Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အနုပညာရှင်တွေ လက်မှတ်ထိုး

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အနုပညာရှင်တွေ လက်မှတ်ထိုး
ရန်နောင် (ဗိုလ်တထောင်)
မေ ၂၄၊ ၂၀၁၄

မေလ ၂၃ ရက်နေ့ ည (၇) နာရီခန့်က ဗဟန်းမြို့နယ်ရှိ၊ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အနုပညာရှင် ညီအကိုမောင်နှမများမှလည်း တတပ်တအား ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
 
အဆိုပါ လက်မှတ်ရေးထိုးပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်းပြီး ရွှေသံစဉ်တေးဂီမှ ကိုဝင်းမော်ကို မေးမြန်းခဲ့ရာမှာတော့ “ဒါက အဆိုတော့ သျှီ စီစဉ်တာပါ။ သူကနေ အနုပညာသမားတွေကို ၄၃၆ ကိုပြင်ဖို့ လက်မှတ်ထိုးမယ်။ လာခဲ့ဖို့ဆိုတော့ ကိုယ်တိုင်ရော၊ နီးစပ်ရာအဆိုတော်တွေကို ပါ ခေါ်ပြီးလာခဲ့တာပါ” ဟု ဖြေကြားခဲ့ပါတယ်။

အဆိုတော်သျှီအား မေးမြန်းကြည့်တဲ့အခါမှာ “သျှီက organized လုပ်တာမှန်ပါတယ်။ ဗိုလ်စိန်မှန်ကွင်းမှာ မကြည်ဖြူ၊ ကိုဝိုင်းတို့နဲ့ဆုံပြီး အနုပညာသမားတွေက မအားတဲ့သူတွေများတော့ သူတို့ရဲ့လက်မှတ်တွေကို စုဆောင်းပြီး တခါတည်းအလုပ်ဖြစ်အောင် စီစဉ်ပေးဖြစ်တာပါ”  ဟု ဖြေကြားခဲ့ပါတယ်။

လက်မှတ်များကို ဇူလိုင် ၁၉ ရက်နေ့ နောက်ဆုံးထားပြီး တင်ကြမှာပါ။

“အနုပညာရှင်တွေအတွက် ကျွန်မတို့က သီးသန့်စီစဉ်ပေးတာပါ။ အခုတော့ ဂီတ နဲ့ ရုပ်ရှင်ပဲပေါ့။ သဘင်ကတော့ မပါသေးဘူး။ မနက် ကတော့ ဖိုးချစ်ကတော့ နယ်ရောက်နေလို့ မလာနိုင်ဘူး အကြောင်းပြန်တယ်လေ” ဟု ဒါရိုက်တာ ကြည်ဖြူသျှင်ကလည်း ပြောကြား ခဲ့ပါတယ်။

အဆိုပါ လက်မှတ်ရေးထိုးပွဲတွင် လူမင်း၊ မင်းထင်ကိုကိုကြီး၊ ချစ်သုဝေ၊ ဝိုင်း၊ သျှီ ၊ အနဂ္ဂ၊ သံသာဝင်း၊ ဝင်းမော်၊ ဗေလုဝ အစရှိသော အနု ပညာရှင်မောင်နှမများက လက်မှတ်ရေးထိုးထားသည်ကိုလည်း တွေ့ခဲ့ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts