သတင်းဆောင်းပါး

မောင်သာမန် – နည်းပြချုပ်(မန်နေဂျာ) နှစ်ဦးနှင့် ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

နည်းပြချုပ်(မန်နေဂျာ) နှစ်ဦးနှင့် ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲ

မောင်သာမန်၊ ဇူလိုင် ၁၃၊ ၂၀၁၄


ကမ္ဘာ့ဖလား ဘောလုံးဖိုင်နယ်ကို ရောက်ခဲ့ပါပြီ။ အသင်းနည်းပြချုပ် ခေါင်းဆောင်အလွန်အရေးကြီးပါတယ်။ ဂျာမဏီနဲ့အာဂျင်တီးနား နှစ်သင်းရဲ့၊ နည်းပြချုပ်နှစ်ယောက် အားပြိုင်ခြင်းလို့ ပြောနိုင်ပါတယ်။ ဂျာမဏီကတော့ ဘရားဇီးအသင်းကို ၇း၁ နဲ့ အပြတ်သတ်အနိုင်ယူထားလို့ စိတ်ဓါတ်အင်အား၊ လူအင်အား အားကောင်းနေချိန်ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်း ဂျာမဏီလောက် အားမကောင်းပေမဲ့၊ အစဉ်အလာရှိတဲ့ အသင်းဖြစ်ပါတယ်။

 

အခု ဒီဆောင်းပါးမှာမှာတော့ ဘောလုံးသမားများ၊ နည်းဗျူဟာ၊ ကစားသမား အသွင်း/အထုတ်များ ရေးရင်၊ အများကြီးပါ။ အကျဉ်းရေးရရင် နှစ်သင်းစလုံး ဂိုးသွင်းမခံရရေးကိုပဲ ဦးစားပေးမှာဖြစ်ပါတယ်။ စိတ်ဓါတ်အားနည်းပုံရတဲ့ ဘရားဇီးအသင်း စောစောတစ်ဂိုးအသွင်းခံရပြီး၊ ပြန်ချေပလိုအားနဲ့ကစားရာမှာ၊ ခံစစ်ပေါက်ထွက်ကုန်ပြီး ၇ဂိုးတောင် သွင်းခံလိုက်ရပါတယ်။ အာဂျင်တီးနားအသင်း ဘရာဇီးလို မဖြစ်နိုင်ပါဘူး။ မက်ဆီ၊ ဂျာမဏီက သောမတ်စ်မူလာ၊ ကလို့စ် တို့လဲ ဒီပွဲမှာဂိုးများသွင်းဖို့ အရမ်း ကြိုးစားမှာမဟုတ်ပါ။ နည်းပြချုပ် စေခိုင်းတဲ့အတိုင်း တသွေမတိမ်း ခံစစ်လုံအောင် ကြိုးစားကစားမှာဖြစ်ပါတယ်။ ဗိုလ်လုပွဲမတိုင်ခင် အသင်းအုပ်ချုပ်သူများ၊ ဆရာဝန်၊ အနှိပ်သည်ကအစ၊ ထမင်းချက်၊ သန့်ရှင်းရေးသမားအဆုံး အိပ်မက်ထဲမှာတောင် ကမ္ဘာ့ဖလားကြီးရရှိပြီး အလွန်ပျော်နေတဲ့အိပ်မက်မျိုးပဲ ဖြစ်အောင်၊ အသင်းအုပ်ချုပ်သူများက အားပေး၊လုပ်ဆောင် စိတ်ဓါတ်မြှင့်တင် ထားကြမှာပါ။

 

ဒါကြောင့် အသင်းတစ်ခုလုံးအုပ်ချုပ်နေတဲ့ နည်းပြချုပ် နှစ်ဦးအကြောင်း လက်ရှိနဲ့သူတို့ နည်းပြဘဝကို အနည်းငယ်လေ့လာပါမယ်။ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်အောင်၊ ခက်ခဲစွာကြိုးစားလာခဲ့ရလို၊ အနစ်နာများစွာ ခံခဲ့ရပါတယ်။

ဂျာမဏီနည်းပြချုပ် ဂျိုချင်လို Joachim Low

 

ကမ္ဘာ့ဖလား ၂၀၀၆ မှာ လက်ထောက်နည်းပြချုပ်၊  ၂၀၁၀၊ ၂၀၁၄ (၂)ကြိမ်ကို နည်းပြချုပ်အဖြစ် အုပ်ချုပ်သူ ဖြစ်ပါတယ်။ အသက်၅၄နှစ်အရွယ်၊ ဂျာမဏီလူမျိုးဖြစ်ပါတယ်။ ငယ်စဉ်က ဂျာမန် U21 လက်ရွေးစဉ်အဖြစ် ၄ပွဲကစားခဲ့ပါတယ်။ ဂျာမန်ဒုတိယတန်းအဆင့် ကလပ်များမှာ အလယ်တန်းလူအဖြစ် ကစားခဲ့ပြီး၊ ဂျာမန်လက်ရွေးစင်မဖြစ် ခဲ့ပါဘူ။ အသက်၃၄နှစ်အရွယ်မှာ ဘောလုံးနည်းပြဖြစ်လာပြီး၊ ကလပ်သင်းပေါင်းများစွာ အနှစ်၂၀ကြာအောင် နည်းပြချုပ်လုပ်ခဲ့ပါတယ်။

 

ယခု – ကမ္ဘာ့ဖလားအုပ်စုပြိုင်ဖက် အမေရိကန်အသင်း နည်းပြချုပ် ကလင်စမန်၊ ၂၀၀၄မှာ ဂျာမဏီအသင်းရဲ့ နည်းပြချုပ် ဘဝတုန်းက ဂျိုချင်လို ကို သူ့ရဲ့လက်ထောက်နည်းပြဆရာအဖြစ်ရွေးချယ်ခဲ့ပါတယ်။ နာမည်မရှိတဲ့ လူတစ်ယောက်ကို ကလင်စမန်က လက်ထောက်အဖြစ် ရွေးချယ်ခြင်းအကြောင်းက အလွန်တော်တဲ့ နောက်ခံကစားကွက်များကို သူမှာရှိတယ်လို့ ကလင်စမန်က ပြောပါတယ်။ 

 

ဂျာမဏီနိုင်ငံအိမ်ရှင်ဖြစ်တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကလင်စမန်နဲ့ဂျိုချင်လို နှစ်ဦးပေါင်းပြီး နည်းစနစ်အသစ်များနဲ့ အနိုင်ပွဲများစွာ အစွမ်းပြခဲ့ပါတယ်။ ဆီးမီးဖိုင်နယ်မှာ အီတလီအသင်းကို ၀း၂ နဲ့ ရှုံးပြီး၊ တတိယလုပွဲမှာ ပေါ်တူဂီကို အနိုင်ရခဲ့ပါတယ်။ နောက် ၂နှစ် အကြာ Euro 2006 ပွဲမှာ ဂျာမဏီအသင်း အုပ်စုကထွက်ရပြီး၊ ကလင်စမန် နည်းပြချုပ်ဆက်မလုပ် လိုတော့တဲ့အတွက်၊ ဂျိုချင်လို နည်းပြချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။ 

 

၂၀၀၈ Euro 2008 မှာ နည်းပြချုပ်ရာထူးအပြည့်ဝနဲ့ ဂျာမဏီအနိုင်ရဗိုလ်စွဲဖို့ ကြိုးစားခဲ့ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲအထိ ရောက်လာခဲ့ပေမဲ့ ခြေစွမ်းတက်လာတဲ့ စပိန်အသင်းကို ၀း၁ တစ်ဂိုးနဲ့ကပ်ရှုံးပြီး ဒုတိယပဲ ရခဲ့ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလား တောင်အာဖရိကမှာတော့ လူငယ်ဘောလုံးသမားများစွာကို ဂျိုချင်လို ပွဲထုတ်ခဲ့ပါတယ်။ 

 

ကွားတာဖိုင်နယ်မှာ အာဂျင်တီးနားကို  ၂၀၀၆ကတည်းက ဂျာမဏီအသင်း နည်းပြချုပ်အဖြစ် ၈နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။

 

သူ့ရဲ့ ဇနီး၊ မိသားစုဟာ ဂျာမန်မြို့လေးတစ်ခုမှာ သိုသိပ်စွာနေထိုင်ပါတယ်။ အခမ်းနားတွေမှာ မတွေ့ရသလို ကိုယ်ရေးကိစ္စတွေလဲ မဖော်ထုတ်ပါဘူး။ ဘောလုံးအနိုင်ကစားဖို့ ၂၀၁၄ ကမ္ဘာ့ဖလားရဖို့ပဲ စည်းကမ်းကြီးစွာနဲ့ အသင်းကိုအုပ်ချုပ်ပါတယ်။ “Mr. Nice Guy” လို့ အမည်ပေးခံရပေမဲ့ Euro2008 ပွဲအုပ်ချုပ်သူများကို ကျယ်လောင်စွာ အော်ဟစ်ပြောဆိုတဲ့အတွက်၊ ဘောလုံးတပွဲ ကွင်းပိတ်ပင်ခံရပါတယ်။  ဒါကြောင့် ကွားတားဖိုငနယ် ဂျာမန်အသင်း ပေါ်တူဂီကို အနိုင်ရတဲ့ပွဲ မှန်လုံအိမ်ထဲမှ ကြည့်ခဲ့ရပါတယ်။ 

 

သူအသင်းကက်ပတိန် Michael Ballack နဲ့ အကြီးကျယ်၊ အချေတင်စကားပြောခဲ့ပြီး နောက်ဆုံး ကက်ပတိန်က ဝန်ချတောင်းပန်ရပါတယ်။ နာမည်ကျော်တိုက်စစ်မှုး Kevin Kuranyi အထင်မှား၊ဒေါသထွက်လို့၊ ပထမပိုင်းအပြီး ဒုတိယပိုင်း ပြန်လာမကစားတာကြောင့် သူ့ကိုနောက်ပွဲတွေ လုံးဝမသုံးတော့ပါဘူး။ ဖြစ်လေ့ရှိပါတယ်။ 

 

ဂျာမန်ဘောလုံးအဖွဲ့ချုပ်နဲ့လဲ ကမ္ဘာ့ဖလားပွဲမတိုင်မီ ဆက်ဆံရေးမပြေမလည်ဖြစ်ပေမဲ့ အဖွဲချုပ်ဥက္ကဌက ” အားလုံးအချိန်မရွေးလူစားလဲနိုင်တယ်။ ဒါပေမဲ့ ဂျိုချင်လို ကိုတော့ ကမ္ဘာ့ဖလားပြီးတဲ့အထိ လူစားလဲလို့မရဘူး..”  လို့ပြောပြီး ကာကွယ်ပေးထားပါတယ်။ စည်းကမ်းကြီးပြီး၊ ဘောလုံးပဲ တစိုက်မတ်မတ် အုပ်ချုပ်တဲ့ ဂျာမန်အသင်း မန်နေဂျာဖြစ်ပါတယ်။

 

လူရွေးချယ်မှုမှာ ဘေယန်မြူးနစ် Bayern Munich အသင်းက ၇ယောက်ပါဝင်ပါတယ်။ ဒေါမန့် Borussia Dortmund အသင်းက ၄ယောက်ရွေးခံရပါတယ်။ ဒါကြောင့် ဘေယံမြူးနစ်အများစု ဂျာမဏီအသင်းဖြစ်ပါတယ်။ ၂၀၁၄ ဂျာမန်အသင်း၊ အုပ်စုပွဲစဉ်များကတည်းက ခံစစ်လုံးစွာနဲ့ကစားပြီး၊ ထိုက်တန်စွာ ဗိုလ်လုပွဲကို တက်လာခဲ့ပါတယ်။ မမျှောလင့်ပဲ ဘရားဇီးကို ၇ဂိုးသွင်းနိုင်တာ ကမ္ဘာ့ဖလားသမိုင်းမှာ ဂိုးအများဆုံးသွင်းတဲ့ စံချိန်တင်လောက်အောင် အလွန်ကစားကွက်ကောင်းလှပါတယ်။ 

 

ဂျာမဏီဟာ အာဖရိကအသင်းများနဲ့ ခက်ခဲစွာကစားခဲ့ရပါတယ်။ အုပ်စုပွဲမှာ ဂါနာကို ၂း၂ သရေ၊ ဒုတိယအဆင့်မှာ အယ်ဂျီးယားကို အချိန်ပိုကစားပြီးမှ ၂း၁ နိုင်ခဲ့ပါတယ်။ အသင်းစိတ်ဓါတ်ကတော့ ပွဲပြီးသည်အထိ အစွမ်းကုန်၊ မီးကုန်ရမ်းကုန် ကစားပြီး၊ အုပ်ချုပ်သူနည်းပြချုပ်ရဲ့ အမိန့်နာခံမှုကောင်းပါတယ်။ ဂျာမဏီတသင်းလုံးဟာ နည်းပြချုပ် ဂျိုချင်လို ကွပ်ကဲမှုအောက်မှာ၊ နည်းစနစ်များကိုနာခံပြီး ကစားနေတာ ထင်ရှားပါတယ်။ ဘရားဇီးနဲ့ပွဲတွေမှာ ဂျာမန်အသင်းလိုက်၊ ဘရားဇီးဂိုးရှေ့မှာ ကိုယ်ရကိုယ်သွင်း၊ ဂိုးမသွင်းပဲ သေချာတဲ့လူကို ထိုးပေးပြီး အပေးအယူများဟာ အသင်းလိုက်ညီညွတ်မှုကို ပြသခဲ့ပါတယ်။ (Nesha Starcevic, AP Sports Writer)

 

အာဂျင်တီးနားနည်းပြချုပ် ဆာဘယ်လာ Alejandro Sabella

 

ရှေ့တန်းကစားသမားအဖြစ် ၁၉၇၄မှာ အာဂျင်တီးနား ရေးဘာဘလိတ် နဲ့စတင်ပြီး၊ အင်္ဂလိပ် ရှဖီးယူနိုက်တက်၊ လိယူနိုက်တက်များမှာလဲ ကစားခဲ့ပါတယ်။ နောက်ပိုင်း အာဂျင်တီးနားကလပ်အသင်းတွေမှာ ပြန်လာခဲ့ပါတယ်။ ၁၉၈၃ခုနှစ်မှာ အာဂျင်တီးနားလက်ရွေးစင်အဖြစ် တစ်နှစ် (၈ပွဲ) ကစားခဲ့ဖူးပါတယ်။ ကစားသမားဘဝက အနားယူပြီး၊ နည်းပြဖြစ်လာတဲ့အချိန် အာဂျင်တီနား နည်းပြချုပ် Daniel Passarella ရဲ့လက်အောက်မှာပဲ လက်ထောက်အဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်၊ အတွေ့ကြုံယူခဲ့ပါတယ်။ 

 

 သူတို့နှစ်ယောက်အတွဲဟာ အာဂျင်တီးနားနိုင်ငံအသင်း၊ အီတလီ ပါမားအသင်း၊ ဥရုဂွေးနိုင်ငံအသင်း၊ မက်စီကို မွန်တီရေးအသင်း၊ ဘရားဇီး ကောရိန္တုအသင်းများကို အုပ်ချုပ်ခဲ့ပြီး၊ ၂၀၀၆မှာ အာဂျင်တီးနား-ရေဗားပလိတ်အသင်းကို ပြန်ရောက်လာပါတယ်။

 

၂၀၁၁ အာဂျင်တီးနားအသင်း ကိုပါအမေရိကားပြိုင်ပွဲမှ ရှုံးနိုမ့်ထွက်ခွာပြီး၊ ဆဘဲလာကို အာဂျင်တီးနားနိုင်ငံအသင်း နည်းပြချုပ်အဖြစ် ခန့်ထားခံရပါတယ်။ ၂၀၁၄ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ၈သင်းပတ်လည် တစ်ပွဲမှမရှုံးပဲ၊ အုပ်စုဗိုလ်အဖြစ် အောင်မြင်ခဲ့ပါတယ်။ ယခုကမ္ဘာ့ဖလားပွဲမှာလဲ ပွဲစဉ်အားလုံးကို အနိုင်ရခဲ့ပါတယ်။

 

နည်းပြချုပ်အဖြစ် တာဝန်စချိန် ၂၀၁၁ ကတည်းက နာမည်ကျော်တိုက်စစ်မှုး Carlos Tevez ကို ခေါ်မသုံးတော့ပါဘူး။ ကလပ်အသင်းက ငွေကြေးဦးစားပေးပေမဲ့၊ နိုင်ငံအသင်းက ဂုဏ်သိက္ခာကို ပိုအလေးပေးပါတယ်။ Carlos Tevez ဟာ အလွန်တော်တဲ့ တိုက်စစ်မှုးဖြစ်ပြီး၊ မန်ယူ၊ မန်စီးတီး၊ ဂျူဗင်တပ် စတဲ့ အင်္ဂလိပ်၊အီတလီ ကလပ်သင်းကြီးတွေမှာ ခြေစွမ်းပြ၊ ဂိုးများသွင်းနိုင်ပါတယ်။ ဒါပေမဲ့ အသင်းအုပ်ချုပ်သူများနဲ့ ပြသနာဖြစ်လေ့ရှိတတ်ပါတယ်။ အသင်းညီညွတ်မှုကို ထိခိုက်နိုင် မခေါ်တာလို့ယူဆကြပါတယ်။ လူတွေကတော့ ဘောလုံးသမားကောင်းကို မခေါ်ခြင်းအတွက် ဆာဘယ်လာ ကို ပြစ်တင်ဝေဖန်ကြပါတယ်။

 

အသင်းကက်ပတိန်အဖြစ် မက်ဆီကို ရွေးချယ်ထားပါတယ်။ ကလပ်သင်းစုံလင်ပါတယ်။ အင်နာနေရှင်နယ် ၃ဦး၊ မန်စီးတီး ၃ဦး၊ နာပိုလီ ၃ဦး၊ ဘာစီလိုနာ ၂ဦး၊ ဘိုကာဂျူနီယာ ၂ဦး စသဖြင့် အီတလီအခြေပြု ဘောလုံးသမား ၇ဦးနဲ့ ရွေးချယ်ခဲ့ပါတယ်။ ဘောလုံးသမားများ ပြောစကား၊ အုပ်ချုပ်သူများပြောစကားကို အမြဲဂရုတစိုက်နားထောင်တတ်သူဖြစ်လို့ အရေးကြီးတဲ့ဆုံးဖြတ်ချက်မချနိုင်ဘူးလို့..အပြောခံရပါတယ်။ လက်တွေ့တော့ သူ့ဘောလုံးသမားအားလုံး သူ့စကားကို နားထောင်ကြတာ တွေ့ရပါတယ်။ 

 

အထူးသဖြင့် ဒုတိယအဆင့်ပွဲတွေမှာ အသင်းကပ္ပတိန်ဖြစ်တဲ့ တိုက်စစ်မှုး မက်ဆီ်၊ သူကစားနေကျ ရှေ့တန်းနေရာမနေရပဲ တကွင်းလုံးပြေးလွှားကစားရခြင်းဟာ ဆာဘယ်လာရဲ့ နည်းဗျူဟာဖြစ်ပါတယ်။ အာဂျင်တီးနားဘောလုံးသင်းဟာ ဆာဘယ်လာ အုပ်ချုပ်မှုအောက်မှာ နာခံမှုနဲ့ ကစားနေပါတယ်။

 

ဆာဘယ်လာ ဘဝဟာ ပွင့်လင်းစွာပဲနေထိုင်သူဖြစ်ပါတယ်။ ငယ်စဉ်က ဗျုနိုအေရိမြို့တော် ချမ်းသာကြွယ်ဝတဲ့ဖခင်နဲ့ ပညာတတ်အသိုင်းဝိုင်းမှာ ကြီးပြင်းလာခဲ့ပါတယ်။ ဗျူနိုအေရီတက္ကသိုလ်မှာ ဥပဒေပညာသင်ကြားခဲ့ပါတယ်။  ပြီးအောင်မတက်ပဲ ကျောင်းထွက်ပြီး ဘောလုံးလောကကို ခြေစုံပစ်ဝင်ခဲ့ပါတယ်။ သူဟာ နိုင်ငံရေး၊ လူမှုရေးများ၊ လက်ဝဲလူငယ်အဖွဲ့စည်းနဲ့ ဆင်းရဲသားများအရေး၊ ဆင်းရဲချမ်းသာ ကွာဟမှုနည်းပါးတဲ့ လူအဖွဲ့အစည်းကို စိတ်ဝင်စားပါတယ်။ ဆာဘယ်လာက ကမ္ဘာ့ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားပြီးရင် မည်သည့်ရလဒ်ထွက်ပေါ်သည်ဖြစ်စေ နည်းပြချုပ်ရာထူး ဆက်မလုပ်တော့ဘူး အတည်ပြုပြောကြားခဲ့ပါတယ်။ (Neil Clack – independent.co.uk)

 

ဗိုလ်လုပွဲတက်လာခဲ့တဲ့ ဘောပွဲရလဒ်များ

ဗိုလ်လုမဲ့အသင်း၂သင်း၊ အုပ်စုပွဲ၊ ဒုတိယအဆင့်ပွဲများကို အနိုင်ကစားခဲ့တဲ့ ရလဒ်များကို အောက်ပါဇယားမှာ ကြည့်နိုင်ပါတယ်။ စိတ်ဝင်စားစရာကတော့ အာဖရိကအသင်း နိုင်ဂျီးရီးယားနဲ့ ဂါနာ တို့က ၂ဂိုးပြန်သွင်းနိုင်ခြင်းပါ။  အာဂျင်တီးနားနဲ့ဂျာမဏီ နှစ်သင်းစလုံး ဂိုးသွင်းခံရမှု နည်းတဲ့အတွက် ခံစစ်ဦးစားပေး ကစားမှာပါ။ 

 

 

လစာငွေနှင့်ဆုကြေး

 

နည်းပြချုပ်များရဲ့ လစာငွေလည်း အရမ်းများလာပါတယ်။ Fobes Magazine ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ၃၂သင်းရဲ့ လစာအချက်အလက်များ ဖော်ပြထားပါတယ်။  ရုရှားအသင်း နည်းပြချုပ်က တစ်နှစ် ကန်ဒေါ်လာ ၁၁သန်း၂သိန်း နဲ့ ပထမအဆင့်ကို အပြတ် နေရာယူထားပြီး၊ အင်္ဂလန်၊ အီတလီအသင်း နည်းပြချုပ်များက ဒေါ်လ ၅.၈သန်း၊ ၄.၃သန်းနဲ့ ဒုတိယ၊ တတိယ အများဆုံး လစာငွေရရှိပါတယ်။ ဆုကြေးများက သီးသန့်ပေးရပါတယ်။ အဲဒီ ငွေအများဆုံးရတဲ့ ရုရှား၊ အင်္ဂလန်၊ အီတလီ အသင်းတွေ အုပ်စုပွဲမှာပဲ ရှုံးပြီးထွက်သွားရပါတယ်။

 

ဘရားဇီးနဲ့ဂျာမဏီ မန်နေဂျာတွေလည်း လစာအများကြီးရကြပါတယ်။ အဆင့်၎-ဘရာဇီးနည်းပြချုပ် (ဒေါ်လာ ၃.၉သန်း)၊ အဆင့်၆-ဂျာမဏီနည်းပြချုပ် (ဒေါ်လာ ၃.၆သန်း) တို့ဖြစ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံများလို့သတ်မှတ်ထားတဲ့ ဥရောပ၊ ဘော့စနီးယား၊ ခရိုရီးရှား၊ အလယ်ပိုင်းအမေရိကနိုင်ငံများနဲ့ အာဖရိကနိုင်ငံများရဲ့ နည်းပြချုပ်များကတော့ ဒေါ်လာ၂သိန်းကနေ ၅သိန်းအကြားပဲ လစာရရှိပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အနိုင်ရရှိတဲ့အသင်းကို ဒေါ်လာ၃၅သန်း၊ ဒုတိယဆု ဒေါ်လာ၂၅သန်း ဆုကြေးရမယ်ဖြစ်တဲ့အတွက် နည်းပြချုပ်အုပ်ချုပ်သူများကလဲ ဆုကြေးများစွာ ရဦးမှာဖြစ်ပါတယ်။

 

လစာအများဆုံးရတဲ့ နည်းပြချုပ်၁၀ဦးစာရင်း…
1. Fabio Capello, Russia — $11,235,210
2. Roy Hodgson, England — $5,874,570
3. Cesare Prandelli, Italy — $4,322,010
4. Luiz Felipe Scolari, Brazil — $3,973,730  (ဘရာဇီး)
5. Ottmar Hitzfeld, Switzerland — $3,745,130
6. Joachim Löw, Germany — $3,602,460  (ဂျာမဏီ)
7. Vicente del Bosque, Spain — $3,386,270
8. Louis van Gaal, Netherlands — $2,738,060
9. Alberto Zaccheroni, Japan — $2,727,480
10. Jurgen Klinsmann, United States — $2,621,740

 

ကမ္ဘာ့ဖလားနည်းပြချုပ်များနှင့်မြန်မာနိုင်ငံ

အကောင်းဆုံးဘောလုံးသင်း နည်းပြချုပ်ကို ဗိုလ်စွဲတဲ့အသင်းကိုပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ အခုချိန်ထိ တစ်ပွဲမှမရှုံးပဲ ပင်နယ်တီနဲ့ထွက်သွားရတဲ့ နယ်သာလန်(ဗန်ဂေါလ်) နဲ့ကိုစတာရီကာ(ဂျော့လူးဝစ်ပင်တို)၊ ပြီးတော့ အိမ်ရှင်ဘရာဇီး (စကိုလာရီ) စတဲ့ အသင်းနည်းပြချုပ်များကို ထိပ်တန်း စာရင်းသွင်းရမှာဖြစ်ပါတယ်။ နည်းပြချုပ်ဗန်ဂေါလ်ရဲ့ နယ်သာလန်အသင်း တတိယလုပွဲမှာ စိကုလာရီ ရဲ့ ဘရာဇီးအသင်းကို ၃းဝ နဲ့နိုင်သွားပါတယ်။ အိမ်ရှင်ဘရားဇီးစိတ်ဓါတ်ကို စကိုလာရီ ဆက်မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ 

 

မြန်မာဘောလုံးအသင်းမန်နေဂျာ(နည်းပြချုပ်) နိုင်ငံခြားသားတွေကို ခန့်ထားရင် အများအားဖြင့် ဂျာမန်၊ ယူဂိုဆလားဗီးယား(ဆားဗီးယား) နည်းပြများ ဖြစ်လေ့ရှိပါတယ်။ မြန်မာတွေ ဂျာမန်ကို တော်တော်ကြိုက်ပါတယ်။ ၁၉၉၃ အရှေ့တောင်အာရှ ဗိုလ်လုပွဲတက်တုန်းက ဂျာမန်နည်းပြ ဂါးဘလောက် ဆိုသူကို အလွန်အမှတ်ရပါတယ်။ တစ်ဦးချင်း ခြေစွမ်းမရှိပေမဲ့ အသင်းလိုက်၊ သက်လုံအားကို သုံးပြီး၊ ဗိုလ်လုပွဲရောက်ခဲ့တယ်။ ထိုင်းနိုင်ငံကို  အချိန်ပိုမှာ ၃း၎ နဲ့ ရှုံးပြီး ဒုတိယရခဲ့ပါတယ်။ စင်ကာပူမှာ ကျင်းပတဲ့အတွက် မြန်မာပရိတ်သတ်များစွာ လာအားပေးရင်း ဂျာမန်ကြီး ဂါးဘလောက် ထပြိး၊ အော်ဟစ်နေတာကို အလွန်အားရခဲ့ပါတယ်။

 

အရှေ့တောင်အာရှ မြန်မာနောက်ဆုံး ဗိုလ်စွဲခဲ့တာက ၁၉၇၃ ဖြစ်ပါတယ်။ နှစ်၄၀အကြာ မြန်မာပြည်မှာလုပ်တဲ့ ၂၀၁၃ အရှေ့တောင်အာရှအားကစားပွဲမှာ ဘောလုံးဗိုလ်စွဲမယ်မျှော်လင့်ခဲ့ပါတယ်။ ဒါပေမဲ့ အုပ်စုတောင်မတက်နိုင်ဖြစ်ရပါတယ်။ တောင်ကိုးရီးယားဘောလုံးအဖွဲ့ချုပ်က အကူညီပေးတဲ့၊ အခပေးစရာမလိုတဲ့ တောင်ကိုးရီးယားနည်းပြချုပ် ပတ်ဆောင်ဟွာ Park_Sung-wha – အမှတ်ရမိပါတယ်။ မြန်မာအသင်းညံ့လို့ အရှေ့တောင်အာရှ ဘောလုံးပွဲ အုပ်စုမှာပဲ ရှုံးပြီး၊ ထွက်ခဲ့ရပါတယ်။ အားလုံးကနည်းပြချုပ်ကို ဝိုင်းဝန်အပြစ်တင်ပြီး ချက်ချင်းရာထူးက ထုတ်ခံရပါတယ်။ သူခမြာ မြန်မာပြည်က အပြေးလေးထွက်ခွာသွားရ ရှာပါတယ်။ ပတ်ဆောင်ဟွာ နေရာကို ယခင်စင်ကာပူအသင်း အောင်မြင်မှုရစေခဲ့တဲ့ အဗရာမိုဗစ်ခ်ျ Avramovi ကိုပဲ နည်းပြချုပ်အဖြစ် ခန့်ထားပါတယ်။

 

နိဂုံး

နည်းပြချုပ်အကြောင်းရေးရတာ၊ ဘောလုံးအသင်းမှာ သူကအဓိကကြောင်း၊ အိမ်ထောင်တစ်ခုမှာ ဖခင်ယောင်္ကျားက အဓိက၊ ကျောင်းမှာ ကျောင်းအုပ်ကြီး၊ နိုင်ငံတော်မှာ အကြီးအကဲအဓိက ဖြစ်ကြောင်း တင်ပြလိုခြင်းပါ။

 

လာမဲ့ဗိုလ်လုပွဲမှာတော့ တင်းကျပ်စွာ၊ စည်းကမ်းနဲ့အုပ်ချုပ်တဲ့ ဂျာမဏီ ဂျိုချီလို နဲ့ လွတ်လပ်စွာ၊ စည်းကမ်းနဲ့အုပ်ချုပ်တဲ့ အာဂျင်တီးနား ဆာဘယ်လာ တို့ဖြစ်ပါတယ်။ သူတို့ရဲ့ လက်ရုံးရည်(ခြေစွမ်း) နဲ့ နှလုံးရည်(နည်းပညာ) ပြိုင်ပွဲဖြစ်ပါတယ်။ သေချာတာကတော့ ကမ္ဘာ့ဖလား ၃၂သင်းစလုံးရဲ့ အုပ်ချုပ်သူ နည်းပြချုပ်အားလုံးဟာ ထူးချွန်တဲ့၊ လူတော်လူကောင်းများ ဖြစ်ပါတယ်။ ညစ်ပတ်ကစားဖို့ အားပေးတဲ့အုပ်ချုပ်သူ ရှိကောင်းရှိနိုင်ပေမဲ့၊ အခုအသင်း အုပ်ချုပ်သူတွေဟာ နာမည်ကောင်းရှိသူများဖြစ်ပါတယ်။

 

ဂျာမဏီ-အာဂျင်တီးနား မကြာခဏ ကမ္ဘာ့ဖလားပွဲမှာ တွေ့ဆုံကြဖူးပါတယ်။ ၂၀၀၆ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ ဂျာမဏီနိုင်ပါတယ်။ ၂၀၁၀ကမ္ဘာ့ဖလား ကွားတားဖိုင်နယ်မှလဲ ဂျာမဏီ နိုင်ပြန်ပါတယ်။ မက္ကဆီကို ၁၉၈၆ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ဂျာမဏီ ၁းဝ နိုင်ပြီး ဗိုလ်စွဲခဲ့ဖူးပါတယ်။ ဒါကြောင့် ဒီနှစ် ၂၀၁၄ကမ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲမှာလဲ နိုင်ဦးမှာပဲ ပြောကြတယ်။ 

 

အာဂျင်တီးနားရဲ့ ဘောလုံးမျက်လှည့်ဆရာ မက်ဆီ ကိုပဲ တကိုယ်တော် အစွမ်းပြခိုင်းပြီး အနိုင်ယူမလား လို့မျှော်လင့်သူများစွာ ရှိပါတယ်။

 

တကယ်ကစားမဲ့အချိန်မှာတော့ နှစ်သင်းရဲ့ စိတ်ဓါတ်တွေကို နည်းပြချုပ်နှစ်ဦးက ဘယ်လိုဦးဆောင်သွားမလဲဆိုတာ စောင့်ကြည့်ကြပါစို့။  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “မောင်သာမန် – နည်းပြချုပ်(မန်နေဂျာ) နှစ်ဦးနှင့် ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲ
  1. ကွားတာဖိုင်နယ်မှာ အာဂျင်တီးနားကို ၂၀၀၆ကတည်းက ဂျာမဏီအသင်း နည်းပြချုပ်အဖြစ် ၈နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။

    word processing error ? ???

  2. နည်းပြချုပ်နှင့်မန်နေဂျာမတူပါ။ တယောက်စီဖြစ်ပါသည်။ ဂျာမန်အသင်းနည်းပြဆရာသည် Loew ဖြစ်ပြီးမန်နေဂျာက Bierhoff ဖြစ်ပါသည်။

  3. နောက် ၂နှစ် အကြာ Euro 2006 ပွဲမှာ ဂျာမဏီအသင်း အုပ်စုကထွက်ရပြီး၊ ကလင်စမန် နည်းပြချုပ်ဆက်မလုပ် လိုတော့တဲ့အတွက်၊ ဂျိုချင်လို နည်းပြချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။

    မက္ကဆီကို ၁၉၈၆ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ ဂျာမဏီ ၁းဝ နိုင်ပြီး ဗိုလ်စွဲခဲ့ဖူးပါတယ်။

    သတင်းမှားတွေတွေ့နေရပါတယ်။ ကလင်းစမန်း ရဲ့ဇနီးဟာဟာအမေရိကန်သူဖြစ်ပြီး LA မှာနေလို့ အသွားအလာခက်လို့ ကလင်းစမန်း ဂျာမန်အသင်းနည်းပြဆရာ အဖြစ်ကထွက်တာပါ။ Euroean Cup က 2008 မှာပါ။ Loew နည်းပြဆရာဖြစ်နေပြီး ဂျာမန်အသင်းဒုတိယရခဲ့ပါတယ်။ စပိန်ချန်ပီယန်ဆုရပါတယ်။

    မက္ကဆီကို ၁၉၈၆ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲမှာ အာဂျတီးနားနိုင်ပြီးဗိုလ်စွဲတာပါ။ ဂျာမနီဒုတိယသာရပါတယ်။ နောက်ဆုံးဗိုလ်လုပွဲမှာ ဂျာမနီ ၁းဝ နိုင်ပြီး ဗိုလ်စွဲခဲ့တာ နောက်လေးနှစ်အကြာ ၁၉၉၀ နစ် အီတလီပြည်မှာပါ။

  4. သြော် .
    ဂျာမဏီဗိုလ်စွဲသွားပြီ
    ၁၉၉၀ မာရာဒိုနာ
    ၂၀၁၄ မက်ဆီ
    နှစ်ခါစလုံး ဂျာမဏီကိုရှုံး
    နှစ်ခါစလုံး ၀း၁ နဲ့ရှုံး
    ဝမ်းနည်းမဆုံး
    အိမ်ရှင်ဘရားဇီး နှစ်သိမ့်စရာပေါ့..။

Comments are closed.