ရသဆောင်းပါးစုံ

လှိုင်မြင့် – ရေနံဓါတု ဓာတ်ကြွင်းများနှင့် လူအရေးပြားတုန့်ပြန်မှုများ

ရေနံဓါတု ဓာတ်ကြွင်းများနှင့် လူအရေးပြားတုန့်ပြန်မှုများ
လှိုင်မြင့်
ဇွန် ၂၉၊ ၂၀၁၄
 

ယခုတလော သတင်းစာ၊ ဂျာနယ်၊ အင်တာနက်တွေပေါ်မှာ မယ်ရွေးပွဲ အကြောင်းအရာများ မကြာခဏ ပါလာတတ်ပါသည်။  လူစိတ်ဝင်စား မှုများသည်ဟု ယူဆရပါသည်။  အမျိုးသမီးငယ်လေးများ၊ လူငယ်လေးများ အသိုင်းအဝိုင်းမှ  မော်ဒယ်လုပ်ရန် စိတ်အားထက်သန်မှုများ နေကြပါသည်။

မယ်နင့် မော်ဒယ်လုပ်ငန်းကိုစိတ်ဝင်စားတာကို မဝေဖန်လိုပါ။ လူငယ်တို့သဘာဝ စိတ်အားထက်သန်မှုရှိတာကို လိုက်စားတာကို အားပေး ပါတယ်။

သို့သော်ကျန်းမာရေးနှင့် ဆက်နွယ်ပြီး အန္တရာယ်ဖြစ်လာနို်င်တာလေးတွေကို  သတိပေးလိုပါတယ်။  သဘောတူသည်  မတူသည် လိုက်နာချင်သည်  မလို်က်နာချင်သည်ကတော့  သူတို့အပိုင်းပေါ့။ ကို်ယ်သိထားတာ  လက်တွေ့ကြုံတွေ့ ထားတာလေးတွေကို သတိပေးဖို့က  ဆရာဝန်တစ်ယောက်အနေနှင့် တာဝန်ရှိနေလို့ပါ။

● ဒေါက်မြင့်ဖိနပ်စီးခြင်းနှင့် ခြေမကောက်ကွေးခြင်း (Bunion)
အခုတလော မယ်ရွေးပွဲတွေကြည့်လို်က်လျင်ဒေါက်မြင့်ဖိနပ်က မဝတ်မနေရ အမိန့်ထုတ်ထားသလိုဖြစ်ပါသည်။ အခန်းအနားမှာ စီးတာ ကတော့ အချိန်တိုအတွင်းမို့ မထိခို်က်နို်င်ပေမယ့် နေ့စဉ် သွားလာနေချိန်မှာတော့ မစီးသင့်ပါ။

မြန်မာနိုင်ငံလမ်းတွေက မညီမညာ၊ ပလက်ဖေါင်းဆိုတာကတော့  ဘန်ကောက်မှာ ဒီလိုပလက်ဖောင်းမျိုး  ဘယ်နေရာမှာမှ တောင်မရှိပါဘူး ။ စင်ကာပူ၊ ဆစ်ဒနီတို့မှာဆို မသန်စွမ်းသူတွေ  လှည်းလေးတွေနှင့် သွားလာနေကြတာပါ။ ကလေးတွန်းလှည်းလေးတွေ တွန်းသွား လာ နေကြတာပါ။ ဒီလောက်ဘဲပြောပါမည်။

ထိုနိုင်ငံတွေမှာကို ဒေါက်မြင့်နှင့် ခြေချော်လဲလျှင်  ခြေကျင်းဝတ်ဆုံလည်သွားလျှင် အလွန်အန္တရာယ်များပါသည်။  ဒါက မတော်တဆ ထိ ခိုက်မှု။ ချော်လဲလို့  အခြားထိခို်က်မှုမပါသေးပါ။

ဒေါက်မြင့် မကြာခဏစီးသူတို့  အသက်အရွယ်ရလာလျှင် ( ၅ မှ ၁၀  နစ်ခန့်) စီးမိလျင်  (Bunion)  ခြေမ၏ ပထမအဆစ် ကောက်ကွေးသော အရိုးရောဂါ ရတတ်ကြပါသည်။ ၂၀၁၃ ခုနစ် ဒီဇင်ဘာလက ဒေါ်အောင်ဆန်းစုကြည် ခြေထောက်ခွဲစိတ်ရသော အဆစ်ကောက်ရောဂါ  ဖြစ်ပါသည်။

ထိုသို့ အဆစ်ကောက်ကွေးသွားလျှင်  လမ်းလျှောက်ရ အလွန်နာကျင်ပါသည်။  ပိုဆိုးသည်က ထိုအရိုးကောက်နေရာတွင်  အရိုးယောင်ရောဂါ ဂေါက် (Gout) တွဲပါလာတတ်ပါသည်။ ဂေါက်ဖြစ်လျှင်တော့ မသွားလာမလာနိုင်တဲ့အထိ နာကျင်ပါတော့သည်။  အကိုက်အခဲပျောက်ဆေး  အရိုးအယောင်ပျောက်ဆေးကို  ပဲကြီးလှော်ဝါးသလို စားရပါတော့သည်။

ခွဲစိတ်လျင်လည်း အလွန်ခက်ခဲပြီး မူလပုံစံ ခြေလှမ်းပြန်မရနိုင်တော့ပါ။ သတိချပ်ကြပါရန်။  အင်တာနက်ပေါ်မှာ Bunion ဆိုပြီးရှာ ဖတ်ကြ ပါရန်။

● ဆံကေသာလိမ်းဆေးများ၊  ဆံပင်အရောင်ဆိုးခြင်းများ
နောက်တခုကတော့ ဆံပင်အရောင်းပြောင်းဆိုးကြတာနှင့် ဆံပင်လိမ်းအဆီများ  ဆေးများအသုံးပြုကြခြင်းကလည်း အသက်ရလာချိန်  မှာ ဆိုးကျိုးတွေ အလွန်ပေးတတ်ပါတယ်။

ဆိုးကျိုးတွေကတော့  ဆံပင်ပြုပြင်ဆေးတွေ၊ အရောင်ဆိုးဆေးတွေဟာ  ဓါတုဗေဒ ဓါတ်ပေါင်းတွေနှင့်ဖော်စပ်ထားကြတာပါ။ အများဆုံးက  ရေနံဓါတုနှင့် စားအုံးဆီမှ   ထုတ်လုပ်တာတွေပါတတ်ပါတယ်။  လူခန္ဓာကိုယ်ဟာ သဘာဝမဟုတ်တာကို လက်မခံတတ်ပါဘူး။  ပြန် ကန် ပါတယ်။ တုန့်ပြန်ပါတယ်။  ဆံပင်အရောင်ဆိုးထားလျှင်  အထူးသဖြင့် ဈေးအပေါစားနှင့်ဆိုးထားလျှင်  ဆံပင်တွေက မွဲခြောက်နေတာက  မိမိဆိုးထားတာက အညံ့စားပါလို့ ဝန်ခံနေပြီးသားဖြစ်နေပါသည်။

အရည်အသွေးနိမ့်လေ  ဆံပင်က ပိုမွဲခြောက်လေပါဘဲ။  ဆံပင်သည် အရေပြား တစ်သျူးဖြစ်သည်အတွက်  ဆံပင်မွဲခြောက်ခြင်းသည်လည်း  အရေပြားမွဲခြောက်သူမှာ သွေးလေမကောင်း  မမှန်တဲ့ လက္ခဏာသဘောဆောင်နေပါသည်။

တဖန် မိမိလူမျိုးသဘာဝအရ ဆံပင်အနက်ရောင်ကိုမကြိုက် အနောက်နို်င်ငံကလူတွေရဲ့ဆံပင်အရောင်ကိုမှ ကိုယ့်ထက်ပို မြင့်မြတ်တယ်ထင် နေစိတ်များနေတာကိုလဲ ဖေါ်ပြနေမိလျှက်သားဖြစ်နေပါတယ်။  မိမိဘဝကို အားမလိုအားမရ သိမ်ငယ်စိတ်ရှိနေတာ ပြနေတာပါဘဲ။

၂၀၀၃ နှစ်က  လူငယ်တစ်ယောက်က  ကျနော့်ကို  ဂျပန်နိုင်ငံက နာမည်ကျော် ရှီရှဲဒိုး  ခေါင်းလိမ်းဆီလက်ဆောင်ပေးပါသည်။  လိမ်းရတာ အလွန်အဆင်ပြေပါသည်။  နှစ်ပတ်ခန့်နေတော့ ကျနော့်ခေါင်း  အလွန်ယားလာပြီး  ဆံပင်များအကျွတ်များလာပါသည်။  ကျနော် ခေါင်းလိမ်း ဆီဘူးကို ပြန်ပေးရင်း မင်းဒီခေါင်းလိမ်းဆီကို ချက်ခြင်းဖြတ်တော့ အကြိမ်ကြိမ်ပြောပါသည်။ ဟုတ်ကဲ့ဆိုပြီး ဆက်လိမ်းပါသည်။

နောက် ၄ နစ်လောက်နေတော့ သူ့ ခေါင်းမှာ အလွန်ဆိုးသော အရေပြားရောဂါ  (Psoriasis)  ရောဂါဝင်လာပါတော့။  အလွန်ကုသရခက်ပါသည် ။  အလွန်ပျင်းသော ဆေးများသုံးစွဲကုသရပါသည်။ နစ်ရှည်ကုသရပါသည်။  ငွေလည်း အလွန်ကုန်ကျရပါသည်။  တစ်လလျှင် ၁၀ မှ ၁၅ သိန်း လောက်ကုန်ကျပါသည်။ ဆေး၏အန္တရာယ်ကလည်း အလွန် ကြောက်စရာကောင်းသောဆေးဖြစ်ပါသည်။

တဖန် ရေမွှေးနှင့် ဆံပင်လိမ်းဆေးထုတ်လုပ်မှု၏ ဘုရင်နိုင်ငံများဖြစ်သောံ ပြင်သစ်၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံသားများတွင်  ကတုံးပြောင်သူ၊   ထိပ်ပြောင်သူ အလွန်များပြားပါသည်။  ရေနံဓါတု ဓာတ်တွေ၏ ဘေးထွက်ဆိုးကျိုးပါ။  ရေနံဓါတုအကြွင်းအကျန်တွေက ဆံပင်ဆဲလ်လေး တွေကိုသေစေသောကြောင့် ကျွတ်ကုန်ကြတာပါ။

ပြောရင်းနှင့်  လူကြီးကို ထည့်ပြောရပါမည်။  ကျနော်တို့သမ္မတကြီးသည်  ခေါင်းလျော်ဆိုင်ကို မကြာမကြာ သွားတတ်တာ၏ အကျိုးဆက်ဖြစ် လေမလား။  အရွယ်နှင့်မလိုက် ဆံပင်ကျွတ်နေတာက စဉ်းစားစရာပါ။

● ရေမွှေးနှင့် ကိုယ်ခန္ဓာအနံ့ပြင်းပြဿနာနှင့် အနံ့ပါသော ဆပ်ပြာများ
တဆက်တည်းရေမွှေးနှင့်  လူ့ခန္ဓာကိုယ် အနံ့အသက်ဆက်နွှယ်နေမှုအကြောင်းပါ။ လူခန္ဓာကိုယ်သည် သဘာဝမဟုတ်သော မည့်သည့် ပစ္စည်းကိုမှ လက်မခံပါ။ ပြန်တိုက်ထုတ်ပါသည်။  ထိုဓါတုပစ္စည်းသည်  အနံ့အသက်ပေးသော ဓါတုပစ္စည်းဆိုလျှင်  အနံ့နှင့် ပြန်တုန့်ပြန်ပါ သည်။ ဥပမာ  ရေမွှေးအညံ့စားများ၊ အလွန်အမွှေးနံ့ပြင်းသော ဆပ်ပြာကိုသုံးစွဲပြီး  ရေပြောင်အောင်မဆေးလျှင်  ဂျိုင်းချွေးနံ့။ ခန္ဓာကိုယ်အနံ့  ပြင်းပြင်း ဖြစ်စေပါသည်။

လက်တွေ့စမ်းကြည့်လိုလျှင် အနံ့ပျင်းသော အိန္ဒိယနိုင်ငံထုတ် ဆပ်ပြာတစ်ခုနှင့် သင့်ဂျိုင်းကိုဆေးပြီး၊ သို့မဟုတ် ရေမွှေးအပေါစားနှင့် လိမ်းကြည့်လိုက်လျှင် ညနေရောက်သည်နှင့် သင့်ဂျိုင်းမှာ ချွေးနံ့ ဆိုးဆိုးပေါ်လာပါမည်။

အနံ့အသက်မပါသော ဆပ်ပြာနှင့် ဆေး၊ ရေများနှင့်ပြန်ဆေးပြီး ဂျိုးအနံ့ ဘယ်လိုနေသလဲ စမ်းကြည့်ပါ။

ထိုနည်းတူ အနံ့အသက်ထည့်ထားသော ဆပ်ပြာမှုန့်များသည် အ၀တ်အထည်မှာ အနံ့စွဲနေပါသည်။ သင်က၀တ်လိုက်ပြီး ချွေးထွက်လာလျှင် ထိုချွေးအစိုကြောင့် အ၀တ်မှာ ဆပ်ပြာဓာတ်အကြွင်းနှင့် အနံ့တို့က အရေးပြားကိုထိပြီး အရေးပြားက ဓာတုတုန့်ပြန်မှုပြုပါတော့သည်။ အရေးပြားသဘာဝက အနံ့ဆိုးဖြင့် တုန့်ပြန်တော့ ကိုယ်ရဲ့ချွေးနံ့က နံနေပါတော့သည်။

ထိုဆပ်ပြာမှ ဓာတုအကြွင်းအကျန်တို့ကြောင့် အထက်က Psoriasis အရေပြားရောဂါရသူအချို့ တွေ့ဖူး ကြုံဖူးပါသည်။ မြန်မာရုပ်သံ လွှင့်ဌာနမှာ အချို့သောဆပ်ပြာမှုန့်တွေက ထိုဆပ်ပြာနှင့်အ၀တ်ကိုလျှာ်ပြီးလျှင် ဆပ်ပြာအကြွင်းအကျန် ကျန်နေလို့ ပိုသန့်ရှင်း၏၊ ဆက် လက် ဓာတ်ပြုနေ၏လို့တောင် ပြောင်းပြန်ကြွားနေလိုက်သေး၏။ နိုင်ငံကြီးတွေမှာ ဒီလိုကြေငြာခွင့်မရှိပါ။ ရုပ်သံလွှင့်ဌာန ၀န်ထမ်းတွေ လေ့ လာကြည့်ကြပါဦး။

ဆပ်ပြာဓာတုအကြွင်းတွေ  ခန္ဓာကိုယ်နှင့်ထိလို့ရပါသလားဆိုတာလောက်တော့ ရုပ်သံလွှင့်ဌာနမှုးတွေ သိလောက်ပါမည်။

လူငယ်များ သဘာဝပစ္စည်းများကိုသာ သုံးစွဲကြပါရန်နှင့် ရေနံဓာတုလိမ်းဆေး ဆိုးဆေးတွေ အန္တရာယ်ကို သိရှိနိုင်ကြပါစေ။

သဘာဝကိုအခြေခံထားသော  ရေမွှေးများ၊ လိမ်းဆေးများကိုသာ အသုံးပြုကြပါရန် အကြံပြုလိုက်ပါသည်။  ရေနံဓာတု ဓာတ်ကြွင်းများ၊  စားအုံးဆီမှ ဘေးထွက်ဓါတုများနှင့်ပြုလုပ်ထားသမျှသည်  အန္တရာယ်မကင်းပါကြောင်း သတင်းပါးရင်း  မလိုအပ်ဘဲ အန္တရာယ်တွေ မဖိတ် ခေါ်မိကြပါစေနှင့်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts