါပြီကွာ၊

ဒီမိုးဒီလေ ဒီလှေပေါ်မှာ
ဒီသူဒီလူတွေနဲ့
မိုးကြီးစုံးစုံးမချုပ်ခင်
မမြုပ်ရင်ကံကောင်း၊

အောင်ရင်ငြိမ်းရယ်
မင်းကို ငါ သနားလှတယ်၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts