Business Directory Yan Naung (Bo Ta Htaung) သတင်းပဒေသာ

မသန်စွမ်းသူမျက်မမြင် အနှိပ်ခန်းမ ဖွင့်လှစ်

မသန်စွမ်းသူမျက်မမြင် အနှိပ်ခန်းမ ဖွင့်လှစ်
ရန်နောင်(ဗိုလ်တထောင်)၊ ဇွန် ၂၇၊ ၂၀၁၄

မျက်မမြင်များ၏ အကြောပြင် အနှိပ်ခန်းမ ကို ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ၊အရှေ့ရန်ကင်း ၊ရန်ကင်းလမ်းသွယ် (၁) ၊(၁)ရပ်ကွက် ၊အခန်း(၂)တိုက်(၃၇) တွင် အသစ်ထပ်မံ ဖွင့်လှစ်လိုက်ပါသည်။

အမျိုးသား၊ အမျိုးသမီးသီးသန့်အနှိပ်ခံနိုင်ပြီးနေ့စဉ် နံနက် (၉)နာရီမှ ည(၁၀) နာရီအထိ ဖွင့်လှစ်ထားပါသည်။ခေါင်းကိုက်၊ပခုံးနာ၊ ဇက်ကြောတက်၊ ဒူးနာ၊ တစ်ကိုယ်လုံးညောင်းညာ၊ ခါးနာ ၊ကျီးပေါင်း ၊လေဖြတ်ဝေဒနာ၊ အလုပ်ပင်ပန်းသောဒဏ်၊ စိတ်ဖိစီးမှု ၊ခြေဖဝါးနာ၊ လက်ပြင်ကြောညှပ် အစရှိသောရောဂါများကို ကုစားပေးနေပါသည်။ (၄၅)မိနစ်တကြိမ် ကုသလျှင် ၃၅၀၀ကျပ်၊(၆၀)မိနစ်တကြိမ်ကုသလျှင် ၄၀၀၀ကျပ်၊ (၉၀ )မိနစ်လျှင် ၆၀၀၀ကျပ်  ကျသင့်ပြီး အိမ်တိုင်ရာရောက် ဆေးကုသမှုခံယူလိုပါလျှင် တစ်ကြိမ်မိနစ်(၆၀)လျှင် အနီး၆၀၀၀ကျပ်နှင့် အဝေး ၁၂၀၀၀ ကျပ်ကျသင့်မည်ဖြစ်သည်။

မသန်စွမ်းသူ မျက်မမြင်များအား အလုပ်အကိုင် အခွင့်အလမ်းရစေရန် ဂျပန်မြန်မာပူးပေါင်းမှုဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts