Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

City FM 12th Anniversary “ ကမ္ဘာတည်သရွေ့ ” Audio CD +DVD ထွက်ရှိခြင်းအကြို စာနယ်ဇင်းပွဲကျင်းပ

 

City FM 12th Anniversary “ ကမ္ဘာတည်သရွေ့ ” Audio CD +DVD  ထွက်ရှိခြင်းအကြို စာနယ်ဇင်းပွဲကျင်းပ
ရန်နောင်(ဗိုလ်တထောင်)၊ ဇွန် ၁၃၊ ၂၀၁၄

City FM 12 နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘာတည်သရွေ့ တေးစီးရီး စီဒီနှင့် ဒီဗွီဒီ ထွက်ရှိခြင်းအကြိုမိတ်ဆက် အခမ်းအနားကို   ရန်ကုန်မြို့ ပန်းပဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ  စင်ထရယ်ဟိုတယ်၌  ၂၀၁၄ ခုနှစ် ဇွန်လ ၁၀ ရက်နေ့လည် ၃ နာရီ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

City FM မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးကြည်မင်းသိန်းမှ အမှတ်တရ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ဒီစီးရီးခွေဖြစ်မြောက်အောင်ပံ့ပိုးကူညီပေးသူအားလုံးကိုကျေးဇူးတင်ကြောင်းနှင့်  အစစအရာရာ ခေါင်းစားပေးသော ကိုနိုင်ဇော်အားအထူးပင်ကျေးဇူးတင်ရှိကြောင်း အစရှိသည်ဖြင့် ပြောကြားခဲ့သည်။

တေးစီးရီးထုတ်လုပ်မှုအပိုင်းနှင့်ပတ်သက်၍ ဦးဇော်လွင်မှ ပြောကြားရာတွင် တေးစီးရီးကို တရားဝင် ဇွန်လ ၁၂ရက်နေ့မှသာဖြန့်ချိမည်ဖြစ်ကြောင်းနှင့် တေးစီးရီးပရိုမိုးရှင်းပွဲကို  တော်ဝင်စင်တာ တွင် ဇွန်လ ၁၄ ရက်နေ့၌ ပြုလုပ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည် ။

ထို့နောက် Lazy Club Band မှ ကိုနိုင်ဇော်မှ အနုပညာပိုင်းဆိုင်ရာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး စာနယ်ဇင်းများကိုယ်စား အလင်းတန်းဂျာနယ် အယ်ဒီတာ ဦးလင်းနိုင်ဦးမှ မုဒိတာ စကားပြောကြားပေးခဲ့ကာ တေးသံရှင် ဂျက်ဆန်ထွန်း နှင့်အိမ့်ချစ်တို့မှ  ကျေးဇူးတင်စကား ပြောကြားပေးပြီး တေးစီးရီးမိတ်ဆက်ပွဲအား အောင်မြင်စွာ ရုတ်သိမ်းလိုက်ပါသည် ။

အဆိုပါတေးစီးရီးတွင် Rဇာနည် ၊Lလွန်းဝါ ၊ ထက်နေကြည်၊ ကျော်သီဟ ၊ ဖြိုးပြည့်စုံ၊ ထက်အောင်၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ ဝိုင်းစုခိုင်သိန်း၊ နီနီခင်ဇော်၊ အိမ့်ချစ်၊ မို့မို့လွင်၊ ခင်စုစုနိုင်၊ မိစန္ဒီ၊ အိုင်းရင်းဇင်မာမြင့် ၊ ဗန်းဘော့ကျင်း၊ နန်းထက်ထက်သူ၊ ဇိုင်းလေး တို့ ပါဝင်သီဆိုထားကြသည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts