သတင်းပဒေသာ

မိုးမခသတင်းထောက် – ဖိလစ်ပိုင်လွှတ်တော်အမတ် စီမံကိန်းများမှ ဒေါ်လာသန်း၂၀၀ ကျော် လာဘ်စားမှုနဲ့ ဖမ်းလိုက်ပြီ


ဖိလစ်ပိုင်လွှတ်တော်အမတ် စီမံကိန်းများမှ ဒေါ်လာသန်း၂၀၀ ကျော် လာဘ်စားမှုနဲ့ ဖမ်းလိုက်ပြီ
မိုးမခသတင်းထောက်
ဇွန် ၂၃၊ ၂၀၁၄

 

 

Senator Ramon Revilla (၄၇နှစ်) ကို အလွန်ကြီးမားတဲ့လာဘ်စားမှုနဲ့ ဖမ်းလိုက်ပါပြီ။ သူ့ရဲ့အဖေါ်၂ယောက်လဲ ဖမ်းဖို့ရှာနေပါတယ်။ နိုင်ငံတော်စီမံကိန်းများအတွက် ချပေးတဲ့ ဘတ်ဂျတ်ငွေများထဲက စုစုပေါင်း ဒေါ်လာသန်း၂၀၀ကျော် သူလာဘ်စားလိုက်တယ်လို့ ဆိုပါတယ်။ Rammon Revilla ကတော့ ခပ်အေးအေးနဲ့ လက်မထောင်ပြီး ပြန်ထွက်လာမယ်လို့ သတင်းထောင်တွေကို ပြောသွားပါတယ်။

အသက်၉၀အရွယ် လွှတ်တော်အမတ်Juan Ponce Enrile, ဆိုသူကိုလဲ ဖမ်းဆီးဖို့ရှိပါတယ်။ သူဟာ မားကို့စ်လက်ထက်ကတည်းက အထက်လွှတ်တော်အမတ်ရာထူး ဆက်တိုက်အရွေးခံရတဲ့

Jose “Jinggoy” Estrada ဆိုတဲ့ အထက်လွှတ်တော်အမတ်လည်း ဖမ်းဖို့စာရင်းဝင်နေပါတယ်။ သူက ယခင် လာဘ်စားမှုနဲ့ သေဒဏ်ချ မှတ်ခံရတဲ့ သမ္မတဟောင်း Estrada ရဲ့ သားဖြစ်ပါတယ်။ သေဒဏ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်လို့ မသေရှာပါဘူး။ အဖေတူ၊ သားဖြစ်ပါတယ်။

လာဘ်စားမှုနဲ့ နာမည်ကျော်သူများထဲက ဖမ်းဆီးဖို့စာရင်းဝင် ၃ဦးဖြစ်ပါတယ်။

လာဘ်စားမှုကြီးများကို အစပျိုးထောင်ပေးခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး ဖာဒီနန်မားကို့စ် လက်ထက်ကတည်းက အကြီးစားလာဘ်စားမှုများ ထိန်းမရဖြစ်ခဲ့ရပါတယ်။ ဖာဒီနန်မားကို့စ်ကို လူထုအားနဲ့ ဖြုတ်ချပြီး အမျိုးသမီးသမ္မတ အာကွီနို ၅နှစ်သက်တမ်းမှာ လာဘ်စားမှုနဲ့ လယ်မြေပိုင်ဆိုင်မှုများကို ပြုပြင်ပြောင်းလဲဖို့လုပ်ခဲ့ပေမဲ့ နဲနဲပဲလုပ်နိုင်ခဲ့ပါတယ်။ နောက်ထပ် သမ္မတ ၄ ဆက်အုပ်ချုပ်ပြီးတဲ့နောက် လာဘ် စားမှုတွေဟာ သမ္မတနဲ့အပေါင်းပါနားက မပျောက်နိုင်ဘူးဖြစ်နေပါတယ်။ ဆင်းသွားတဲ့သမ္မတတိုင်း လာဘ်စားမှုနဲ့ အရေးယူခံရပါတယ်။ အရှေ့တောင်အာရှမှ မြန်မာပြီးရင် လာဘ်စားမှုအမြင့်ဆုံးနိုင်ငံလို့ သတ်မှတ်ထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးကာလမှာ အာရှတိုက်၊ ဂျပန်ပြီးရင် ဒုတိယအချမ်းသာဆုံးဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း စစ်ဗိုလ်ချုပ်ဟောင်း သမ္မတမားကို့ အာဏာရှင်အနှစ်၂၀ကျော် အုပ်ချုပ်ပြီးတဲ့နောက်ပိုင်း အာရှတိုက်တင်မက၊ အရှေ့တောင်အာရှမှာတောင် ဆင်းရဲတဲ့နိုင် ငံဖြစ်သွားပါတယ်။ လက်ရှိ ပြုပြင်ပြောင်းလဲလာတဲ့ ဗီယက်နမ်ကွန်မြူနစ်နိုင်ငံက တစ်ဦးချင်းဝင်ငွေမှာ ဖိလစ်ပိုင်ထက် သာသွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံထက်တော့ ၂ဆလောက် တစ်ဦးချင်းဝင်ငွေ မြင့်တယ်ဆိုပေမဲ့ ဖိလစ်ပိုင်လယ်သမားများဘဝဟာ မြန်မာလယ်သမားများဘဝလိုပဲ ဆင်းရဲနေမြဲလို့ဆိုပါတယ်။ ယခုအခါမှာတော့ ဖိလစ်ပိုင်နိုင်ငံဟာ လူဦးရေ သန်း၁၀၀ ရှိပြီး၊ ပြည်တွင်းမှာ ချမ်းသားသူများက အရမ်းချမ်း သာပြီး၊ အလုပ်သမားလစာငွေနည်းပါးလွန်းလို့ ၁၃သန်းဟာ ပြည်ပမှာအလုပ်လုပ်နေပါတယ်။ နိုင်ငံတကာမှာ ဖိလစ်ပိုင်အိမ်ဖေါ် ကအစ အင်ဂျင်နီယာ၊ ပညာရှင်များအထိ သွားရောက်လုပ်ကိုင်ကြရပါတယ်။

အခု လက်ရှိ သမ္မတအာကွီနို ဟာ ဟိုးအရင်က သန့်ရှင်းတဲ့အမျိုးသမီးသမ္မတ အာကွီနိုရဲ့ သားဖြစ်ပါတယ်။ လာဘ်စားမှုများကို ထိရောက်စွာ အရေးယူနေပြီး အခုလို နာမည်ကြီးနေသူများကို ဖမ်းဆီးခြင်းဖြစ်ပါတယ်။ သူ့အရင်သမ္မတဟောင်း အာရိုယိုကိုတောင် လာဘ်စားမှုနဲ့ အောင်မြင်စွာ တရားစွဲ၊ အရေးယူနိုင်ခဲ့သူဖြစ်ပါတယ်။ မနှစ်ကလည်း အမျိုးသမီး လုပ်ငန်းရှင် Janet Lim-Napoles ဆိုသူကို ဖမ်းဆီး၊ အရေးယူ၊ ထောင်ချနိုင်ခဲ့ပါတယ်။  အခု ဒီသုံးဦးကိုလည်း အောင်မြင်စွာ ဖမ်းဆီးအရေးယူ၊ အပြစ်ဒဏ်ချမယ်လို့ တရားရေးဌာနက Leila de Lima ကပြောပါတယ်။ နောက်ထပ်လည်း နိုင်ငံရေးသမားတွေ တော်တော်များများ လာဘ်စားမှုနဲ့ အရေးယူဖို့ရှိသေးတယ်လို့လဲ ပြောပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts