Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ၂၀၁၄ ရဲ့ သိန်း ၁၀၀ တန် အလှမယ်

၂၀၁၄ ရဲ့ သိန်း ၁၀၀ တန် အလှမယ်
ရန်နောင် (ဗိုလ်တထောင်)
ဇွန် ၂၁၊ ၂၀၁၄

 

 

Miss International 2014  ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရမည့် Miss Myanmar International 2014 ဆုရရှိသူကို ယမန်နှစ်က  သိန်း ၃၀ သာချီးမြှင့်ခဲ့သော်လည်း ယခုနှစ်တွင် သိန်း ၁၀၀ ထိ တိုးမြှင့်ချီးမြှင့်မည်ဟု  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဖြိုးဝေရာဇာက  ရန်ကုန်မြို့ စင်ထရယ်ဟိုတယ် ၌ ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲဝင်များအား စခန်းသွင်းပြီး မော်ဒယ်လ် တင်မိုးလွင်မှ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ရွေးချယ်လေ့ကျင့်ပေးမှုနဲ့ပတ်သက်ပြီး …”မမိုးတို့က အချိန်သိပ်မရပါဘူး။ လျှောက်လွှာတင်ရမယ့်ရက်နဲ့ ရွေးချယ်ပြီးလေ့ကျင့်ရမှာနဲ့ ခြောက်ပတ်လောက် သာရှိပါတယ်။ ဒါပေမယ့် နဂိုကတည်းက စံမှီတဲ့သူတွေရွေးထားတာကလည်းရှိတော့ နည်းနည်းတော့ အားရှိတာပေါ့။ အရင်ကတည်းက အရပ် ငါးပေဆယ်လက်မရှိတဲ့ ယောက်ျားလေး၊ အရပ်ငါးပေ လေးလက်မကျော်တဲ့ မိန်းကလေးတွေကို စကော်လာပေးပြီး လေ့ကျင့်ပေး ခဲ့တာပါ” လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ ဒေါ်တင်မာမြင့်ကလည်း ယခုပြိုင်ပွဲမှာပါဝင်တဲ့အလှမယ်တွေအနေနဲ့ ကမ္ဘာ့ခရီးသွားပြပွဲတွေမှာ မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်တွေအဖြစ်လည်း ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

အစိုးရအပြောင်းလဲအောက် ၂၀၁၂ မှစ၍ နိုင်ငံတကာအလှယ်မယ်ရွေးပွဲတွေကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တွေ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ယခု ၂၀၁၄ အတွက် အလှမယ်ပြိုင်ပွဲကို သြဂုတ်လ ၁၇ ရက်နေ့မှာ အမျိုးသားကဇာတ်ရုံမှာ ကျင်းပမှာဖြစ်သလို ပထမရရှိသူအနေနဲ့ ကျပ်သိန်း ၁၀၀ ကိုရရှိမှာဖြစ်ပြီး ဒုတိယ သိန်း ၆၀ နဲ့ တတိယ သိန်း ၄၀ တို့ ဖြစ်ပြီး နိုဝင်ဘာလအတွင်း ဂျပန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမယ်လို့လည်း သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts