Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

စာရေးသူများ၏ ရသစာပေ စာဖတ်ဝိုင်း (၂၁ )ကြိမ်မြောက်ကျင်းပပြုလုပ်

 

စာရေးသူများ၏ ရသစာပေ စာဖတ်ဝိုင်း (၂၁ )ကြိမ်မြောက်ကျင်းပပြုလုပ်
ရန်နောင်(ဗိုလ်တထောင်)၊ ဇွန် ၁၀၊ ၂၀၁၄

(မာန်(တောင်လုံးပြန် စာဖတ်နေစဉ်)

စာရေးဆရာများ၏ ရသစာပေ  စာဖတ်ဝိုင်းကို  တပတ်ခြားတခါ တနင်္ဂနွေနေ့တိုင်း ပြုလုပ်လျှက်ရှိရာ ယခုတပတ် တနင်္ဂနွေ နေ့ ၊ ၂၀၁၄ ခုနှစ် ဇွန်လ  (၈ ) ရက်နေ့က (၂၁ )ကြိမ်မြောက် အဖြစ် ရန်ကုန်ဘူတာကြီး ရှိ Lucky Flower လ္ဘက်ရည်ဆိုင်တွင်  ကျင်းပခဲ့သည်။

ထိုနေ့ ကျင်းပသော စာဖတ်ဝိုင်းတွင် ဆရာမဖြူစင်ဝင်း၊ဆရာမ စံပယ်ဖြူနု၊ ကြယ်စင်မိုးအေးပရဟိတ အဖွဲ့မှ  လေးသူကောင်း၊ ဆရာဆာသော်ဒိုး ၊ဆရာမ မိဇုစံ ၊ ဆရာ မာန် (တောင်လုံးပြန် ) တို့က ဝတ္တုတို၊ရှည်များကို ဖတ်ကြားခဲ့ကြပါသည် ။

ခိုင်ကျည်တဲ့စိတ် ၊ပဲ့ပြင်နိုင်တဲ့ ဥာဏ်၊သိမ်မွေ့စေတဲ့ နှလုံးသား ၊အဲဒါတွေအားလုံး စာဖတ်ခြင်းမှရနိုင်ပါတယ် ။ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ စာပေ၏ ကျေးဇူးကို အများပြည်သူသိရှိနိုင်စေရန် ယခုကဲ့သို့ စာပေကို အများရောက်တဲ့ လ္ဘက်ရည်ဆိုင်မှာဖတ်ရခြင်းဖြစ်ပါတယ် ဟု စာဖတိဝိုင်းစီစဉ်သူ တစ်ဦးမှပြောကြားခဲ့သည် ။

(ဆာသော်ဒိုး)

နောက်တပတ်ခြား ဇွန်လ (၂၂ )ရက် (၂၂ )ကြိမ်မြောက်တွင် ဝါဝါထင်လင်း ၊ ကိုကံညို (ထူးကြီး ) ၊ယုယ ၊မကြည်ပြာ (သင်္ချာ ) တို့က စာပေများဖတ်ကြားကြမည်ဖြစ်သည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts