Maung Swan Yi ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် – “ စွန့်စားသူများခေတ်”

“ စွန့်စားသူများခေတ်”
မောင်စွမ်းရည်၊ ဇူလိုင် ၁၀၊ ၂၀၁၄

ကျနော်တို့ဟာ

စွန့်ရဲသူများခေတ်

လူဖြစ်လာခဲ့ပါတယ်။

နယ်ချဲ့ကို တော်လှန်သူများ

ဖက်ဆစ်ကိုတော်လှန်သူများ

လွတ်လပ်ရေးတွက်၊ အသက်စွန့်သူများ။

အဲဒါ-ကျနော်တို့ငယ်စဉ်ခါ

ဘာခေတ်ခေါ်ရပါမလဲ။

စွန့်ရဲသူများခေတ်၊

သူရဲကောင်းများခေတ်ပေါ့နော်။

မျက်မှောက်ခေတ်က

တိုက်ခေတ်၊ ကားခေတ်၊ လေယာဉ်ပျံခေတ်။

စစ်ဗိုလ်ချုပ်များ၊ မှန်လုံကားနဲ့

စွန့်စားသူများခေတ်။

ရှေးလူ စွန့်ကာ၊ ခေတ်လူ စား

စွန့်စားသူတို့ခေတ်။

၂၀၁၄ မေ၁၃

နယူးယောက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts