ကဗျာ

စေပိုင်ထွဋ်(ပုသိမ်) – အခြေအနေအရ

အခြေအနေအရ

စေပိုင်ထွဋ်(ပုသိမ်)၊ ဇွန် ၁၉၊ ၂၀၁၄

 

ရင်ချင်းဆက် အမြွှာတောင် အယူအဆကွဲတဲ့ကမ္ဘာ

မတူတာ အပြစ်မဟုတ် မတူလို့ ရန်ထဖြစ်တာ…

အားစိုက်ပြီး ပစ်တဲ့လှံက ခပ်ဝေးဝေးကို ရောက်မှာပဲ

သူခိုးသာ မရှိရင် သော့ခလောက်လည်း တင်းကျပ်စရာမလို

စာရိတ္တတွေ ဘာဖို့/ ညာဖို့ အာက် ကိုယ်ယောင်ဖျောက်သွားကြ “ကောင်းလား…”

ငမွဲတစ်ကောင်ရဲ့ ဖွင့်ဟ၀န်ခံချက်

အိမ်မက်တွေ အရင်းကြီးလို့ အနားကပ်ခွင့် မရဘူးတဲ့

ဆင်သွားရာ လမ်းဖြစ်ခဲ့ဖူးတယ်…သေလမ်း

အမှန်တရားအတွက် လိုအပ်ရင် အသက်ဓာတ်မီးမြိုက်မယ့်ဓားလည်း မကြောက်နဲ့

ဆောင်ပုဒ်- လူသားစား နွယ်ရှင်ကြီးတွေအား တို့တိုင်းပြည်သို့ အ၀င်မခံရ

ခေတ်က ပတ္တမြားကျောက်စီဓားလား သံချေးတက်ဓားလား မသေချာ

ခင်ဗျားကြီး …

မြေကြီးအကြောင်း နားလည်ချင်ရင် ဆန်ကြမ်းအရင် ကျင့်စားကြည့်

ဘယ့်နှယ့် ကောင်းကင်ချည်းပဲ ကုန်းပိုးတင်နေတာလဲ

အရင်လို စက်ဝိုင်းတွေ လှည့်ပြ/လည်ပြတာ မကြည့်ချင်တော့

တစ်ကိုယ်လုံး ရွေ့သွားမယ့် ကင်းခြေများကောင်ပဲ မျှော်လင့်နေ

သိထား … ကဗျာဆိုတာ ဖျက်ပိုးတွေအတွက် ပိုးသတ်ဆေး

အခြေအနေအရ

ဥပဒေက ဥပဒေပီသမှ လိုက်နာရသူတွေ သာဓုခေါ်မယ် ။        ။

 

(Photo credit – Aung Htet)

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts