မေ ၂၅၊ ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်းတလပြည့် သာဓုကျောင်းတိုက်မှာ ကျင်းပ
ဟန်သစ်နိုင်၊ မေ ၂၈၊ ၂၀၁၄
မေလ ၂၅ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာ၊ စာရေးဆရာကြီး ဦိးဝင်းတင်ကွယ်လွန်ခြင်း တစ်လပြည့်ကို ကြည့်မြင်တိုင်မြို့နယ် NLD ရပ်/ကျေးများနှင့် စိတ်ပါဝင်စားသော ပြည်သူများစုပေါင်းပြီး
ကုသိုလ်ပြု ကြရာ၊ သာဓုကျောင်းတိုက် အောင်သုခဓမ္မာရုံ တွင် နံနက်ပိုင်း မုန့်ဟင်းခါးကျွေးသည်။ နေ့လည်ပိုင်းတွင် သံဃာတော်( ၈၅)ပါးကို နေ့ဆွမ်းဆက်ကပ်ပြီး သင်္ကန်း (၈၅)စုံကိုလှူဒါန်းခဲ့သည်။
ကုသိုလ်ပြု ကြရာ၊ သာဓုကျောင်းတိုက် အောင်သုခဓမ္မာရုံ တွင် နံနက်ပိုင်း မုန့်ဟင်းခါးကျွေးသည်။ နေ့လည်ပိုင်းတွင် သံဃာတော်( ၈၅)ပါးကို နေ့ဆွမ်းဆက်ကပ်ပြီး သင်္ကန်း (၈၅)စုံကိုလှူဒါန်းခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ် အလုပ်မှုဆောင်ကော်မတီအဖွဲ့ဝင် ဦးအောင်နိုင်က “ဘဘဦးဝင်တင်က မှန်တာကို ပြောရဲတဲ့သတိရှိတယ်၊ အဲဒီအတွက် ဂုဏ်ပြုသောအားဖြင့် ဒီပွဲလေးလုပ်ဖြစ်တာပါ” ဟုပြောသည်။
ရပ်ကွက်အလုပ်မှုဆောင် ဥက္ကဌ ဦးထွန်းမြင့်က “ ဒီမိုကရေစီသွားတဲ့လမ်းကြောင်းမှာ ဘဘဦးဝင်းတင်ဟာ သံမဏိသူရဲကောင်းဖြစ်တယ်၊ မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်ဖြစ်တဲ့အတွက် အသိမှတ်ပြုသောအားဖြင့် ဘဘသက်စေ့သင်္ကန်းလှူ ဆွမ်းကပ်ခဲ့တာပါ” ဟုပြောသည်။
မိုးမခမီဒီယာအဖွဲ့သားများကလည်း တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ၎င်းတို့၏ မေလထုတ် ဦးဝင်းတင်ကွယ်လွန်ခြင်း အထိမ်းအမှတ် မိုးမခမဂ္ဂဇင်းကို မေတ္တာလက်ဆောင်ပေးအပ်ခဲ့ကြသည်။