ဓာတ်ပုံသတင်း

မြန်မာ ရဟန်းတော်များနှင့် ပရိသတ်တို့ နယူးယောက်မြို့ မြန်မာသံရုံးရှေ့ သန္တသုခအကြမ်းဖက်မှု ကန့်ကွက်ဆန္ဒပြ

 

မြန်မာ ရဟန်းတော်များနှင့် ပရိသတ်တို့ နယူးယောက်မြို့ မြန်မာသံရုံးရှေ့ သန္တသုခအကြမ်းဖက်မှု ကန့်ကွက်ဆန္ဒပြ

မိုးမခဓာတ်ပုံသတင်း၊ (ဦးဇ၀န (နိုင်၊ကျဉ်းဟောင်း)) ဖေ့စ်ဘွတ်၊ ဇွန် ၂၁၊ ၂၀၁၄

ဇွန် ၂၀ သောကြာနေ့၊ နေ့ခင်းက မြန်မာပြည်အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ သံရုံးရှေ့တွင် မြန်မာရဟန်းသံဃာများနှင့် လူပရိသတ် ၅၀ကျော် စုဝေးကြပြီး ဇွန်၁၀ရက်နေ့ မြန်မာပြည်၊ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော အာဏာပိုင်အစိုးရ၏ သန္တိသုခကျောင်း အကြမ်းဖက်စီးနင်းမှုနှင့် သံဃာတော်များအား ဖမ်းဆီးလူဝတ်လဲ ထောင်ချမှု အရေးအခင်းအား ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

(အရှင်ဦးဇ၀နနဲ့ စာရေးဆရာ မောင်စွမ်းရည်)

 

 မြန်မာပြည်အချိန် ဇွန် ၂၀ နေ့ခင်း (နယူးယောက် အချိန် ဇွန် ၁၉ ညခင်း) ကတည်းက ရန်ကုန်မြို့ တာမွေတရားရုံးက ဖမ်းဆီးခံ သံဃာ ၅ ပါးကို အာမခံဖြင့် လွှတ်ပေးခြင်း၊ တရားရုံးချိန်း ထပ်မံချိန်းဆိုခြင်းတို့ ဖြစ်ပွားခဲ့သော်လည်း နိုင်ငံတကာရောက် မြန်မာတို့က သန္တိသုခအကြမ်းဖက်မှုကို တရားသဖြင့် အရေးယူဖြေရှင်းပေးရန် ဆက်လက်တောင်းဆို ဆန္ဒပြလျက်ရှိသည်။

(ဆန္ဒပြကန့်ကွက်နေသူ ရဟန်းသံဃာများ၊ ပြည်သူများ)

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts