Business Directory Yan Naung (Bo Ta Htaung) သတင်းပဒေသာ

STI Myanmar University တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်သူများ BBA, BE, BA ဘွဲ့ကြိုတက်ရောက်နိုင်ပြီ

STI Myanmar University တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်သူများ BBA, BE, BA ဘွဲ့ကြိုတက်ရောက်နိုင်ပြီ
ရန်နောင်(ဗိုလ်တထောင်)၊ ဇွန် ၁၈၊ ၂၀၁၄

STI Myanmar University သည် ကမ္ဘာ့အဆင့်မှီ ပညာရေးကို ပြည်တွင်းရှိကျောင်းသားများ ကုန်ကျစရိတ်သက်သာပြီး အရည်အသွေးပြည့်မှီစွာ ရယူနိုင်ရေးအတွက် ကိုရီးယားနိုင်ငံရှိ Seo Kyeong University (SKU ) နှင့် ပူးပေါင်း၍ Beauty Art နှင့် Engineering ဘွဲ့ကြိုသင်တန်းများကိုလည်းကောင်း၊The Open University of Hong Kong (OUHK ) နှင့် ပူးပေါင်း၍ Bachelor of Business Administration (BBA) ဘွဲ့ကြိုသင်တန်းများကိုလည်းကောင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည် ။

Soe Kyeong တက္ကသိုလ် (SKU ) သည် ဆိုးလ်မြို့တော်ကြီးရှိ ထိပ်တန်းပုဂ္ဂလိက တက္ကသိုလ်များအနက် အထင်ကရ တက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီး ဘွဲ့ကြို၊ဘွဲ့လွန် ကျောင်းသားကျောင်းသူ (၈၀၀၀ )ကျော် တက်ရောက်သင်ကြားလျက်ရှိပါသည် ။ ကိုရီးယား ပညာရေးဝန်ကြီးဌာနကလည်း ဆိုရောင်း တက္ကသိုလ်ကို ကမ္ဘာ့အဆင့်မီ တက္ကသိုလ်အဖြစ် ရွေးချယ်သတ်မှတ်ထားပါသည်။

ယခုအခါ အထက်ပါ ဘွဲ့ကြိုသင်တန်းများကို မြန်မာနိုင်ငံတွင် မိတ်ဖက်အဖြစ် STI Myanmar University တွင် ဖွင့်လှစ်ပါမည် ။ Beauty Art Program သည်  ကမ္ဘာတဝှမ်း အထူးအောင်မြင် ကျော်ကြားလျက်ရှိသော ကိုရီးယားနိုင်ငံ၏ အလှအပခြယ်မှုန်းခြင်းအတတ်ပညာနှင့် အလှအပကုထုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသော သင်တန်းဖြစ်သည်။

အင်ဂျင်နီယာဘွဲ့သင်တန်းများသည် ကမ္ဘာ့အဆင့် အင်ဂျင်နီယာကောင်း တစ်ယောက်အဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ရန်အတွက်  လိုအပ်သည့် အရည်အသွေးနှင့် နည်းပညာများကို သင်ကြားပို့ချပေးပြီး အထူးပြုဘာသာရပ်များကို မိမိဝါသနာအလျောက် ရွေးချယ်တက်ရောက်နိုင်ပါသည် ။

ထို့အပြင် ကမ္ဘာ့အဆင့်မှီ စီမံခန့်ခွဲမှုပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် The Open University of Hong Kong (OUHK)  မှ ချီးမြှင့်မည့် Bachelor of Business Administration (BBA) ဘွဲ့ကြို သင်တန်းကိုလည်းဖွင့်လှစ်မည်ဖြစ်သည် ။ သင်တန်းများကို အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူများ ၊GCE ‘O ‘   Level အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက STI Myanmar University New Campus , Block-10 ,Phase III , MICT Park ,  Hlaing Township ,Hlaing Campus, Yangon , Myanmar  Ph: 01-507048,01-507151 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

One thought on “STI Myanmar University တွင် ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်သူများ BBA, BE, BA ဘွဲ့ကြိုတက်ရောက်နိုင်ပြီ
  1. soe kyeong university က ဘယ်တုံးကကိုရီးယားမှာထိပ်တန်းတက္ကသိုလ်ဖြစ်သွားရတာပါလိမ့်။

Comments are closed.