ကဗျာ

ဇေမှိုင်း – ရေနှောက်သွားတဲ့ သက္ကရာဇ်တွေ

10431321_627247377372199_7965905904492843399_o

ရေနှောက်သွားတဲ့ သက္ကရာဇ်တွေ

ဇေမှိုင်း၊ ဇွန် ၂၀၊ ၂၀၁၄

 

ပျောက်သွားတာလား

ရှများသွားသလားတော့

ဖြူ မဲ

မသဲကွဲလိုက်ရ

သမီးအမဲမလေးရေ

အဲဒါ ဘ၀တဲ့ကွယ်

မဲ့လိုပဲ

ဟိုကမောင်းထုတ် ဒီကရိုက်ထုတ်

ရလိုက်တဲ့

ရင်ဒဏ်ရာတွေက

ဆူးနဲ့ ခြစ်ခံထားရသလို တဆစ်ဆစ်….။

 

သက္ကရာဇ်တွေ- သက္ကရာဇ်တွေ

ခဏကိုပဲ

ခဏလေးပါလို့မြင်နေတာတောင်

ခဏ ခဏတွေက

ည ညအိပ်ပျော်ဖို့ ခက်….။

 

မနက်ဖန်

တနင်္လာလား

ဘာနေ့ လဲ?

မတွေးရဲ မတွေးချင်တော့ပါ

အနှင်မခံပဲ အနှင်ခံနေ၇တဲ့ဘ၀တွေကြားမှာ…..။

 

(ဇွန် ၂၃ သို့)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts