Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

Miss Universe Myanmar 2014 ပြိုင်ပွဲ အမျိုးသားဇာတ်ရုံ၌ ရှေ့လ ကျင်းပမည်

 

Miss Universe Myanmar 2014 ပြိုင်ပွဲ အမျိုးသားဇာတ်ရုံ၌ ရှေ့လ ကျင်းပမည်
ရန်နောင်(ဗိုလ်တထောင်)၊ ဇွန် ၁၃၊ ၂၀၁၄

Miss Universe Myanmar 2014 ပြိုင်ပွဲအစီအစဉ်များနှင့် ပတ်သက်၍ စာနယ်ဇင်းရှင်းလင်းပွဲကို ရန်ကုန်မြို့ ကန်တော်ကြီးရှိ ကရဝိတ်နန်းတော် ဥတ္တရဆောင်၌ ၂၀၁၄ခုနှစ် ဇွန်လ (၁၀ )ရက်နေ့လည် (၁)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။

Miss Universe Myanmar 2014  ပြိုင်ပွဲဝင်လျှောက်လွှာများမှ ဇွန်လ ၄ရက်နေ့တွင် မြန်မာလေညှင်းရုံးခန်း၌ လူတွေ့စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဆန်ခါတင်အလှမယ် အယောက်(၂၀ )ကို ရွေးချယ်ခဲ့ပါသည်။ အကဲဖြတ်ဒိုင်များအဖြစ် ဒေါ်အယ်လ်ခွန်းရီ၊ ဒေါ်အိသန္တာကျော်၊ ဒေါ်ကလျာပြည့်ဝေသျှန်၊ ဒေါ်ထွန်းသီတာဦး ၊ ဦးတင်ဇာနည်မောင် တို့မှ ဆောင်ရွက်ခဲ့ပြီး ဆန်ခါတင်ရွေးချယ်ခံရသည့် အလှမယ် (၂၀) ဦးမှာ ခြူးနဒီခင်၊ ရွှေစင်ကိုကို၊ ပိုးအိဖြူစင်၊ ဆွိတီကို၊ စုနန္ဒာအောင်၊ ဇွန်သံစဉ်၊ ခိုင်မီမီဇော်၊ သော်ရီကျော်၊ Queenie၊ လင်းလက်ဝင့် ၊ ယွန်းရတီ၊ J Naw ၊ ပိုးကြာဖြူ ၊ ဇူဇူမြင့်လွင်၊ ဆုမြတ်နိုးကျော်၊ ယွန်းမှီမှီကျော် ၊ ဟေဇယ်ညီညီထွန်း၊ သျှားထွဋ်အိန္ဒြာ၊ မေဇင်မာကို၊ အိမ့််မြတ်နိုး တို့ဖြစ်ကြသည်။

ပြိုင်ပွဲတွင် စကာတင်ရွေးချယ်ခံရသူ ခါးနံပါတ်(၄ ) ဆွီတီကိုအားမေးမြန်းခဲ့ရာတွင် ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ပါသည် ။

“ညီမက မနှစ်ကတည်းက လျှောက်လွှာတင်ပါသေးတယ်၊အသက် ၁၈နှစ်မပြည့်သေးတော့ တင်လို့မရခဲ့လို့ ဒီနှစ်ဝင်ပြိုင်တာပါ၊ ညီမတို့ကို လူမှုရေးလုပ်ငန်းတွေအနေနဲ့ ကချင်ပြည်နယ်သို့ သွားရောက်ခြင်း၊ ပံ့ပိုးကူညီသည့် Sponsor Company များသို့ သွားရောက်လည်ပတ်ခြင်းများကို ဇွန်လအတွင်း ပြုလုပ်သွားမှာပါ၊ နောက် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေကို ရှေ့လထဲမှာ သွားပြီး ပြိုင်ပွဲအကြို လေ့ကျင့်မှုတွေကိုပြုလုပ်သွားမှာပါ၊ ညီမတို့ကို စခန်းသွင်းပြီးလေ့ကျငိ့တာပေါ့နော်” ဟု ဖြေကြားခဲ့ပါသည်။

ယခုနှစ်တွင် Miss Universe Mobile Application  ကိုလည်း free download လုပ်၍အသုံးပြုနိုင်ပြီး ဖေ့ဘွတ်သုံးစွဲသူများအတွက်လည်း ထူးခြားဆန်းသစ်သော အစီအစဉ်များကိုထည့်သွင်းထားခြင်းများကိုလည်း ထူးခြးမှုအနေဖြင့် တွေ့မြင်ရမည်ဖြစ်သည် ။

ပေးအပ်မည့်ဆုကြေးငွေများမှာ Miss Universe Myanmar 2014 အတွက် ကျပ်သိန်း၁၀၀ ၊1st Runner Up သိန်း၅၀ ၊2nd  Runner Up အတွက်  ၂၅ သိန်း ၊ အခြားသော Title Awards ဆုများအတွက် တဆုလျှင် ၁၀ သိန်းစီ ချီးမြှင့်မည်ဖြစ်ပါသည် ။  Miss Universe Myanmar 2014 ပြိုင်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts