ကဗျာ ခင်လွန်း

ခင်လွန်း – ပုန်းခိုသူ

ပုန်းခိုသူ
ခင်လွန်း၊ ဇူလိုင် ၁၂၊ ၂၀၁၄

ဝါဆိုလပြည့်

ဒီညမှာ ကျနော်ဟာ ပုန်းခိုသူဖြစ်ခဲ့ပြီ။

ပြီးခဲ့တဲ့ မိနစ်ပိုင်းလေးက

နှစ်ပေါင်းများစွာ ကွဲကွာနေကြတဲ့

တအိမ်ထဲအတူနေခဲ့တဲ့ ကျနော့်တူလေးနဲ့

အွန်လိုင်းပေါ်မှာ လျပ်တပြက်တွေ့ ။

သူက

ဦး အိမ်ကိုမဆက်သွယ်တာ ကြာပြီ….

အိမ်သားတွေက အကျိုးအကြောင်းသိချင်ကြ

ဦး အခြေအနေသိချင်ကြ ကျန်းမာရေးက အစ

ဘွားဘွားခမျာလဲ (ကျနော့်မိခင်)

သူငယ်ပြန်နေပြီ  …

ဦးကိုလည်း မမှတ်မိတော့

သူ့ကိုသူလည်း မမှတ်မိတော့ … တဲ့။

ဦးက ဘာလို့မဆက်သွယ်တာလဲ

ဦးလို လူတွေပြန်လာနေကြတာပဲ

ဦးကတော့ ဘာဖြစ်လို့မပြန်တာလဲတဲ့  ….

ဘာလို့လဲတဲ့…

ဘာလို့လဲတဲ့

ကျနော့်မှာ

ဘာမှပြန်ပြောစရာမရှိ  …..

ဘာလို့ပြောစရာမရှိမှန်းလည်း ကိုယ်တိုင်မသိ

ကျနော်ဘာလို့လဲ

ဘာလို့လဲ ဘာလို့လဲ ….

ကောင်းကင်ကိုမော်ကြည့်တော့ လမင်းလည်းမရှိ

ဝါဆိုလပြည့်ည လမင်းရေ

အရှင်လည်း

ကျွန်ုပ်ကို မျက်နှာမပြ၀ံ့လို့

ပုန်းနေလေရော့လား

ကျွန်ုပ်တို့ အတူ ပုန်းခိုကြစို့လား…

ဒီတည ကျွန်ုပ်တို့ အတူတကွ ပုန်းခိုကြစို့လား ….

1172014 ။ 945 pm

Photo – http://mysticmorning.deviantart.com/art/Moonless-Night-Texture-210429838


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts