သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – ဒီမိုကရေစီ မြန်မာထက် ၁၅နှစ်စောတဲ့ အင်ဒိုနီးရှားက ဘဏ္ဍာရေးဝန်ကြီးဟောင်း

ဒီမိုကရေစီ မြန်မာထက် ၁၅နှစ်စောတဲ့ အင်ဒိုနီးရှားက ဘဏ္ဍာရေးဝန်ကြီးဟောင်း

 ဇော်အောင် (မုံရွာ)၊ ဇူလိုင် ၁၂၊ ၂၀၁၄


အင်ဒိုနီးရှားဒီမိုကရေစီ ၁၅နှစ်ကြာပါပြီ၊ ဗီယက်နမ် ၂၀နှစ်၊ တရုပ် ၂၄နှစ်လောက်ရှိပြီ၊  မြန်မာ၃နှစ်ကြာပြီ၊ ဒီလိုပဲ ငွေရှင်တွေကကြီးစိုးတာပါပဲ။ အမေရိကန်လွတ်လပ်ရေးရပြီး ဂျော့ခ်ျဝါရှင်တန် ၈နှစ်သမ္မတ စလုပ်တုန်းကလည်း၊ ဒီလိုငွေရှင်ကြီးတွေကို ကြီးစိုးလာလို့၊ သူဌေးကြီးများကိုအစိုးရပညာပေးခြင်းနဲ့ အမေရိကန်နိုင်ငံစီးပွားရေး ပြန်လည်တည်ထောင်ခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးမှာ ဂျပန်၊ဂျာမဏီတို့ စစ်ရှုံးကုန်းကောက်စရာမရှိတော့ပေမဲ့၊ လူတော်လူကောင်းတွေ ခေါင်းဆောင်ကြတော့ ၁၀နှစ်အတွင် ကမ္ဘာထိပ်တန်းကို ပြန်ရောက်လာကြပါတယ်။

အင်ဒိုနီးရှားသမ္မတယူဒိုရိုနို အဂတိတိုက်ဖျက်မယ် ကြွေးကြော်၊ ၂၀၀၅ခုနှစ်မှာ သမ္မတဖြစ်လာပါတယ်။ သမ္မတက အလွန်တော်တဲ့ စီးပွားပညာရှင်၊ ဘယ်ပါတီမှလဲမပါတဲ့၊ စိတ်ဓါတ်ကောင်းမြတ်တဲ့ ကလေး၃ယောက်မိခင် Sri Mulyani Indrawati ကို ဘဏ္ဍရေးဝန်ကြီးခန့်လိုက်ပါတယ်။  ဒီအမျိုးသမီးဟာ ပြုပြင်ပြောင်းလဲရေးသမားလို့ နာမည်ကြီးပါတယ်။ အရပ်သားပညာရှင်ဖြစ်ပြီး၊ စစ်တပ်၊ခရိုနီများနဲ့ ကင်းရှင်းပါတယ်။ အရမ်းတိုးတက်လာပါတယ်။ သူမ အင်ဒိုနီးရှားတက္ကသိုလ်မှာ စီးပွားရေးဘွဲ့ရရှိပြီး၊ အမေရိကန်၊ အီလီနွိုက်တက္ကသိုလ်က မာစတာနဲ့ပီအိတ်ဒီ ဒေါက်တာဘွဲ့ရရှိခဲ့ပါတယ်။ အချိန်ပိုင်းတက္ကသိုလ်ဆရာ ဖြစ်ပြီး၊ ကမ္ဘာငွေကြေးအဖွဲ့ IMF အရှေ့တောင်အာရှ ၁၂နိုင်ငံတာဝန်ခံ ဒါရိုက်တာလူကြီး လုပ်နေစဉ်မှာ ၊ အဂတိတိုက်ဖျက်ရေးလုပ်မဲ့ သမ္မတယူဒိုရိုနို က ဘဏ္ဍာရေးဝန်ကြီးအဖြစ်၊ ပြက်သားစွာလုပ်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒီအမျိုးသမီးလက်ထက်မှာ အစကောင်းခဲ့ပေမဲ့၊ စစ်အာဏာရှင်နဲ့ခရိုနီများရဲ့ တွန်းအားဒဏ်ကို ၅နှစ်ခံပြီး၊ အလုပ်ကထွက်သွားရပါတယ်။ ဒါလောက်တောင် လာဘ်စားမှုကို တိုက်ခိုက်တဲ့၊ အာဂအမျိုးသမီးကြီးကို ငွေရှင်၊အာဏာရှင်အုပ်စုကြီးနဲ့ ၅နှစ်ကြာအောင် ခုခံ၊ကြိုးစားပြီး၊ နောက်ဆုံးအလုပ်က နှုတ်ထွက်သွားပါတယ်။

 

သူမ ဘဏ္ဍာရေးဝန်ကြီးလုပ်တဲ့ ခေတ်ကာလမှာ၊ ပထမနှစ်မှာပဲ နိုင်ငံခြားရင်းနှီးမှု FDI foreign direct investment  $4.6 billon ရရှိခဲ့ပါတယ်။ နောက်နှစ်မှာ $8.9 billion တိုးတက်ရရှိပြီး၊ Euromoney မဂ္ဂဇင်းရဲ့ တနှစ်အတွင်းအကောင်းဆုံး ငွေကြေးစီမံခန့်ခွဲမှု ဆုကိုရရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကမ္ဘာကျော် Forbes Magazine ရဲ့ the most powerful woman in the world ကမ္ဘာ့သြဇာအကြီးဆုံးအမျိုးသမီး အဆင့်၂၃ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ တိုင်းပြည်အရံငွေကြေး US$ 50 billion အထိ အမြင့်ဆုံးရောက်လာပါတယ်။ အကြွေး 60% of GDP ကနေ 30% အထိလျှော့ချနိုင်ခဲ့ပါတယ်။ နိုင်ငံခြားရင်းနှီးမြှတ်နှံသူများကို ယုံကြည်အောင်၊ ဥပဒေများပြုပြင် ဆွဲဆောင်ခဲ့ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနက ဝန်ထမ်းများ၊ အထူးသဖြင့် အခွန်ဌာနဝန်ထမ်းများကို လောက်ငှအောင်၊ လစာနဲ့ခံစားခွင့်များ တိုးမြှင့်ပေးခြင်းနဲ့ လာဘ်စားမှုနည်းပါးစေခဲ့ပါတယ်။

 

 သမ္မတယူဒိုရိုနို ဒုတိယအကြိမ်ရွေးကောက်ခံရတဲ့ ၂၀၁၀မှာ သူမကိုပဲ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဆက်ခန့်ပါတယ်။ သူ့လက်ထက်မှာ ကုမ္ပဏီကြီးများနဲ့အခွန်ကောက်နိုင်ရုံမက၊ ချမ်းသာကြွယ်ဝတဲ့ တဦးချင်းကြွယ်သူများစွာကိုလည်း အခွန်ကောက်နိုင်ခဲ့ပါတယ်။ ၅နှစ်အတွင်း တစ်ဦးချင်းအခွန်ဆောင်တဲ့ ဝင်ငွေကောင်းသူပေါင်း ၄.၃သန်းကနေ ၁၆သန်းအထိ အခွန်ဆောင်ဦးရေ တိုးတက်စေခဲ့ပါတယ်။

 

သူမ ၂၀၁၂မှာ ဝန်ကြီးရာထူးက ထွက်ခွာရခြင်းဟာ အင်ဒိုနီးရှားစီးပွားရေးအတွက် ဆုံးရှုံးမှုတစ်ခုပါ။ အထူးသဖြင့် အင်ဒိုနီးရှားမှာအကြွယ်ဝဆုံးဆိုတဲ့ Bakrie (အာဏရှင်ဟောင်း ဆူဟာတိုရဲ့ လက်ရုံးဖြစ်တဲ့ ဂိုကာပါတီရဲ့ ဥက္ကဌ) နဲ့ငွေ-အာဏာရှင်များရဲ့ တိုက်ခိုက်မှုများကြောင့် လို့ဆိုပါတယ်။ အဂတိလိုက်စားမှု နည်းပါးရေးကို သမ္မတယူဒိုယိုနိုက အထူးဆောင်ရွက်ခဲ့ပေမဲ့၊ ထင်သလောက် မတိုးတက်ခဲ့ပါဘူး။ အစိုးရအဖွဲ့မှာ Barkrie လိုလူမျိုးက ရာထူးကြီးရနေပြီး၊ အဂတိတိုက်ဖျက်ရေးကော်မရှင် (KPK) ကိုလဲ သမ္မတက ကာကွယ်ပေးထားမှု မရှိတဲ့အတွက်၊ လုပ်ပိုင်ခွင့်မရှိပဲဖြစ်နေပါတယ်။ အထက်ပိုင်း အရာရှိကြီးများစွာ လဘ်ပေးမှုနဲ့ ပတ်သက်နေခြင်းဟာ အခက်ခဲဖြစ်နေပါတယ်။ 

 

သူ့လက်ထက် ၂၀၀၈မှာ အာဏာရှင်ဟောင်း ဆူဟာတိုရဲ့ သားတစ်ဦး တွမ်မီဆူဟာတို Tommy Suharto ထံက ဒေါ်လာ ၁၃၄သန်း၊ နိုင်ငံတော်ကို ပြန်အပ်ဖို့ အမိန့်ထုတ်၊ ရယူနိုင်ခဲ့ပါတယ်။ သူကြွယ်ဖြစ်သူ တွမ်မီဆူဟာတိုကလည်း ဘဏ္ဍာရေးဝန်ကြီးဌာနကို တရားပြန်စွဲပါတယ်။ တွမ်မီ က လူ၂ယောက်ငှားပြီး တရားသူကြီးကို သတ်မှုနဲ့ ထောင်၁၅နှစ်ကျပြီး၊ လျှော့ရက်နဲ့ ၄နှစ်အကြာလွတ်လာခဲ့ပါတယ်။ ဒီလို ငွေ-အာဏာရှင်များစွာ ကြားးမှာ သန့်ရှင်းသူ အစိုးရဝန်ကြီးအဖြစ် နာမည်ရခဲ့ပါတယ်။

 

ဝန်ကြီးအသစ်အဖြစ် အကြီးဆုံးဘဏ်ဖြစ်တဲ့ Bank Mandiri ရဲ့ အကြီးကဲ CEO Bank Mandiri ကို ခန့်ပါတယ်။

 

 ဝန်ကြီးရာထူးက ထွက်သွားပြီးတဲ့နောက်မှာ လာဘ်စားမှုကင်းတဲ့ သူမကိုအတိုက်ခံများက၊ Bank Century ကယ်ဆယ်ခြင်းကို အမှုဆင်ပြီး၊ လာဘ်စားမှုနဲ့တရားစွဲဖို့ ကြိုးစားကြပါတယ်။ သမ္မတ အကာကွယ်ရရှိတဲ့အတွက် တရားစွဲမခံရပါဘူး။ သူမရဲ့ နောက်အလုပ်သစ်ကတော့ ကမ္ဘာ့ဘဏ်-အင်ဒိုနီးရှားရဲ့ အကြီးကဲဖြစ်ပါတယ်။ ဝန်ကြီးရာထူးက အတိုက်ခံများကြောင့် ထွက်လိုက်ရပြီး၊ တရားစွဲခံရမဲ့အရေးကလဲ လွတ်မြောက်ခဲ့ပါတယ်။

 

အခု အင်ဒိုနီးရှားနိုင်ငံ သမ္မတသစ်ရွေးကောက်ပွဲမှာ ပြည်သူလူထုကြားက တက်လာတဲ့ ဂျိုကိုဝီ ဆိုသူ၊ ဂျာကာတာမြို့ဝန် နဲ့ သူဌေးနိုင်ငံရေးသမား၊ စစ်ဗိုလ်ချုပ်ဟောင်း ပရာဗိုဝို တို့ ယှဉ်ပြိုင်ကြပါတယ်။ အပြတ်အသတ် ဂျိုကိုဝီ အနိုင်ရမယ်လို့ မှန်းထားပေမဲ့ အလွန်တိုတောင်းတဲ့အချိန်အတွင် ငွေ-အာဏာရှင်များက၊ စစ်တပ်နဲ့လူထုအားပေးမှုကို တမဟုတ်ချင်းရယူနိုင်ခဲ့ပါတယ်။ ပရာဗိုဝိုရဲ့ဇနီးဟာ အာဏာရှင်ဟောင်း ဆူဟာတိုရဲ့ သမီးတစ်ဦး ဖြစ်ပေမဲ့ ဒီမိုကရေစီစနစ်ကို လိုလား၊ အားပေးသူဖြစ်ပါတယ်။

 

ဇူလိုင်၉၊ သမ္မတရွေးကောက်ပွဲပြီးတဲ့အချိန် ဂျိုကိုဝီ ဖက်သားများက ၅၃-၄၈ ရာနှုန်းနဲ့ အနိုင်ရတယ် ဆိုပေမဲ့၊ ဗိုလ်ချုပ်ကြီးဟောင်း ပရာဗိုဝို ဖက်သားများက သူတို့အနိုင်ရတယ်လို့ ကြေငြာပြန်ပါတယ်။ ဇူလိုင်၂၂ရက်မှာ ရွေးကောက်ကော်မရှင်က ကြေငြာမဲ့ ရလဒ်ကို လိုက်နာဖို့၊ လောလောဆယ် နှစ်ဘက်အုပ်စု ထိန်းသိမ်းကြဖို့ လက်ရှိသမ္မတ ရိုဒိုယိုနို က တစ်ဦးစီနဲ့တွေ့ဆုံတိုက်တွန်းထားပါတယ်။

 

ဘဏ္ဍာရေးလုပ်ငန်းမှာ အခွန်ကောက်ခြင်း၊ အစိုးရပရိုဂျက်ကြီးများ စနစ်တကျလုပ်တဲ့အတွက် တိုင်းပြည်စီးပွားတတ်လာပေမဲ့၊ လာဘ်စားမှုများ အထူးသဖြင့် အဆင့်မြင့်အစိုးရပိုင်းမှာ ငွေမဲခဝါချခြင်းများကြောင့် တိုင်းပြည်တိုးတက်မှု နည်းရခြင်းဖြစ်ပါတယ်။ Sri Mulyani ဘယ်လောက်ကြိုးစားပေမဲ့ သူမရဲ့ နိုင်ငံဟာ ငွေကြေးခ၀ါချမှု စောင့်ကြည့်ရေးအဖွဲ့ (The Financial Action Task Force- FATF) ရဲ့ စံနှုန်းကိုမမှီတဲ့အတွက် (ငွေမဲ၊ အခွန်လွတ်နေသူ တနည်းအားဖြင့် နိုင်ငံဘဏ္ဍာတွေ ခိုးယူနေတဲ့လူတွေ၊ အကြမ်းဖက်အားပေးတဲ့လူတွေ) အများပြားရှိနေတယ်လို့ သတ်မှတ်ခံရပါတယ်။ ၂၀၁၂ မှာ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာတို့ ငွေခဝါချတဲ့နိုင်ငံအဖြစ် သတ်မှတ်ခံရပြီး အခု ၂၀၁၄မှာ၊ အင်ဒိုနီးရှားနဲ့မြန်မာ ၂နိုင်ငံ၊ နာမည်ပျက်စာရင်း Black List ထဲကမထွက်နိုင်ပဲ ဖြစ်နေပါတယ်။

ြ မြန်မာပြည်ထက် ၁၅နှစ်စောပြီး ဒီမိုကရေစီစနစ်ပြောင်းလဲခဲ့တဲ့ အင်ဒိုနိးရှား၊ ဘဏ္ဍာရေးဝန်ကြီးအကြောင်းဖြစ်ပါတယ်။ မြန်မာအစိုးရလည်း ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက်၊ ကုလသမဂ္ဂအဖွဲ့များရဲ့ အကြံပေးချက်နဲ့ ခေါင်းခံလုပ်နိုင်မဲ့ ထူးချွန်သူအရပ်သားဝန်ကြီးများ လိုအပ်ပါတယ်။ အမျိုးသားများ ငွေ-အာဏာပြိုင်နေချိန်မှာ ထူးချွန်သူအမျိုးသမီးက ကြားခံဖြန်ဖြေခြင်းနဲ့ တိုင်းပြည်တိုးတက်ပေမဲ့၊  ငွေ-အာဏာရှင်များရဲ့ ဒဏ်ကိုမခံနိုင်တော့ ရာထူးကထွက်လိုက်ရပါတယ်။

ပါတီစွဲမရှိပဲ သံမဏိစိတ်ဓါတ်ရှင်၊ အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီး အမျိုးသမီးတစ်ဦးအကြောင်းဖြစ်ပါတယ်။ မြန်မာပြည်မှာလဲ သူမလိုထူးချွန်သူ အရပ်သားတွေ အများကြီးရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဇော်အောင် (မုံရွာ) – ဒီမိုကရေစီ မြန်မာထက် ၁၅နှစ်စောတဲ့ အင်ဒိုနီးရှားက ဘဏ္ဍာရေးဝန်ကြီးဟောင်း
  1. မြန်မာပြည်မှာဒီလို”မယ်သန့်ရှင်း”ပေါ်လာရင်လား။
    ဘာရမလဲ၊ “ငါးလောင်းပြိင်သတ်မှု”ထက်ပိုဆိုးတဲ့ “ပုလိပ်မဖမ်းရဲတဲ့ အုပ်စုလိုက်ဝိုင်းမုဒိမ်းကျင့်ပြီးသတ်တဲ့အမှု”ဆိုတာပ်ါလာမှာပေါ့။

    ကျုပ်တို့ငယ်ငယ် ၁၉၅၇ ခုလောက်က ဟိုးလေးတကျော်ကျော်ဖြစ်သွားတဲ့ “မြိတ်မပို” ထက်ဆိုးသွားမယ်။ အခုခေတ်မပြောနဲ့ဟိုခေတ်ကတောင် သူ့အိမ်ကဂါတ်တဲနဲ့နီးနီးလေး။ သူ့အိမ်တံခါးကိုဖျက်ဝင်လာကြလို့ “ကယ်ပါယူပါ”အော်သံကို အိမ်နီးချင်းတွေရောပုလိပ်တွေပါကြားပေမဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေက ဂရိတ်ဦးဘိုးစိန်ကြီးရဲ့ပဋကုသလဇာတ်ထဲကသီချင်းလို “သူခိုးကလည်း သူခိုးအလိမ္မာမျက်နှာကြီးပေမို့” ဖြစ်နေတာကြောင့် ဝင်မကယ်ရဲကြတာနဲ့ ဘယ်ရောက်ပြီးဘာဖြစ်မှန်းမသိ လုံးဝပျောက်သွားတာဘဲ။

Comments are closed.