Poems ကျော်ဟုန်း

ကျော်ဟုန်း – ဂဟေ

ဂဟေ
ကျော်ဟုန်း
ဇူလိုင် ၁၀၊ ၂၀၁၄
 

ကောင်းကင်ကြီးကို
မော့ကြည့်လိုက်တော့
နက်ပြာရောင် အောက်ခံမှာ
ကြယ်တွေ …
စိန်ပွင့်လို လင်းလက်၊
ဒါပေမဲ့ …
ညဟာ အဆီပြန်နေတယ်။

နံနက်ခင်းမှာ
တေးသီဆိုနိုင်ဖို့ 
ဒီည …
ငှက်တွေ အိပ်ရေး၀၀ အိပ်ပြီ။

ဒီညမှာ
ရုတ်တရက်
မိုးရွာမှာ မပူနဲ့ ၊
ကြယ်စုံရင် မိုးမရွာဘူး။

ငှက်များ
အိပ်ရေး၀၀ အိပ်နိုင်ပါစေ၊
လွတ်လွတ်လပ်လပ် တေးသီနိုင်ပါစေ။

ဒါပေမဲ့
အဆီပြန် ညတွေကြုံခဲ့ရင်
ကြယ်တွေသာ စုံပါ့စေ၊
ကြယ်စုံရင် မိုးမရွာရဲဘူး၊
သေခြာတယ်။      ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts