ဓာတ်ပုံသတင်း

ဖမ်းဆီးခံ သန္တိသုခကျောင်းတိုက် သံဃာများ အာမခံဖြင့် သင်္ကန်းပြန်ဝတ်ရုံကြမည်

ဖမ်းဆီးခံ သန္တိသုခကျောင်းတိုက် သံဃာများ အာမခံဖြင့် သင်္ကန်းပြန်ဝတ်ရုံကြမည်

မိုးမခဓာတ်ပုံသတင်း၊ ဇွန် ၂၁၊ ၂၀၁၄

(ဓာတ်ပုံ – နစ်နေမန်းဖေ့စ်ဘွတ်) 

အင်းစိန်ထောင်ရောက်သွားတဲ့ မဟာသန္တိသုခကျောင်းတိုက် သံဃာ ၅ ပါးကို ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ပါတယ်။ သူတို့ကို ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်မယ်လို့ ကြားသိရကြောင်း အဲဒီကို ရောက်နေတဲ့ မိုးမခ သတင်းထောက် ရန်နောင် (ဗိုလ်တထောင်)က သတင်းပို့ပါတယ်။

ပြန်လွှတ်လာရင် မဟာသန္တိသုခကျောင်းတိုက်နားက သုံးထပ်ကျောင်းမှာ
သင်္ကန်းပြန်ဆည်းကြမယ်လို့ တရားရုံးရှေ့မှာရောက်နေတဲ့ သံဃာတွေက
မိန့်ကြားကြောင်း သတင်းရပါတယ်။

ဓာတ်ပုံ – ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ

မကြာသေးခင်ရက်ပိုင်းအတွင်း
မဟာသန္တိသုခကျောင်းတိုက်ကို အာဏာပိုင်တို့ ၀င်ရောက် စီးနင်းပြီး အဲဒီမှာ
သီတင်းသုံးနေတဲ့ သံဃာတွေကို ခေါ်ဆောင်သွားတာပါ။ အဲဒီထဲက ၅ ပါးကို အင်းစိန်ထောင်ပို့လိုက်တာ ဖြစ်ပါတယ်။

လူအများအံ့သြနေတဲ့ ဒီသတင်းဖြစ်ပေါ်လာပြီး မကြာခင်မှာပဲ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရာထူးက ဖယ်ရှားလိုက်ပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေး၊ နိုင်ငံတ၀န်း မြေသိမ်းမှု အရှုပ်တော်ပုံများ စတဲ့
သတင်းတွေ မှိန်နေတဲ့ကာလမှာ ဒီအမှုက ဆက်လက်ပြီး လူစိတ်ဝင်စားတဲ့သတင်းကြီး
ဖြစ်နေမယ်လို့ အများက ယူဆရပါတယ်။


ဓာတ်ပုံ – အိမွန်ကျော် ဖေ့စ်ဘုတ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဖမ်းဆီးခံ သန္တိသုခကျောင်းတိုက် သံဃာများ အာမခံဖြင့် သင်္ကန်းပြန်ဝတ်ရုံကြမည်
  1. သံဃာ့အား ဘုရားသော်မှမလွန်ဆန်နိုင်ရာဆိုတဲ့မြန်မာစကားပုံရှိပြီး မြတ်စွာဘုရားကိုယ်တော်တိုင် သံဃာထုရဲ့တောင်းဆိုမှုတချို့ကိုလိုက်လျောပြီး ပြင်ပေးခဲ့ရတဲ့သိက္ခာပုဒ်တွေရှိပါတယ်။ မဟန ဆရာတော်ကြီးတွေ သတိပြုတော်မူပါဘုရား။ ဘုန်းကြီးစာချလုပ်တယ်လဲမထင်ကြပါနဲ့အရှင်ဘုရား။

Comments are closed.