ကဗျာ

ရဲရင့်သက်ဇွဲ – တဘ၀လုံးပုံပေးခဲ့တယ်

 

တဘ၀လုံးပုံပေးခဲ့တယ်

ရဲရင့်သက်ဇွဲ၊ ဇွန် ၁၇၊ ၂၀၁၄


ဒီအရိပ်အောက်က

လွတ်မြောက်ရေးအတွက်

ဆိုပါတော့ ……

တဘ၀စာ လုံလောက်ပါရဲ့ လား

ဘ၀များစွာ ပေး ဆပ်ချင်သေးရဲ့ 

ဟေ ဟေ့ … ဒီမှာကြည့်ဟေ့

ခါချဉ်ကောင်ကြီး …..

ခါချဉ်ကောင်ကြီး

စစ်အာဏာရှင်လက်အောက်က

လွတ်မြောက်ရေးခရီးမှာ

ရန်သူ့ အလိုကျ မာန် ကတော့ ကြီးပြနေတယ်

ဒါပေမယ့် နဂိုမူလ ဘ၀ကိုက ခါးမသန်တာလား

စစ်တပ်အလိုကျ ခါးမသန်ပြနေကြတာလား

မြင်ရ ကြားရ ချက်များ မသက်သာ ……

ဘာတွေကို  ဘာတွေနဲ့ 

အစားထိုးကြမလဲ ….မိတ်ဆွေ

နေညိုနေပေမယ့်လည်း မနေသာ

အမေအိုခမျာ ….

ပြင်ဆင်ရေးအလံတော်ကို

ယုံကြည်မှု ခိုင်မာစွာနဲ့ 

အမြင့်ဆုံးကို လွှင့်ထူလိုက်ပြီ …..

 

ဒီနေ့ ဆိုတာရော ငါတို့ 

အသေအချာပိုင်ရဲ့ လား

မနက်ဖြန် ဘာတွေဖြစ်မလဲ

ဘယ်သူမှ မသိနိုင်

ကနေ့ 

ပြုမူ ပြောဆိုလုပ်ကိုင်သမျှ   

နောက်တနေ့ မှာ ပြင်မရတဲ့သမိုင်း

ရာဇ၀င်ရိုင်းသွားနိုင်တယ်

သတိ တမန် ညာဏ်မြေကတုတ်

စိတ်ဆင်ရိုင်းကို ချွန်းနဲ့အုပ်…

ခေတ်သစ်မှာ

မျိုးဆက်သစ်တွေရဲ့  အနာဂတ်

စစ်ကျွန်အဖြစ် နွံမနစ်စေဘို့           

ငါတို့ ရဲ့ သတ္တိနဲ့  အမှန်တရားဟာ

အမေအိုနဲ့ တသားတည်းဖြစ်ပါစေ…….

တဘ၀လုံး ပုံပေးခဲ့တယ်

—— ——– ——- —–    

—— ——– ——- —–                                                                                                                                        

ဆိုပါတော့ …….

 

(သရုပ်ဖော် – ပန်းချီသန်းဌေးမောင်၊ သူ့ဖေစ်ဘွတ်စာမျက်နှာက ယူပါတယ်)

                       

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts