ဆောင်းလူ

ဆောင်းလူ – စိတ်

စိတ်
ဆောင်းလူ
ဖေဖော်ဝါရီ ၇၊ ၂၀၁၄
 
 

ဘယ်သူမှ ဖွင့်ဟမပြောပေမယ့် …
လူတယောက်က …လူတယောက်ကို ယုံကြည်ဖို့ ခက်ခဲပါတယ် …။
ယုံကြည်ဖို့ ခက်ခဲတဲ့အထဲမှာကလည်း ထိပ်တန်းကလပ်ပါပဲ …။
အသိညဏ်ရှိလို့ …ယုံကြည်ရ ပိုခက်ခဲပါတယ် …။
အသိညဏ်မဲ့လို့ …. ယုံကြည်ရ ပိုခက်ခဲလာပါတယ် …။

ဟန်ဆောင်မှုမျက်နှာဖုံးတွေ ကိုယ်စီကိုယ်ငှ တပ်ထားတဲ့ မြို့ထဲမှာမှ … အယုံအကြည်မဲ့ လမ်းလျှောက်နေမိတာပါ။ နှုတ်တိုက်ချနေတဲ့ ယုံ ကြည်ခြင်း … ယုံကြည်ခြင်း …ဒီ ..ယုံကြည်ခြင်း ….

ရှာဖွေနေတဲ့ ယုံကြည်ခြင်းဟာ …မြို့ပြညရဲ့ … လမ်းစွန် လမ်းထောင့်မှာ မီးပွိုင့်နဲ့စကားပြောနေတာ တွေ့ခဲ့တယ် …။

မျဉ်းဝါတွေ …
မျဉ်းနီတွေ ….
ပေါင်းလိုက်သမျှမှာ …. အကုန် …ကြားကုန်တော့မှပဲ …

ဝါ …နီ ..စိမ်း …တွေလည်း …ဖြိုးကနဲ ..ဖြတ်ကနဲ … ဖြတ်လမ်းဆီ လိုက်နေကြတယ် …။

မနေ့က ပြုံးပြသွားတာလည်း … သူတို့ ..
ဒီနေ့ ..မဲ့ပြသွားတာလည်း သူတို့ …

လမ်းတလျှောက်မှာ … မြစ်ကြောင်းတကြောင်း စီးဆင်းနေတယ် …
ချောင်းပေါက်မတတ် …မြောင်းပေါက်မတတ် ….
ဒါပေမယ့် ….

သိမ့်သိမ့် …
ငြိမ့်ငြိမ့် ….

တွေ့ဖူးသလား …ခဏ ခဏ မမေးစမ်းပါနဲ့ဗျာ …
ခင်ဗျားစိတ်တိုင်းကျ ထွက်ကျလာတဲ့ စိတ်အတိုင်းဆိုရင် …
ခက်ပြီ …
မယုံ မရှိပါနဲ့ ……
တွေ့တိုင်း ပြုံးမပြတတ်တဲ့ ကျနော့်မှာ .. မိတ်ဆွေရှားပါတယ် ….

ဖေဖော်ဝါရီ ၇၊ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts